မဲလံဆံတော်ရှင်စေတီတော်

ဝီကီပီးဒီးယား မှ
မဲလံဆံတော်ရှင်အဝင်မုခ်ပေါက်

မဲလံဆံတော်ရှင်စေတီတော်သည် သည် မွန်ပြည်နယ်ဘီးလင်းမြို့နယ်တွင် တည်ရှိသည့် ဗုဒ္ဓဆံတော်ရှင်ကို ဌာပနာထားသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁][၂]

သမိုင်း[ပြင်ဆင်ရန်]

စေတီတော်သည် မြတ်စွာဘုရားရှင်၏ ဆံတော်ကို ဌာပနာထားသည်။ မြတ်စွာဘုရားရှင်သည် သုဝဏ္ဏဘူမိသထုံပြည်သို့ ဒေသစာရီ ကြွလာစဉ်အခါတွင် မဲလံရသေ့ကြီးအား ဆံတော်ကို ပေးသနားခဲ့သည်။ ထိုဆံတော်များကို ဌာပနာကာ တည်ထားခဲ့သည့် စေတီတော်ဖြစ်သည့်အတွက် မဲလံဆံတော်ရှင် ဟု နာမည်ထင်ရှားခဲ့သည်။ စေတီတော်ကို ဦးခေါင်းပြုကာ တောင်ဘက်သို့ ခြေဆင်းထားသည့် ကျောက်ပိရဟန္တာ သည်လည်း လူသိများ ထင်ရှားသည်။[၁]

စေတီတော်၏ ဘုရားပွဲကို တပေါင်းလပြည့်နေ့တွင် ကျင်းပကြသည်။[၁]

အတိုင်းအတာများ[ပြင်ဆင်ရန်]

စေတီတော်ကို ကျောက်တုံးသုံးတုံးပေါ်တွင် တည်ထားကာ ဉာဏ်တော်သည် ၁၃ တောင် မြင့်သည်။ အောက်ခြေကျောက်တုံးမှ စိန်ဖူးတော်အထိ အမြင့်မှာ ၂၈ တောင် မြင့်သည်။[၁]

တည်နေရာနှင့် လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

စေတီတော်၏ တည်နေရာမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့၏မြောက်ဘက် ၁၄ မိုင် ၅ ဖာလုံအကွာ၊ ဘီးလင်း - ဖာပွာ ကားလမ်းအနီး၊ ဘီးလင်းချောင်း၏ အနောက်ဘက်ကမ်း၊ နာပဗ္ဗတတောင်ထွတ်ဖျားတွင် တည်ရှိသည်။[၁][၃][၄]

စေတီတော်တည်ရှိရာ တောင်ပေါ်သို့ တောင်တက်ကားများဖြင့် တက်ရောက်ဖူးမြော်နိုင်သည်။ ထို့ပြင် တောင်ခြေမှ ဂဝံအုတ်လမ်းအတိုင်း ခြေကျင်လျှောက် တက်ရောက်၍လည်း ဖူးမြော်နိုင်သည်။[၁][၃]

အနီးအနားရှိ စေတီပုထိုးများ[ပြင်ဆင်ရန်]

စေတီတော်၏ အနီးအနားတွင် ထပ်မံ ဖူးမြော်နိုင်သည့် စေတီပုထိုးများမှာ ကျောက်တံခါးစေတီ၊ ဆုတောင်းပြည့်စေတီ၊ နောင်တော်ကြီးစေတီ၊ ကျောက်တော်ကြီးစေတီ၊ ယင်းအုံစေတီ၊ ပြင်သာစေတီ၊ နယ်ခြားစေတီ၊ ပြည်လုံးချမ်းသာစေတီ၊ တောင်စွန်းစေတီ၊ မဲနသံစေတီ၊ ကျောက်သင်္ဘောစေတီ၊ ကျိုက်ထီးရိုးလေးစေတီများ တို့ ဖြစ်ကြသည်။[၁]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ မဲလံဆံတော်ရှင်စေတီတော်မြတ်ကြီး | Yangon Life။ 22 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2020 တွင် ပြန်စစ်ပြီး။
  2. "ဆ ကေ သ မဟာဓာတုဝင် မဲလံဆံတော်ရှင်" | Myanma Radio and Television။ 22 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2020 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ထင်ရှားကျော်ကြား စေတီပုထိုးနှင့် ရှေးဟောင်း အမွေအနှစ်များ တည်ရှိရာ ရာမညမြေ | NPE။ 22 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2021 တွင် ပြန်စစ်ပြီး။
  4. မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် - မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်။ 22 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2020 တွင် ပြန်စစ်ပြီး။