မျိုးသုဉ်းခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Jan Savery သရုပ်ဖော်သော ဒိုဒို အကြောင်းမှာ ခေတ်သစ် မျိုးသုဉ်းခြင်း ၏ ပြယုဂ် ဖြစ်သည်

ဇီဝဗေဒတွင် မျိုးသုဉ်းခြင်း (extinction) သည် မျိုးစိတ်တစ်ခု တည်ရှိခြင်းမှ ပြတ်ဆဲသွားခြင်း ဖြစ်သည်။ ၄င်းမျိုးသုဉ်းခြင်း အချိန်ကို များသော်အားဖြင့် နောက်ဆုံး ၄င်းမျိုးစိတ်အကောင် သေသော အခိုက်အဖြစ်ယူကြသည်။ သို့သော် ၄င်းမျိုးဆက်တည်ရေးမှာမှု ၄င်း နောက်ဆုံး ၄င်းမျိုးစိတ်အကောင် မသေမှီကပင် ဆက်လက်ပြန့်ပွားရန် မဖြစ်နိုင်သောကြောင့် မျိုးသုဉ်းခြင်း အခိုက်မှာ ထိုထက်ပင် စောနိုင်သည်။ မျိုးစိတ်တစ်ခု၏ သန်စွမ်းနိုင်မှု အချိန်မှာ အလွင်ပင် ကျယ်ပြန့်သဖြင့် တိုင်းတာရန် ခက်ခဲ့သောကြောင့် ပြီးမှသာ နောက်ပြန် တွက်ချက်ယူရတ်သည်။ ထိုအခက်အခဲသည် Lazarus taxon ခေါ် မျိုးသုဉ်းပြီးမှ ပြန်လည် ပေါ်ပေါက်လာခြင်း တို့လည်း ရှိသည်။

ဆင့်ကဲပြောင်းလည်းခြင်း ဖြစ်စဉ်တွင် မျိုးပေါင်းခြင်း (speciation) နည်းစဉ်ဖြင့် မျိုးစိတ် အသစ်များဖြစ်ပေါ်လာပြီး သဘာဝ ပတ်ဝင်းကျင်၏ လစ်လပ်နေသော နေရာတွင် ဖြေဆီးသည်။ ၄င်းမျိုးစိတ်သည် ထိုလစ်လပ်မှု ပျက်သုံးလျှင် သို့မဟုတ် ပိုမိုစွမ်းအားရှိ မျိုးစိတ်ပေါ်ပေါက်လာလျှင် မျိုးသုဉ်းခြင်းဖြစ်သွားသည်။ ပျမ်းမြအားဖြင့် မျိုးစိတ် တစ်ခု၏ သိရှိမှု သက်တမ်းမှာ နှစ် ၁၀ သန်း ရှိသည်။ သို့သော် အချိုသော မျိုးစိတ်တို့တွင် ထို့ထက်ပို၍ သက်ရှိ ကျောက်ဖြစ်ရုပ်ကျွန်း (living fossils) အဖြစ်နှင့် နှစ်သန်း ရာပေါင်းများစွာ တည်ရှိနိုင်သည်။ မျိုးသုဉ်းခြင်းသည် သဘာဝ ဖြစ်စဉ် တစ်ခုဖြစ်ပြီး ၉၉.၉ ရာနှုန်းသော မျိုးစိတ်တို့မှာ မျိုးသုဉ်းခဲပြီး ဖြစ်လေသည်။

လူများ ကမ္ဘာအနှံ မပြန့်နှံမှီက မျိုးသုဉ်းခြင်းမှာ ဖြည်းဖြည်းမှန်မှန်သာဖြစ်ပြီး အမြောက်အများ မျိုးသုဉ်းခြင်း (mass extinctions) မှာ ရှားသည်။ လူများ စတင်ပေါ်ပေါက်ချိန်နှင့် အချိန်ကိုက်ဖြစ်သော လွင်ခဲ့သော နှစ်ပေါင်း ၁၀၀ ၀၀၀ ခန့် ကမှသာ Cretaceous ပြီးနောက် ၄င်း အမြောက်အများ မျိုးသုဉ်းခြင်း အဆမတန် များပြားစွာ ဖြစ်ပေါ်လာသည်။ ဤသည်ကို Holocene extinction event ဟု ခေါ်ပြီး ၄င်းကဲ့သို့ အခိုက်မျိုး ကမ္ဘာပေါ်တွင် ခြောက်ခါ ဖြစ်ဖူးသည်။ ပညာရှင်များက ၂၁၀၀ ခုတွင် ယခု ရှိနေသော မျိုးစိတ် တစ်ဝက်ခန့်များ မျိုးသုဉ်းမည်ဟု ခန့်မှန်းထားကြသည်။