ဘုရင့်နောင်ဈေး

ဝီကီပီးဒီးယား မှ
ဘုရင့်နောင်ဈေး
တည်နေရာမရမ်းကုန်းမြို့နယ် ၁၁၀၆၂၊ ရန်ကုန်မြို့
ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံ
ကိုဩဒိနိတ်16°51′59″N 96°06′26″E / 16.86639°N 96.10722°E / 16.86639; 96.10722ကိုဩဒိနိတ်: 16°51′59″N 96°06′26″E / 16.86639°N 96.10722°E / 16.86639; 96.10722
ဖွင့်လှစ်သည့်နေ့စွဲ၁၉၉၀[၁]

ဘုရင့်နောင်ဈေးသည် ရန်ကုန်မြို့၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာ ကုန်စည်ဒိုင်ကြီး ဖြစ်သည်။ ဘုရင့်နောင်ဈေးကို ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နှစ်ထပ်အဆောက်အဦများဖြစ်ကာ ကြမ်းပြင်အကျယ်သည် ၁၂၀၀ နှင့် ၂,၄၀၀ စတုရန်းပေ (၂၂၀ စတုရန်း မီတာ) ရှိသည်။[၁] ဘုရင့်နောင်ဈေးသည် အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပဲအမျိုးမျိုးကို လက်ကားရောင်းချရာ တခုတည်းသောနေရာဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် နိုင်ငံခြားသို့ ပဲတင်ပို့မှုသည် ၁.၃၄ မီလီယံတန်ရှိပြီး အမေရိကန်ဒေါ်လာ ၇၅၀ မီလီယံရှိသည်။[၂][၃]

မတ်ပဲသည် အဆိုပါဈေးတွင် အဓိကတင်ပို့သော ပဲတစ်မျိုးဖြစ်သည်။[၄] ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ စသော ပဲ တန်လေးထောင်ခန့်သည် နေ့စဉ် ရောင်းဝယ်ဖောက်ကားမှု ဖြစ်နေသည်။[၃] ထို့ပြင် ဘုရင့်နောင်ဈေးသည် မြန်မာနိုင်ငံရှိ ဒေသအသီးသီးသို့ ငပိငါးခြောက်များကို အဓိက လက်ကားရောင်းချရာ နေရာကြီးလည်း ဖြစ်သည်။

ဘုရင့်နောင်ဈေးကို အင်တာနက်အခြေပြု ကုန်သွယ်မှု သတင်းအချက်အလက်ကွန်ယက်၏ ဗဟိုအဖြစ် ဆောက်လုပ်ရန် ရည်ရွယ်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကုန်စည်ဒိုင်များနှင့် ချိတ်ဆက်ထားကာ ဈေးနှုန်းတသတ်မှတ်တည်း တည်ငြိမ်စေရန် နိုင်ငံတကာဈေးနှုန်းများနှင့်အညီ ရောင်းချရသော ကုန်စည်ဒိုင်ကြီးအဖြစ် ဆောက်လုပ်နိုင်ရန် ရည်ရွယ်ခဲ့သည်။[၅][၆] လက်ရှိတွင် မြန်မာနိုင်ငံရှိ ကုန်စည်ဒိုင်များသည် တယ်လီဖုန်းများဖြင့်သာ ချိတ်ဆက် ရောင်းဝယ်နေကြသည်။[၅] ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ဘုရင့်နောင်ဈေး၌ ပြည်တွင်းဈေနှုန်းများကို အချိန်နှင့်တပြေးညီ ပြသသော စနစ်တစ်ခု ရှိလာခဲ့သည်။ ဆီထွက်သီးနှံအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အားလူး၊ ငရုတ်သီးစိမ်းတို့၏ ပြည်တွင်းနှင့် နိုင်ငံတကာဈေးနှုန်းများကိုလည်း မကြာမီ ထည့်သွင်းနိုင်မည်ဟု မျှော်မှန်းခဲ့ကြသည်။[၆] ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းသည် ပြည်တွင်းနှင့် ပြည်ပမှ အရောင်းအဝယ်များအားလုံးကို ဘုရင့်နောင်ဈေးတွင်သာ အပြီးသတ်ပြုလုပ်ရန် လိုလားခဲ့ကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဇော်ထက်နှင့် မေသန္တာဝင်း (၂၀၀၆-၀၉-၀၄). "Market reforms lead to Bayintnaung boom". မြန်မာတိုင်း(မ်). 
  2. ရီရီထွေး (၂၀၀၈-၁၀-၀၆). "Bank, exporters gamble on higher prices". မြန်မာတိုင်း(မ်).  မော်ကွန်းတင်ပြီးမိတ္တူ။ 23 November 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2017 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ သိုက်ဇင် (2009-08-31). "Beans and pulses markets level out". မြန်မာတိုင်း(မ်).  မော်ကွန်းတင်ပြီးမိတ္တူ။ 10 September 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2017 တွင် ပြန်စစ်ပြီး။
  4. တင်မိုးအောင် (၂၀၀၇-၀၄-၀၉). "Beans and pulses traders anticipate export price rise". မြန်မာတိုင်း(မ်).  မော်ကွန်းတင်ပြီးမိတ္တူ။ 5 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2017 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ထင်ကျော် (၂၀၀၈-၀၉-၀၈). "No completion date set for comms trading network". မြန်မာတိုင်း(မ်).  မော်ကွန်းတင်ပြီးမိတ္တူ။ 21 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2017 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ ထင်ကျော် (၂၀၀၈-၁၀-၀၆). "Bayintnaung launches E-information system". မြန်မာတိုင်း(မ်).  မော်ကွန်းတင်ပြီးမိတ္တူ။ 16 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2017 တွင် ပြန်စစ်ပြီး။

Burma Markets Information Daily