မာဆာယိုရှီ အိုဟီရာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အို​ဟီ​ရာ၊ မာဆာ​ယို​ရှီ (ခရစ် ၁​၉​၁​၀-၁​၉​၈​၀)[ပြင်​ဆင်​ရန်​]

ဂျပန်​နိုင်ငံ လက်​ရှိ​ဝန်ကြီး​ချုပ် အို​ဟီ​ရာ​သည်​ကာ ဂါ​ဝါ​ခ​ရိုင် မီ​တို​ယို​ဂွန်း​နယ်၊ တို​ယို​ဟာ​မာ​ချို​မြို့​၌ ၁​၉​၁​၀ ပြည့်​နှစ် မတ်​လ ၁​၂ ရက်​နေ့​တွင် ဖွားမြင်​ခဲ့​သည်။ ယခု ဟီ​တို​ဆူ​ဘာ​ရှိ​တက္ကသိုလ် ဟု ထင်ရှား​သော တို​ကျို​ကူးသန်း ရောင်းဝယ်​ရေး ကော​လိပ်​မှ ၁​၉​၃​၆ ခု​နှစ်​က ဘွဲ့​ရ​ခဲ့​ပြီး​လျှင် ထို​နှစ်​တွင်​ပင်​ဂျပန်​ဘဏ္ဍာ​ရေး​ဝန် ကြီး​ဌာန​၌ အလုပ်​ဝင်​ရောက်​လုပ်ကိုင်​သည်။

ထို့နောက် အို​ဟီ​ရာ​သည် ယို​ကို​ဟား​မား အကောက်​ခွန်​ရုံး အုပ် အဖြစ်​၎င်း၊ ဆင်​ဒိုင် အကောက်​ခွန်​ကြီးကြပ် ရေး​ဗျူ​ရို​နှင့် တို​ကျို​ဘဏ္ဍာ​ရေး​ဗျူ​ရို ညွှန်​ကြား​ရေး​မှူး အဖြစ်​၎င်း၊ ဂျပန်​စီးပွား ရေး တည်​ငြိမ်​မှု ဘုတ်​အဖွဲ့​၏ ပြည်​သူ့​လုပ်​ငန်း​ဌာန​ခွဲ ညွှန်​ကြား ရေး​မှူး​အဖြစ်​၎င်း၊ ဂျပန်​ဘဏ္ဍာ​ရေး​ဝန်ကြီး​၏ အတွင်း​ရေး​အတွင်း ဝန်​အဖြစ်​၎င်း ဆောင်ရွက်​ခဲ့​လေ​သည်။

အို​ဟီ​ရာ​သည် ၁​၉​၅​၂ ခု​နှစ်​တွင် ဂျပန်​ပါလီမန်​အောက်​လွှတ် တော် အမတ်​အဖြစ် ရွေး​ကောက်​တင်​မြေှ​ာက် ခြင်း​ခံ​ရ​ပြီး​နောက် ကိုး​ကြိမ်​ဆက်တိုက်​ပင် လွှတ်တော်​အမတ်​ဖြစ်လာ​သည်။ ၁​၉​၅​၉ ခု​နှစ်​ဇွန်​လ​မှ ၁​၉​၆​ဝ​ပြည့် နှစ် ဇူလိုင်​လ​အထိ အောက်​လွှတ်တော် ပညာ​ရေးကော်​မ​တီ နာ​ယ​က​အဖြစ် တာဝန်​ယူခဲ့​သည်။ ၁​၉​၆​၀ ပြည့် ဇူလိုင်​လ​မှ ၁​၉​၆​၂ ခု​နှစ် ဇူလိုင်​လ​အထိ ဝန်ကြီး​ချုပ်​အီ​ကေ ဒါ​၏ အစိုးရ​အဖွဲ့​တွင် အတွင်းဝန်​ချုပ် ရာထူး​တွင် ထမ်း​ဆောင်ခဲ့ သည်။ ၁​၉​၆​၂ ခု ဇူလိုင်​လ​မှ ၁​၉​၆​၄ ခု​နှစ် ဇူလိုင်​လ​အထိ ယင်း အစိုးရ​အဖွဲ့​တွင် နိုင်ငံ​ခြား​ရေး ဝန်ကြီး ဖြစ်လာ​လေ​သည်။

မစ္စတာ အို​ဟီ​ရာ​သည် ၁​၉​၆​၇ ခု​နှစ် နိုဝင်ဘာ​လ​မှ ၁​၉​၆​၈ ခု​နှစ် နိုဝင်ဘာ​လ​အထိ ဂျပန်​နိုင်ငံ​လစ်​ဗ​ရယ် ဒီ​မို​က​ရက်​တစ်​ပါ​တီ ၌ ပေါ်​လ​စီ​ရေးရာ သု​တေ​သန​ကောင်​စီ​၏ ဥက္ကဋ္ဌ​အဖြစ် ဆောင် ရွက်​ခဲ့​ပြီး ၁​၉​၆​၈ ခု​နှစ် နိုင်​ဝင်​ဘာ​လ​မှ ၁​၉​၇​၀ ပြည့်​နှစ် ဇန္န​ဝါ​ရီ လ​အထိ ဝန်ကြီး​ချုပ် ဆာ​တို​၏ အစိုးရ​အဖွဲ့​တွင်​အပြည်​ပြည်​ဆိုင် ရာ ကုန်သွယ်​ရေး​နှင့် စက်​မှု​လက်​မှု​လုပ်​ငန်း​ဌာန ဝန်ကြီး​ဖြစ်လာ သည်။

တစ်​ဖန် ၁​၉​၇​၂ ခု​နှစ် ဇူလိုင်​လ​မှ ၁​၉​၇​၄ ခု​နှစ် ဇူလိုင်​လ အထိ တာ​နာ​ကာ​အစိုးရ​အဖွဲ့​တွင် နိုင်ငံ​ခြား​ရေး ဝန်ကြီး​အဖြစ်​ဖြင့် ထမ်း​ဆောင်ခဲ့​ပြီး ၁​၉​၇​၄ ခု ဇူလိုင်​လ​မှ ၁​၉​၇​၄ ခု​နှစ် ဒီ​ဖင်​ဘာ လ​အထိ ယင်း​အစိုးရ​အဖွဲ့ တွင်​ပင် ဘဏ္ဍာ​ရေး​ဝန်ကြီး ဖြစ်လာ​ခဲ့ သည်။ ၁​၉​၇​၄ ခု ဒီဇင်ဘာ​လ​မှ ၁​၉​၇​၆ ခု​နှစ် ဒီဇင်ဘာ​လ​အထိ အသစ် တက်​လာ​သော ဝန်ကြီး​ချုပ်​မီ​ကီ​၏ အစိုးရ​အဖွဲ့​တွင်​ဆက် လက်​၍ ဘဏ္ဍာ​ရေး​ဝန်ကြီး​တာဝန် ထမ်း​ဆောင်​ရ​လေ​သည်။

ထို့နောက် မစ္စတာ​အို​ဟီ​ရာ​သည် ၁​၉​၇​၆ ခု​နှစ် ဒီဇင်ဘာ​လ​မှ ၁​၉​၇​၈ ခု​နှစ် ဒီဇင်ဘာ​လဆန်း​အထိ​အစိုးရ အဖွဲ့​ဝင်​အဖြစ်​မ​ပါဝင် တော့​ပဲ လစ်​ဗ​ရယ် ဒီ​မို​က​ရက်​တစ်​ပါ​တီ​၏ အထွေ​ထွေ အတွင်း ရေး​မှူး​ချုပ် အဖြစ်​သာ ပါ​တီ​လုပ်​ငန်း​ကို အချိန်​ပြည့်​လုပ်ကိုင်​နေ​ခဲ့ သည်။ ထို့နောက် အို​ဟီ​ရာ​သည် ပါ​တီ​ရွေး​ကောက်​ပွဲ​တွင် အနိုင် ရ​ရှိ​ကာ ယင်း​ပါ​တီ​၏ ဥက္ကဋ္ဌ​ဖြစ်လာ​လေ​သည်။

အို​ဟီ​ရာ လစ်​ဗ​ရယ်​ဒီ​မို​က​ရက် ပါ​တီ​ဥက္ကဋ္ဌ​ဖြစ်လာ​သော​အခါ ပါ​တီ​ဥက္ကဋ္ဌ​ဟောင်း ဝန်ကြီး​ချုပ် ဖူ​ကူ​ဒါ​က ဝန်ကြီး​ချုပ်​ရာထူး​မှ နုတ်​ထွက်​လိုက်​သ​ဖြင့် အို​ဟီ​ရာ​သည် ဂျပန်​နိုင်ငံ​၏ ဝန်ကြီး​ချုပ် ရာထူး​ကို ဆက်ခံ​ရ​ရှိ​လေ သည်။ ၁​၉​၇​၈ ခု​နှစ် ဒီဇင်ဘာ​လ ၇ ရက်​နေ့​မှ​စ​၍ ဂျပန်​နိုင်ငံ ဝန်ကြီး​ချုပ် ရာထူး​တွင် ထမ်း​ဆောင်ခဲ့ သော​အို​ဟီ​ရာ​သည် ရာထူး​ရ​ချိန်​တွင် အသက် ၆​၈ နှစ်ကျော်​ပြီ ဖြစ်​သည်။

အို​ဟီ​ရာ​သည် ၁​၉​၅​၄ ခု​နှစ်​တွင် ဂျပန်​ဘာသာ​ဖြင့် ဆူ​ဂါ​ဝို​နို ဒိုင်​ဂီ​ရှိခေါ် ပါလီမန်​အမတ်​အကြောင်း​စာအုပ် ကို​၎င်း၊ ၁​၉​၅​၆ ခု​နှစ်​တွင် အင်္ဂလိပ်​ဘာသာ​ဖြင့် အစိုးရ​ဘဏ္ဍာ​ရေး အတွေး​အ မြင်​များ စာအုပ်​ကို ၎င်း​ရေးသား ထုတ်​ဝေ​ခဲ့​လေ​သည်။[၁]

ဂျပန်​ဝန်ကြီး​ချုပ် အို​ဟီ​ရာ​သည် ၁​၉​၁​ဝ ပြည့်​နှစ်​တွင် တို​ယို ဟာ​မာ​ဆို​မြို့​၌ မွေး​ဖွား​ခဲ့​သည်။ တို​ကျို​ကူးသန်း​ရောင်းဝယ်​ရေး ကော​လိပ်​မှ ၁​၉​၃​၆ ခု​နှစ်​တွင် ဘွဲ့​ရ​သည်။၁​၉​၅​၂ ခု​နှစ်​မှ စတင် ပြီး နိုင်ငံ​ရေး​နယ်​ထဲ​သို့ ဝင်​ရောက်လာ​သည်။ ဘဏ္ဍာ​ရေး​ဝန်ကြီး ဌာန​တွင် ဗျူ​ရို​ညွှန်​ကြား​ရေး​မှူး​အဖြစ်​ဖြင့် စီးပွား​ရေးရာ​တို့​ကို အောင်မြင်​တိုးတက်​လာ​စေ​ရန် ဆောင်ရွက်​ခဲ့​သည်။

၁​၉​၆​ဝ ပြည့်​နှစ် ဇူလိုင်​လ​မှ ၁​၉​၆​၂ ဇူလိုင်​လ​အထိ ဝန်ကြီး ချုပ် အီ​ကေ​ဒါ​အစိုးရ​အဖွဲ့​တွင် အတွင်းဝန်​ချုပ် အဖြစ်​လည်း ကောင်း၊ ၁​၉​၆​၂ ခု ဇူလိုင်​လ​မှ ၁​၉​၆​၄ ခု​နှစ် ဇူလိုင်​လ​အထိ နိုင်ငံ​ခြား​ရေး​ဝန်ကြီး​အဖြစ် လည်းကောင်း၊ ဆောင်ရွက်​ခဲ့​သည်။ ၁​၉​၆​၂ ခု​နှစ်​တွင် နိုင်ငံ​ခြား​ရေး​ဝန်ကြီး ဖြစ်​ခဲ့​ပြီး​နောက် ၁​၉​၇​၂ ခု​နှစ်​တွင် နောက်​တစ်​ကြိမ် နိုင်ငံ​ခြား​ရေး ဝန်ကြီး​ရာထူး ကို ရ​ခဲ့​သည်။ ဝန်ကြီး​ချုပ်​တာ​နာ​ကာ​နှင့်​အတူ ပီ​ကင်း​မြို့​သို့ သွား​ရောက်​ခဲ့​ပြီး တရုတ် ဂျပန် ပုံ​မှန်​ဆက်ဆံ​ရေး​ရ​ရန် ကြိုးစား ခဲ့​သည်။

နှစ်⁠နှစ်​ခန့်​ကြာသော် ဝန်ကြီး​ချုပ်​တာ​နာ​ကာ​သည် လော့​ဟိ လာဘ်​စား​မှု​နှင့် ပတ်သက်​၍ ရာထူး​မှ ထွက်​ရ​သည်။ ထို​အခါ အို​ဟီ​ရာ​သည် လစ်​ဗ​ရယ်​ဒီ​မို​က​ရက်​တစ်​ပါ​တီ​၏ အထွေ​ထွေ အတွင်း​ရေး​မှူး ဖြစ်လာ​သည်။ ထို​နောက် ပါ​တီ​ရွေး​ကောက်​ပွဲ တွင် အနိုင်​ရသ​ဖြင့် ပါ​တီ​ဥက္ကဋ္ဌ ဖြစ်လာ​သည်။ ထို​စဉ်​ပါ​တီ ဥက္ကဋ္ဌ​ဟောင်း ဝန်ကြီး​ချုပ် ဖူ​ကူ​ဒါ​သည် ဝန်ကြီး​ချုပ်​ရာထူး​မှ နုတ်​ထွက်​လိုက်​သ​ဖြင့် အို​ဟီ​ရာ​သည် ဂျပန်​ဝန်ကြီး​ချုပ်​ရာထူး​ကို ဆက်ခံ​ခဲ့​ရ​သည်။ ၁​၉​၇​၈ ခု​နှစ် ဒီဇင်ဘာ​လ ၇ ရက်​နေ့​တွင် စတင်​ပြီး ဝန်ကြီး​ချုပ် ဖြစ်လာ​ခဲ့​သည်။

ဝန်ကြီး​ချုပ် ရာထူး​သက်​တမ်း ၁​၇ လ​အတွင်း လစ်​ဗ​ရယ် ဒီ​မို​က​ရက်​တစ်​ပါ​တီ​တွင်း အာဏာ​ပြိုင်ဆိုင်​မှု​များ ပေါ်ပေါက်​လာ​သည်။ ဗ​မ​လ​အတွင်း​က အို​ဟီ​ရာ​သည် ဂျပန် ပါလီမန်​တွင် အရေး​နိမ့်​ခဲ့​သည်။ ထို့​ကြောင့် ၁​၉​၈​၀ ပြည့်​နှစ် ဇွန်​လ ၂​၂ ရက် နေ့​တွင် အထွေ​ထွေ​ရွေး​ကောက်​ပွဲ​ကို ပြန်လည် လုပ်ဆောင်​မည်​ဟု ကြေညာ​ခဲ့​သည်။

ဂျပန်​ဝန်ကြီး​ချုပ် အို​ဟီ​ရာ​သည် ၁​၉​၈​၀ ပြည့်​နှစ် ဇွန်​လ​တွင် ဂျပန်​နိုင်ငံ​၌ နှလုံး​ရောဂါ​ဖြင့် ကွယ်​လွန်​သည်။ ဇနီး​သည် ရှီ​ဂျီ​ကို နှင့် သား​နှစ်​ယောက်​ကျန်​သည်။ [၂]

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. စွယ်စုံ​ကျမ်း​နှစ်​ချုပ်၊(၁​၉​၇​၉)
  2. စွယ်စုံ​ကျမ်း​နှစ်​ချုပ်၊(၁​၉​၈​၁)