မြစ်ဆုံ တာတမံ
| မြစ်ဆုံ တာတမံ | |
| မြစ်ဆုံ တာတမံ Rendition of Myitsone Dam |
|
| Official name | မြစ်ဆုံ တာတမံ |
|---|---|
| Location | ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ |
| Construction began | 2007 |
| Opening date | 2017 est. |
| Construction cost | US$ 3.6 billion |
| Owner(s) | Myanmar Electric Power Enterprise, China Power Investment Corporation, China Southern Power Grid |
| Dam and spillways | |
| Type of dam | Concrete faced rock-fill dam |
| Height | 152 m |
| Length | 152 m |
| Impounds | ဧရာဝတီမြစ် |
| Reservoir | |
| Creates | Myitsone reservoir |
| Surface area | 766 km2 |
| Max. water depth | 290 m |
| Power station | |
| Installed capacity | 3,600 MW |
| Annual generation | 16,634 Gigawatt hours per year[၁] |
မြစ်ဆုံ တာတမံ သည် ရေအားလျှပ်စစ် ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ဆောက်လုပ်ဆဲ တာတမံ တစ်ခုဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးရန် လျာထားသည်။ ရေးဆွဲထားသည့် စီမံကိန်းအရ ယင်းတာတမံသည် အကျယ် ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ရှိမည်ဖြစ်သည်။ မြန်မာအစိုးရ၏ ကန်ထရိုက်တာများနှင့် တရုတ် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတို့က ပူးတွဲဆောက်လုပ်လျှက် ရှိသည်။ ဆောက်လုပ်ပြီးစီးပါက လျှပ်စစ်ဓာတ်အား ၃၆၀၀ မှ ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိပြီး အဓိကအားဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တင်ပို့ရမည်ဖြစ်သည်။[၂]
ဧရာဝတီမြစ်ဝှမ်းတလျှောက် ရေလွှမ်းမှုများ၊ သဘာဝဝန်းကျင်ယိုယွင်းမှုများ ဖြစ်မည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား မလောက်မငှ ဖြစ်နေပါလျက် ထုတ်လုပ်သော လျှပ်ဓာတ်အား အားလုံးနီးပါးအား နှစ် ၅၀ ကြာ တရုတ်သို့ တင်ပို့ရမည် ဖြစ်သောကြောင့်လည်းကောင်း မြစ်ဆုံတာတမံ ဆောက်လုပ်ရေးသည် မြန်မာနိုင်ငံအတွင်း အငြင်းပွားဘွယ် ကိစ္စတစ်ရပ် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း အဓိကအားဖြင့် စွမ်းအင်လုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများက အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှင်းမြှုပ်နှံလျက်ရှိ၍ တရုတ်က မြန်မာအစိုးရအပေါ် အခုထက် ပိုမို လွှမ်းမိုးလာခြင်းအားလည်း မြန်မာလူထုက မကျေမချမ်းဖြစ်နေကြသည်။ မြန်မာအစိုးရအတွင်း၌လည်း ယင်းစီမံကိန်းနှင့်ပတ်သက်၍ သဘောထား ဒွိဟဖြစ်လျက်ရှိသည်။[၂]
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတရာထူးသက်တမ်းအတွင်း (၂၀၁၁ - ၂၀၁၆) မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားမည်ဟု ကြေညာလိုက်သည်။[၃] အများက မျှော်လင့်မထားသော သမ္မတ၏ ဆုံးဖြတ်ချက်ကို သဘာဝ ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကြိုဆိုခဲ့ကြသည်။ ဤသည်မှာလည်း မြန်မာအစိုးရက ပထမဦးဆုံးအကြိမ် လူထုသဘောထားအား အလေးပေး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။[၃]
ကိုးကား [ပြင်ဆင်ရန်]
- ↑ BRN (2010). Irrawaddy/N'Mai/Mali Dams. Burma Rivers Network.. Retrieved on 4 February 2010။
- ↑ ၂.၀ ၂.၁ Libre, Ryan. "Proposed dam to flood Burma, while powering China", MinnPost.com, February 1, 2010. Retrieved on 15 February 2010.
- ↑ ၃.၀ ၃.၁ Burma dam: Work halted on divisive Myitsone project. BBC (30 September 2011). Retrieved on August 30, 2011။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |