လက်ပတွန်

ဝီကီပီးဒီးယား မှ
Lepton
Leptons are involved in several processes such as beta decay.
ပါဝင်မှုအခြေခံအမှုန်
စာရင်းဝင်ဖာမီယွန်
မျိုးဆက်1st, 2nd, 3rd
အတွင်းစည်းလျှပ်စစ်သံလိုက်, ဒြပ်ဆွဲအား, အားပျော့
သင်္ကေတ

ဆန့်ကျင်ဘက်အမှုန်Antilepton (

)
အမျိုးအစား၆ (အီလက်ထရွန်, အီလက်ထရွန် နယူထရီနို, မျူယွန်, မျူယွန် နယူထရီနို, tau, tau neutrino)
လျှပ်စစ်+1 e, 0 e, −1 e
Color chargeNo
စပင်12

လက်ပ်တွန်သည် ကိန်းပြည့်ဝက်စပင် ရှိသော အခြေခံအမှုန်အမျိုးအစားဖြစ်ပြီး နျူကလီးယား အပြင်းစက်၏ သက်ရောက်မှု မခံရသော ဖှာမီယွန်များ ဖြစ်သည်။[၁] အကြောင်းမှာ ကွာ့ခ် များရှိသကဲ့သို့ အရောင်ဓာတ် မရှိသောကြောင့်။ သို့ဖြင့် အခြေခံ သက်ရောက်မှုကြီး ၄မျိုးအနက် ဒြပ်ဆွဲမှုလျှပ်စစ်သံလိုက်ဓာတ်နျူကလီးယား အပျော့စက် တို့နှင့်သာ လက်ပ်တွန်တို့က သက်ရောက်မှု ရှိသည်။

လက်ပ်တွန်များကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ ၎င်းတို့မှာ လျှပ်စစ်ဓာတ်ဆောင် လက်ပ်တွန်များနှင့် လျှပ်စစ်ဓာတ်မဲ့ လက်ပ်တွန်များ(နျူထရီနိုများ)ဖြစ်သည်။ လျှပ်စစ်ဓာတ်ဆောင် လက်ပ်တွန်များသည် အခြားအမှုန်များဖြင့် စုဝေး၍ အက်တမ်နှင့် ပိုစီထရိုနီယမ်ကဲ့သို့ ဖွဲ့စည်းအမှုန်များ ဖြစ်ပေါ်နိုင်သည်။ သို့သော် နျူထရီနိုများသည် လျှပ်ဓာတ်အရောင်ဓာတ် ကင်းမဲ့လျက် ဒြပ်ထုလည်း သုညနီးပါးသာ ဖြစ်၍ အခြားအရာများဖြင့် အပြန်အလှန်သက်ရောက်မှု နည်းသည်။ လူသိအများဆုံးသော လက်ပ်တွန်မှာ အီလက်ထရွန်ဖြစ်သည်။

လက်ပ်တွန်တွင် မျိုးအစား(ရနံ့) ခြောက်မျိုးရှိပြီး မျိုးဆက် ၃ ခုခွဲခြားထားသည်။[၂] ပထမမျိုးဆက်မှာ အီလက်ထရွန်နွယ်လက်ပတွန်များ ဖြစ်ပြီး အီလက်ထရွန်နှင့် အီလက်ထရွန် နျူထရီနို တို့ပါဝင်သည်။ ဒုတိယမှာ မျူယွန်နွယ်လက်ပတွန်များ ဖြစ်ပြီး မျူယွန်နှင့် မျူယွန် နျူထရီနိုတို့ ပါဝင်သည်။ တတိယမျိုးဆက်မှာ တောနွယ်ဝင်လက်ပတွန်များဖြစ်ပြီး တောနှင့် တောနျူထရီနို တို့ပါဝင်သည်။ လျှပ်စစ်ဓာတ်ဆောင် လက်ပတွန်များတွင် အီလက်ထရွန်သည် ဒြပ်ထုအနည်းဆုံးဖြစ်သည်။ ပိုမိုလေးလံသည့် မျူယွန်နှင့် တော အမှုန်များသည် အမှုန်ပြိုကွဲမှုဖြစ်စဉ်မှတဆင့် အီလက်ထရွန်နှင့် နျူထရီနိုများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြသည်။ ထို့ကြောင့် အီလက်ထရွန်များသည် ငြိမ်မှုရှိပြီး စကြဝဠာအတွင်း အတွေ့ရအများဆုံးသော လျှပ်စစ်ဓာတ်ဆောင် လက်ပတွန်ဖြစ်သည်။ မျူယွန်နှင့် တော အမှုန်များကိုမူ (အာကာသရောင်ခြည်များရိုက်ခတ်ခြင်း၊ အမှုန်အရှိန်မြှင့်စက်များ စသည့်) စွမ်းအင်မြင့် ထိမှန်မှုများတွင်သာ တွေ့ရှိရသည်။

လက်ပတွန်များ၏ သဘာဝဂုဏ်သတ္တိများမှာ လျှပ်စစ်ဓာတ်စပင်နှင့် ဒြပ်ထု တို့ဖြစ်သည်။ လက်ပတွန်များသည့် ကွာ့ခ်များကဲ့သို့ အားပြင်းအပြန်အလှန်သက်ရောက်မှု မရှိပါ။ သို့သော်လည်း အခြေခံအပြန်အလှန်သက်ရောက်မှုများဖြစ်သော ဒြပ်ဆွဲအား၊ (လျှပ်စစ်ဓာတ်ဆောင် လက်ပတွန်များဆိုလျှင်) လျှပ်စစ်သံလိုက်အားနှင့် နျူကလီးယားအားပျော့များဖြင့် အပြန်အလှန်သက်ရောက်မှု ရှိကြသည်။

လက်ပတွန် ရနံ့ တစ်ခုခြင်းစီတွင် သက်ဆိုင်ရာ ဆန့်ကျင်အမှုန်များ ရှိကြပြီး ဆန့်ကျင်လက်ပတွန်များ ဟုခေါ်သည်။ ဆန့်ကျင်လက်ပတွန်များသည် သက်ဆိုင်ရာလက်ပတွန်များဖြင့် နှုတ်လက္ခဏာဆောင်ပမာဏရှိသည့် တူညီသောဂုဏ်သတ္တိများ ရှိကြသည်။ အချို့သော သီအိုရီများအရ နျူထရီနိုများတွင် ဆန့်ကျင်အမှုန်မရှိဟုဆိုသည်။ သို့သော်လည်း မည်သည့်အဆိုက မှန်ကန်သည်ဆိုသည်ကို အတည်မပြုနိုင်သေးပါ။

လက်ပတွန်များသည် စံပြုရူပဗေဒမော်ဒယ်တွင် အရေးပါသော အမှုန်များဖြစ်သည်။ အီလက်ထရွန်များသည် ပရိုတွန်နှင့် နျူထရွန်များနှင့်အတူ အက်တမ်များကို ဖွဲ့စည်းထားသော အမှုန်များဖြစ်သည်။ အက်တမ်များတွင် အီလက်ထရွန်များအစား မျူယွန်သို့မဟုတ် တောအမှုန်များဖြင့် အစားထိုးခြင်းဖြင့် ထူးခြားအက်တမ်များကို ဖန်တီးပြုလုပ်နိုင်သည်။ လက်ပတွန်-ဆန့်ကျင်လက်ပတွန် စုံတွဲဖြင့်လည်း ပိုစီထရွန်နီယမ် ဟူသော ထူးခြားအက်တမ်ကို ဖန်တီးနိုင်သည်။ ထူးခြားအက်တမ်များသည် သဘာဝအတိုင်း မတည်ရှိနိုင်ဘဲ အချိန်တိုအတွင်း ပြိုကွဲသွားလေ့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Lepton (physics)"Encyclopædia Britannica29 September 2010 တွင် ပြန်စစ်ပြီး
  2. Nave။ LeptonsHyperPhysics။ Georgia State University, Department of Physics and Astronomy။ 29 September 2010 တွင် ပြန်စစ်ပြီး။