ဘုခေါ့ ရီလေး

ဝီကီပီးဒီးယား မှ

ထရန်စဖော်မာ တွင်ပါရှိသော ဘုခေါ့ ရီလေး(Buchholz Relay) သည် ထရန်စဖော်မာ တွင် ဆီလှောင်ကန်နှင့်ထရန်စဖော်မာကိုယ်ထည်အတွင်းပိုင်း(core နှင့် winding များမြုပ်ထားရာ main tank) ကြားတွင် ချိတ်ဆက်ထားသော ပစ္စည်းဖြစ်သည်။၎င်းတွင် အဓိကအစိတ်အပိုင်း နှစ်ခုပါရှိသည်။(အောက်ပုံတွင်ကြည့်ပါ)အပေါ်ဘက်တစ်ခုသည် ဆီပေါ်တွင် ပေါလောပေါ်နိုင်သော အရာကိုမောင်းတံဖြင့်ချိတ်ဆက်ထားသည်။၎င်းမောင်းတံ၌ မာကျူရီဖြင့်ပြုလုပ်ထားသော ခလုပ်ကိုတပ်ဆင်ထားသည်။ အောက်ဘက် ရှိအစိတ်အပိုင်းတွင် အပြားပုံစံအရာတစ်ခုပါရှိပြီး ၎င်းတွင် မာကျူရီဖြင့်ပြုလုပ်ထားသော ခလုပ်ကို တပ်ဆင်ထားသည်။၎င်းတို့ကို မောင်တံတွင် ချိတ်ဆက်ထားပြီးထရန်စဖော်မာကိုယ်ထည်အတွင်းပိုင်း ၏အဝင်တွင် တပ်ဆင်ထားသည်။ ဘုခေါ့ ရီလေး သည် ထရန်စဖော်မာ ၏အသေးစား ပြစ်ချက် များမှစတင်၍ ကွိုင်များ၏ ကာကွယ်ပစ္စည်းရှိ ပြစ်ချက် ၊ထရန်စဖော်မာအူတိုင် များပူခြင်း၊ဆီများဓာတ်ပြိုကွဲခြင်း တို့ဖြစ်ပေါ်ကလုပ်ဆောင်သည်။Main tank မှ ဆီယိုစိမ့်မှုများ ရှိခဲ့ပါက ဆီ level လျော့ကျလာသောကြောင့် အပေါ်ဘက်ရှိ ခလုပ်သည် လုပ်ဆောင်သည်။ မာကျူရီဖြင့်ပြုလုပ်ထားသော ခလုပ်၌တပ်ဆင်ထားသော ပွင့်နေသောပွိုင့်သည် ထိကပ်သွားသဖြင့် ၎င်းဖြင့်ချိတ်ဆက်ထားသော သတိပေးဆားကစ်များ ကိုလုပ်ဆောင်စေမည်။ ဆားကစ် ဘရိတ်ကာ တို့၏လုပ်ဆောင်မှုကို ရပ်တန့်စေမည်။ အခြား ပြစ်ချက်များဖြစ်သည့် phase လိုင်းများ earth လိုင်းဖြင့် short circuit ဖြစ်ခြင်း၊phase လိုင်းခြင်း phase လိုင်း short circuit ဖြစ်ခြင်း၊tap changing ပြောင်းပေးသည့် အစိတ်အပိုင်းများတွင် ပြစ်ချက်ရှိနေခြင်း တို့ဖြစ်ပေါ်ပါက အောက်ဘက်တွင်ပါရှိသော ပလိပ်ပြားကိုတွန်းကန်စေပြီး ၎င်းတွင် တပ်ဆင်ထားသော မာကျူရီခလုပ်သည်လုပ်ဆောင်၍ power system ကိုပြတ်တောက်စေမည်။ ထရန်စဖော်မာ ထဲသို့ ဆီထည့်သွင်းသောအခါ ထိုဆီနှင့်အတူလေ သည်လည်းရောနှောဝင်ရောက်လေ့ရှိသည်။ ထိုလေတို့သည် ဘုခေါ့ ရီလေး ၏အိမ်ထဲတွင် ဝင်ရောက်နေရာယူကြသဖြင့် ရီလေး၏ အပေါ်ဘက်ခလုပ်ကို လုပ်ဆောင်စေသည်။ ထရန်စဖော်မာ ၏ အူတိုင် တို့သည်ပူလာပါက ဆီ၏ ထုထည် ကို ပိုမိုပြန့်ကားလာစေသဖြင့် အောက်ဘက်ရှိခလုပ်ကိုလုပ်ဆောင်စေသည်။

ကိုးကား[ပြင်ဆင်ရန်]

https://en.wikipedia.org/wiki/Buchholz_relay