မြူးနစ်ချ်မြို့
Wikipedia မှ
| မြူးနစ်ချ်မြို့ München |
|||
|
|||
| အုပ်ချုပ်ရေး | |||
| - မြို့တော်ဝန် | Christian Ude | ||
|---|---|---|---|
| လူဦးရေ | |||
| - Total | ၁,၃၃၀,၄၄၀ | ||
| - လူဦးရေ သိပ်သည်းမှု | ၄၂၈၆/km² (၁၁၁၀၀.၇/sq mi) | ||
| (Dec 2009) | |||
| အင်တာနက်စာမျက်နှာ: www.muenchen.de | |||
မြူးနစ်ချ်မြို့သည် ဂျာမနီနိုင်ငံ ဘာဗေးရီးယားပြည်နယ်၏ မြို့တော်ဖြစ်သည်။ ဘာဗေးရီးယန်း အဲလ်ပ် တောင်တန်း၏ မြောက်ဘက် အီဆာမြစ်ကမ်း ပေါ်တွင် တည်ရှိသည်။ မြူးနစ်ချ်သည် ဘာလင်မြို့ နှင့် ဟမ်းဘတ်ချ်မြို့တို့ ပြီးလျှင် ဂျာမနီနိုင်ငံတွင် တတိယမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ မြို့၏ ဧရိယာ အတွင်းတွင် လူဦးရေ ၁.၃၅ သန်းခန့် နေထိုင်ကြသည်။ မြူးနစ်ချ်သည် ၁၉၇၂ ခုနှစ် နွေရာသီ အိုလံပစ်အတွက် အိမ်ရှင်မြို့ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်အတွက် အိမ်ရှင်အဖြစ် ပဏာမ ရွေးချယ်ထားသော စာရင်းတွင်လည်း ပါဝင်သည်။