ရွှေလီ ၁ တာတမံ

ဝီကီပီးဒီးယား မှ
ရွှေလီ ၁ တာတမံ
ဓာတ်အားပေးစက်ရုံ
ရွှေလီ ၁ တာတမံ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေလီ ၁ တာတမံ
မြန်မာနိုင်ငံတွင်းရှိ ရွှေလီ ၁ တာတမံ၏ တည်နေရာ
နိုင်ငံမြန်မာနိုင်ငံ
တည်နေရာနမ့်ခမ်းမြို့၊ ရှမ်းပြည်နယ်။
ကိုဩဒိနိတ်23°41′56.40″N 97°30′23.12″E / 23.6990000°N 97.5064222°E / 23.6990000; 97.5064222ကိုဩဒိနိတ်: 23°41′56.40″N 97°30′23.12″E / 23.6990000°N 97.5064222°E / 23.6990000; 97.5064222
အခြေအနေလည်ပတ်
စတင် ဆောက်လုပ်ခြင်း၂၀၀၂
ဖွင့်လှစ်သည့်နေ့၂၀၀၈
ကုန်ကျငွေUS$756.2 million
ပိုင်ဆိုင်သူများShweli River-I Power Station Co.
တမံ အမျိုးအစားGravity dam
အမြင့်၄၇ m (၁၅၄ ft)
မြစ်/ချောင်းရွှေလီမြစ်
ဓာတ်အားပေးစက်ရုံ
ကော်မရှင် နေ့ရက်၂၀၀၈-၂၀၀၉
ရေအားလျှပ်စစ်ထုတ်လုပ်မှုအမျိုးအစားConventional, diversion
တာဘိုင်များ၆ x ၁၀၀ MW (၁၃၀,၀၀၀ hp) Francis-type
တပ်ဆင်အင်အား၆၀၀ MW (၈၀၀,၀၀၀ hp)[၁]
နှစ်စဉ် ထုတ်လုပ်နိုင်မှု၄,၀၂၂ GWh (၁၄,၄၈၀ TJ)

ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်နမ့်ခမ်းမြို့အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာတွင် ရွှေလီမြစ်ပေါ်တွင်တည်ရှိသည်။[၂] တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့်တည်ဆောက်ထားသော ပထမဆုံးစက်ရုံတစ်ခုဖြစ်သည်။ မြန်မာအစိုးရဖက်မှ အစုစပ် ၁၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံပိုင် Yunnan United Power Development ကုမ္ပဏီက အစုစပ် ၈၅ ရာခိုင်နှုန်းပါဝင်ရင်းနှီးမြုပ်နှံတည်ဆောက်ထားသည်။ ၂၀၀၄ ခုနှစ်တွင် စီမံကိန်းစတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ စက်တပ်ဆင်အင်အားမှာ ၆၀၀ မဂ္ဂါဝပ် ဖြစ်သည်။ ရဲရွာဓာတ်အားပေးစက်ရုံပြီးလျှင် မြန်မာနိုင်ငံတွင် အကြီးဆုံးစက်ရုံဖြစ်သည်။ တစ်နှစ်ပတ်လုံးဓာတ်အားထုတ်လုပ်မှုတွင် ရဲရွာစက်ရုံထက်ပိုများပြီး မြန်မာနိုင်ငံတွင် အများဆုံးဖြစ်သည်။ ထွက်ရှိသောဓာတ်အားကို မန်စံဓာတ်အားခွဲရုံနှင့် ရွှေစာရံဓာတ်အားခွဲရုံများမှတဆင့် မြန်မာဓာတ်အားစနစ်သို့ပို့လွှတ်သည်။ တရုတ်နိုင်ငံ ယူနန်ဓာတ်အားစနစ်သို့လည်း ဓာတ်အားရောင်းချသည်။ ထို့ပြင် တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့်တည်ဆောက်ထားသော တကောင်းတောင် နီကယ်စက်ရုံသို့လည်း ဓာတ်အားပို့လွှတ်ရောင်းချသည်။ ယခုအခါတွင် ရွှေလီ(၂) ဓာတ်အားပေးစက်ရုံ(တရုတ်ဖက်စပ်)နှင့် ရွှေလီ (၃) ဓာတ်အားပေးစက်ရုံ (မြန်မာအစိုးရပိုင်) တို့အား တည်ဆောက်လျက်ရှိသည်။[၃][၄][၅][၆]

ပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Power Generation (XLSX)။ Open Development Mekong။ 6 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2023 တွင် ပြန်စစ်ပြီး။
  2. ရှမ်းပြည်နယ်အတွင်းတည်ဆောက်ပြီးဓာတ်အားပေးစက်ရုံများလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန။ 23 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၂၂-၀၉-၂၃ တွင် ပြန်စစ်ပြီး။
  3. Huaneng Shweli Station (in Chinese)။ China Huaneng Group။ 23 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2014 တွင် ပြန်စစ်ပြီး။
  4. Shweli River Hydropower Station(Myanmar)။ Yunnan Machinery & Equipment။ 27 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2014 တွင် ပြန်စစ်ပြီး။
  5. Hydroelectric Power Plants in Myanmar။ IndustCards။ 11 March 2014 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  6. Myanmar Shweli River power plant put into operation the first unit။ China Water Science and Technology Network။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2014 တွင် ပြန်စစ်ပြီး။