ရှောင်ကွန်နရီ
| ဆာ ရှောင်ကွန်နရီ | |
|---|---|
ရှောင်ကွန်နရီအား ၂၀၀၈ ခုနှစ်တွင် တွေ့ရပုံ |
|
| အမည်ရင်း | သောမတ် ရှောင် ကွန်နရီ |
| မွေးသက္ကရာဇ် | ၂၅ ဩဂုတ် ၁၉၃၀ |
| အလုပ်အကိုင် | သရုပ်ဆောင် |
| မွေးရပ်ဇာတိ | အက်ဒင်ဗာရာမြို့၊ စကော့တလန်၊ ယူကေ |
| သားသမီး | ဂျေဆန် ကွန်နရီ |
| ဝက်ဘ်ဆိုက် | http://www.seanconnery.com |
ဆာ သောမတ် ရှောင်ကွန်နရီ (၁၉၃၀ ဩဂုတ် ၂၅ ရက်မွေး) သည် စကော့လူမျိုး ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးဖြစ်ပြီး အကယ်ဒမီဆု တစ်ခု၊ ဘက်ဖ်တာဆု နှစ်ခု နှင့် ရွှေကမ္ဘာလုံးဆု ၃ ခု ကို ရရှိခဲ့ဖူးသူ ဖြစ်သည်။
ရှောင်ကွန်နရီသည် ၁၉၆၂ ခုနှစ်မှ ၁၉၈၃ ခုနှစ် အတွင်း ဂျိမ်းစ်ဘွန်း ရုပ်ရှင် ၇ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သဖြင့် ဂျိမ်းစ်ဘွန်းမင်းသား အဖြစ် လူသိများသည်။ ၁၉၈၈ ခုနှစ်တွင် ရှောင်ကွန်နရီသည် အန်တပ်ရှေဘယ် (The Untouchables) ရုပ်ရှင်ကားဖြင့် အကောင်းဆုံး ဇာတ်ပို့ အကယ်ဒမီဆုကို ရရှိခဲ့သည်။ ဂျိမ်းစ်ဘွန်းကားများတွင် သာမကဘဲ အခြားနာမည်ကျော် ရုပ်ရှင်ကားများ ဖြစ်သော ရက်ဒ်အောက်တိုဘာ သင်္ဘော အား ရှာဖွေခြင်း (The Hunt for Red October)၊ ကုန်းမြင့်သား (Highlander)၊ အင်ဒီယာနာဂျုန်းနှင့် နောက်ဆုံး ခရူးဆိတ် အစရှိသော ရုပ်ရှင်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ် ဇူလိုင်လတွင် နိုက်အဖြစ် သူကောင်းပြုခံခဲ့ရသည်။ ရှောင်ကွန်နရီသည် ၁၉၉၉ ခုနှစ်တွင် အသက်ရှင်နေသူများထဲမှ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု အရှိဆုံးသူ အဖြစ် ပီးပဲလ်မဂ္ဂဇင်းမှ ရွေးချယ်ခဲ့သည့် အပြင် ၁၉၉၉ ခု အသက် ၆၉ ခုနှစ်တွင် ရာစုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု အရှိဆုံးသူ အဖြစ် ပရိသတ်မှ မဲပေးရွေးချယ်ခဲ့သည်။