ဘိုင်ကယ်အိုင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဘိုင်ကယ်အိုင်
Olkhon Island and Lake Baikal.jpg
Lake Baikal
Karte baikal2.png
တည်နေရာ ဆိုက်ဘေးရီးယားရုရှားနိုင်ငံ၏ အလံတော် ရုရှား
ကိုဩဒိနိတ် 53°30′N 108°0′E / 53.5, 108
ရေအိုင်အမျိုးအစား Continental rift lake
ပင်မ ရေဝင်စီးကြောင်း ဆယ်လင်ဂါမြစ်ဘာဂူဇင်မြစ်အပေါ်အန်ဂါရာမြစ်
ပင်မ ရေထွက်စီးကြောင်း အန်ဂါရာမြစ်
ရေစုဝေးရာ နေရာ ၅၆၀,၀၀၀ km (၂၁၆,၀၀၀ sq mi)
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ ရုရှား နှင့် မွန်ဂိုးလီးယား
အကျယ်ဆုံး အလျား ၆၃၆ km (၃၉၅ mi)
အကျယ်ဆုံး အနံ ၇၉ km (၄၉ mi)
မျက်နှာပြင် ဧရိယာ ၃၁,၇၂၂ km (၁၂,၂၄၈ sq mi)[၁]
ပျမ်းမျှအနက် ၇၄၄.၄ m (၂,၄၄၂ ft)[၁]
အနက်ဆုံး အနက်အရှိုင်း ၁,၆၄၂ m (၅,၃၈၇ ft)[၁]
ရေထုထည် ၂၃,၆၁၅.၃၉ km (၅,၇၀၀ cu mi)[၁]
Residence time ၃၃၀ နှစ်[၂]
ကမ်းခြေအလျား ၂,၁၀၀ km (၁,၃၀၀ mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့် ၄၅၅.၅ m (၁,၄၉၄ ft)
ရေခဲမှု ဇန်နဝါရီ-မေ
ကျွန်းများ ၂၇
အနီးရှိမြို့များ အာကွတ်စ်မြို့
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii, viii, ix, x
ရွေးချယ်ခြင်း ၁၉၉၆ (၂၂ ကြိမ်မြောက် အစည်းအဝေး)
ရည်ညွှန်းနံပါတ် 754
နိုင်ငံ ရုရှားနိုင်ငံ၏ အလံတော် ရုရှား
ယူနက်စကိုဒေသ အာရှ-ပစိဖိတ်
ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။


ဘိုင်ကယ်အိုင် (အင်္ဂလိပ်: Lake Baikal; ရုရှား: о́зеро Байка́л, tr. Ozero Baykal; IPA: [ˈozʲɪrə bɐjˈkɑl]; Template:Lang-bxr, Template:Lang-mn, Baygal nuur၊ အဓိပ္ပါယ် "သဘာဝအိုင်";[၃])သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ရေကန်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း သန်း ၃၀ ခန့်ကတည်းကပင် တည်ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် အနက်ဆုံးသော အိုင် ဖြစ်ပြီး ပျမ်းမျှ အနက် ၇၄၄.၄ မီတာခန့်မျှ ရှိသည်။

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ တောင်ပိုင်း အာကွတ် အိုဘလတ်စ် အုပ်ချုပ်ရေး ဒေသ (Irkutsk Oblast) နှင့် ရုရှားနိုင်ငံ၏ တစိတ်အပိုင်း ဖြစ်သော ဘားရတ်နိုင်ငံ (Buryat Republic) တို့ ကြားတွင် တည်ရှိသည်။ ကမ္ဘာပေါ်တွင် ထုထည် အများဆုံး ရေချိုရေကန်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အေးခဲမနေသော ရေချိုများ၏ ၂၀ ရာခိုင်နှုန်းမျှ ရှိသည်။

အနက်အားဖြင့် ၅,၃၈၇ပေ( ၁၆၄၂ မီတာ) မျှ နက်သဖြင့် ဘိုင်ကယ်အိုင်သည် ကမ္ဘာပေါ်ရှိ ရေအိုင်များတွင် အနက်ဆုံး နှင့် အကြည်လင်ဆုံး ရေအိုင်ဖြစ်သည်။ ဘိုင်ကယ်အိုင်သည် တန်ဂန်ရီကာအိုင် ကဲ့သို့ပင် ရှေးခေတ်ကာလက ကျောက်လွှာများ ရွေ့လျားမှုကြောင့် ပေါ်ပေါက်လာသော ရေအိုင် ဖြစ်ပြီး လခြမ်းပုံသဏ္ဌန် ရှည်မျောမျော ရှိသည်။ ရေမျက်နှာပြင် ဧရိယာ ၁၂,၂၄၈ စတုရန်းမိုင် (၃၁,၇၇၂ စတုရန်း ကီလိုမီတာ) မျှ ရှိပြီး ဆူပီးရီးယားအိုင်နှင့် ဝိတိုရိယအိုင် တို့ထက် မျက်နှာပြင် ဧရိယာအားဖြင့် သေးငယ်သည်။ ဘိုင်ကယ်အိုင်သည် အပင်နှင့် သတ္တဝါ မျိုးစိတ်ပေါင်း ၁၇၀၀ တို့ နေထိုင်ရာ နေရာဖြစ်ပြီး ၎င်းတို့၏ သုံးပုံ နှစ်ပုံကို ကမ္ဘာပေါ်ရှိ အခြားမည်သည့်နေရာတွင်မျှ မတွေ့နိုင်ပေ။ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၉၆ ခုနှစ်တွင် ကြေငြာခဲ့သည်။ ထို့အပြင် ထိုဒေသသည် ဘားရတ်လူမျိုးစုတို့ နေထိုင်ရာ နေရာဖြစ်ပြီး ထိုလူမျိုးစုတို့သည် ကန်၏ အရှေ့ခြမ်းတွင် နေထိုင်ကြကာ ဆိတ်၊ ကုလားအုပ်၊ နွား၊ သိုး စသည်တို့ကို မွေးမြူကြသည်။ ဒေသ အပူချိန်သည် ဆောင်းရာသီတွင် အနှုတ် ၁၉ ဒီဂရီ ဆဲလ်စီးယပ် (-၂ ဒီဂရီ ဖာရင်ဟိုက်) မှ နွေရာသီတွင် ၁၄ ဒီဂရီ ဆဲလ်စီးယပ် (၅၇ ဒီဂရီ ဖာရင်ဟိုက်) အထိ ပြောင်းလဲမှု ရှိသည်။ ဘိုင်ကယ်အိုင်ကို "ညီအမအိုင်များ၏ အစ်မကြီး" ဟု တင်စား ခေါ်ဝေါ်လေ့ ရှိကြသည်။

ဓါတ်ပုံများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]