ရွှေမန်းဆီသို့ (သီချင်း)

ဝီကီပီးဒီးယား မှ

ရွှေမန်းဆီသို့သီချင်းသည် ဦးဘသိန်းက ​ရေးစပ်ခဲ့​သော မန္တ​လေးမြို့ဖွဲ့ သီချင်းတစ်ပုဒ်ဖြစ်သည်။ ရွှေမန်းဆီသို့ဟု အစချီ​သော ဤသီချင်းသည် မန္တ​လေးနန်း​တော်၏ သာယာလှပပုံ၊ ရန်ကင်း​တောင်၊ ​အောင်ပင်လယ်ကန်များအ​ကြောင်း၊ ထိုမှတစ်ဆင့် မန္တ​လေး​တောင်​ပေါ်မှ​နေ၍ ပတ်ဝန်းကျင်ကို ရှုကြည့်ရာတွင် သခင်မ​တောင်​တော်၊ မင်းကွန်းပုထိုး​တော်ကြီး၊ ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် စစ်ကိုင်း​တောင်၊မင်းဝံ​​တောင်များနှင့် ​ဇေယျာရွှေ​မြေ​ခေါ်စစ်ကိုင်း၊ ဤဘက်ကမ်းသို့ ပြန်ကြည့်လျှင် အမရပူရရှိ ရွှေကြက်ယက်ရွှေကြက်ကျ​စေတီများ၊ တစ်ဖန်မြို့တွင်းမှ မဟာမုနိဘုရားတို့အ​ကြောင်းကို ​ရေးဖွဲ့ထားသည်။

ဤသီချင်းကို သရုပ်​ဆောင်မြင့်မြင့်ခင်က ဤလူ့​ဘောင်ဇာတ်ကားတွင် ​နောက်ခံ​တေးအဖြစ် သီဆိုထားသည်။ ထို့​နောက် ​တေးသံရှင် မစိမ်းစိမ်းမှ ပြန်လည်သီဆိုရာ ​အောင်မြင်ခဲ့ပြီး ​နောင်နှစ်​ပေါင်းများစွာ ပရိသတ်များအကြားပျံ့လွင့်​နေခဲ့သည်။ဤသီချင်းသည် ရန်ကုန်-မန္တ​လေးရထား​ပေါ်တွင် ဖွင့်ရာသီချင်းတစ်ပုဒ်ဖြစ်ခဲ့သကဲ့သို့ မန္တ​လေးမြို့၏ ပုံရိပ်လည်းဖြစ်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]