မျိုးသန့်

ဝီကီပီးဒီးယား မှ
မျိုးသန့်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၄ နိုဝင်ဘာ ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးရွှေလေး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၄
လူမျိုးမြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
အမှုထမ်းကာလ၁၉၉၀-၂၀၂၂
ရာထူးဗိုလ်ချုပ်

ဦးမျိုးသန့် (၁၉၆၄ဖွား) သည် လက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[၁] သူသည် ထိုတာဝန်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် တွင် စတင်ထမ်းဆောင်သည်။[၂] ထိုမတိုင်မီက စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်မှုထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၈၇ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်(RIT) မှနေ၍ အင်ဂျင်နီယာဘွဲ့ ရရှိသည်။ယင်းနောက် ဗိုလ်လောင်းသင်တန်း(မှော်ဘီ) အမှတ်စဉ် ၇၇ သို့ တက်ရောက်ပြီး စတင် စစ်မှုထမ်းသည်။တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ ရာထူးရရှိခဲ့ကာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဖြစ်သည်။ထိုတာဝန်ကို ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် နေ့ မတိုင်ခင်အထိ တာဝန်ထမ်းသည်။[၃]

ဝန်ကြီးဖြစ်လာပုံ[ပြင်ဆင်ရန်]

သူသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းMWD Webportal (၁၄ နိုဝင်ဘာ ၂၀၂၂)။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ၂ ဦး တာဝန်မှ အနားပေးခံရDVB (၁၅ နိုဝင်ဘာ ၂၀၂၂)။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးCINCDS Myanmar (၂၆ မေ ၂၀၂၂)။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တရုတ် - အာဆီယံ ဆောက်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်နှင့် အဆင့်မြင့် အရည်အသွေးရှိ နေထိုင်မှုဝန်းကျင်ပြပွဲအခမ်းအနားသို့ Video Key Note Speech ဖြင့် အမှာစကားပြောကြားMyanmar Digital News (၂၇ နိုဝင်ဘာ ၂၀၂၂)။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။