မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်ရေး ကြီးကြပ်မှုဗဟိုကော်မတီ

ဝီကီပီးဒီးယား မှ

ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ (မထသ) ဖွဲ့စည်းခွင့် တင်ပြခြင်းနှင့် ပတ်သက်၍ ၁၄-၁၁-၂၀၀၉ ရက်စွဲပါ စာအမှတ် ဝဝ၈/၁-၁/တယက ဖြင့် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ ၂၃-၁၁-၂၀၀၉ ရက်နေ့တွင် ပြုလုပ်သော အလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄၅/၂၀၀၉) ဆုံးဖြတ်ချက်အပိုဒ် (၇၉) အရ မထသ (ဗဟို) ကိုဖွဲ့စည်းခွင့်ပြုခဲ့ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့် မှ ၂-၁၂-၂၀၀၉ ရက်နေ့တွင် မထသ (ဗဟို) ရုံးနှင့် မထသ(ဗဟို) ဆိုင်းဘုတ်အား ဖွင့်လှစ် ပေးခဲ့ပြီး မထသ (မြို့တွင်း) အဆောက်အဦး ၌ ရုံးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့သည်။ ယခုအခါ ဖွဲ့စည်းပုံအရ ဝန်ထမ်း အဆိုပြုအင်အား (၉၀)ဦး၊ ကန့်သတ် အင်အား (၆၅)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ဆဲဖြစ်သည်။

မထသ(ဗဟို) စတင်ဖွဲ့စည်းသည့် ၂-၁၂-၂၀၀၉ ရက်နေ့မှစ၍ မထသ (မြို့တွင်း)၊ မထသ (အဝေးပြေး)၊ အရှေ့ပိုင်းခရိုင်ယာဉ်လိုင်း၊အနောက်ပိုင်းခရိုင် ယာဉ်လိုင်း၊ တောင်ပိုင်းခရိုင် ယာဉ်လိုင်းနှင့် မြောက်ပိုင်းခရိုင် ယာဉ်လိုင်း တို့မှဝန်ထမ်းအင်အား (၁၉၆) ဦးဖြင့် ရုံးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ပြီး အုပ်ချုပ်မှုဌာန အောက်တွင် စီမံ/ပို့ဆောင်ဌာနခွဲ နှင် စာရင်းဘဏ္ဍာ ဌာနခွဲ၊ စည်းကမ်း/စစ်ဆေးရေးဌာန အောက်တွင် စည်းကမ်း ထိန်းသိမ်းရေး ဌာနခွဲနှင့် လုပ်ငန်း စစ်ဆေးရေး ဌာနခွဲ စသည်ဖြင့်ဌာနခွဲ (၄) ခုဖြင့် မထသ(ဗဟို) စီမံအောက်ရှိ ထိန်းသိမ်းရေး ဌာနခွဲနှင့် လုပ်ငန်း စစ်ဆေးရေး ဌာနခွဲ စသည်ဖြင့် ဌာနခွဲ (၄) ခုဖြင့် မထသ(ဗဟို) စီမံမှု အောက်ရှိ ယာဉ်လိုင်း အဖွဲ့အစည်းများ နှင့် ပတ်သက်သော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည်။

ဆက်သွယ်ရန်[ပြင်ဆင်ရန်]

လိပ်စာ[ပြင်ဆင်ရန်]

အမှတ်(၂၉၆)၊ သံသုမာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

ဝဘ်ဆိုက်[ပြင်ဆင်ရန်]

http://www.mhtcentral.org.mm Archived 4 August 2014 at the Wayback Machine.

ဖုန်း[ပြင်ဆင်ရန်]

၀၁- ၈၅၀၀၆၅၁၊ ၈၅၀၀၆၅၀

အီးမေး[ပြင်ဆင်ရန်]

  • kyawthiha.john@mhtcentral.org.mm
  • nyiteza9@mhtcentral.org.mm