ဘာစီလိုနာ ဘောလုံးအသင်း
![]() |
||||
| အသင်းအမည် | Futbol Club Barcelona | |||
|---|---|---|---|---|
| အခြားအမည် | L'equip blaugrana (team) Culers or Culés (supporters) Blaugranes or Azulgranas (supporters) |
|||
| တည်ထောင်နှစ် | ၁၈၉၉ နိုဝင်ဘာ ၂၉ Foot-Ball Club Barcelona | |||
| အိမ်ကွင်း | Camp Nou, ဘာစီလိုနာမြို့ (Capacity: 99 354[၁]) |
|||
| ဥက္ကဋ္ဌ | Sandro Rosell | |||
| မန်နေဂျာ | Josep Guardiola | |||
| ကစားသည့်လိဂ် | လာ လီဂါ | |||
| 2009–10 | La Liga, 1st | |||
|
||||
ဘာစီလိုနာ ဘောလုံးအသင်းသည် စပိန်ကြေးစား ဘောလုံးကလပ် တစ်ခု ဖြစ်ပြီး စပိန်နိုင်ငံ ဘာစီလိုနာမြို့ တွင် အခြေစိုက်သည်။ ၄င်းသည် လာ လီဂါ တွင် ကစားပြီး အောက်တန်းသို့ မဆင်းရသော အသင်း ၃ သင်းတွင် တစ်သင်း အပါအဝင်ဖြစ်သည်။
ဘာစီလိုနာ ဘောလုံးအသင်းကို ၁၈၉၉ ခုနှစ်တွင် ဂျုံး ဂန့်ပါ ဦးဆောင်သော ဆွစ်ဇာလန်၊ အင်္ဂလိပ်နှင့် စပိန် ဘောလုံးသမားများက တည်ထောင်ခဲ့သည်။ ဘာစီလိုနာ ဘောလုံးကလပ်သည် ကတ်တလန် ယဉ်ကျေးမှု၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ အခြား ဘောလုံးကလပ်များနှင့် မတူညီသည့် အချက်မှာ အသင်း၏ ပရိသတ်များက အသင်းကို ပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။ အမြတ်အစွန်း အားဖြင့် ကြည့်လျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အချမ်းသာဆုံး ဘောလုံးကလပ်ဖြစ်ပြီး နှစ်စဉ်လည်ပတ်နေသည့် ငွေပမာဏမှာ ယူရိုဒေါ်လာ ၃၉၈ သန်းမျှ ရှိသည်။ အချိန်ကာလ ရှည်လျားစွာပင် ရီးယဲလ် မဒရစ် အသင်းနှင့် အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး ထိုအသင်းနှစ်သင်း ယှဉ်ပြိုင်သောပွဲကို အယ်ကလာစီကို (El Clásico) ဟု ရည်ညွှန်းလေ့ ရှိသည်။
ဘာစီလိုနာ ဘောလုံးအသင်းသည် စပိန်ဘောလုံးတွင် ရရှိသော ဆုတံဆိပ်အားဖြင့် ဒုတိယမြောက် အအောင်မြင်ဆုံး အသင်းဖြစ်သည်။ လာလီဂါ ချန်ပီယံ အကြိမ် ၂၀ မျှ ဖြစ်ခဲ့ဖူးပြီး စံချိန်အဖြစ် စပိန် ဖလား ၂၅ခု၊ စူပါစပိန်ဖလား ကိုးခု နှင့် လိဂ်ဖလား ၂ ခု ရခုဖူးသည်။ ဥရောပရှိ အောင်မြင်သော ဘောလုံးအသင်းများတွင် တစ်သင်း အပါအဝင် ဖြစ်ပြီး ယူအီးအက်ဖ်အေ ပြိုင်ပွဲတွင် ဆယ်ကြိမ်မျှ အနိုင်ရခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်မှစ၍ ရာသီတိုင်းတွင် ဥရောပပြိုင်ပွဲကို ကစားနိုင်သော တစ်ခုတည်းသော အသင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ဘာစီလိုနာသည် စပိန်တွင် ပထမဆုံး အကြိမ် အဖြစ် လာလီဂါ၊ ကော့ပါဒယ်လ်ရေး နှင့် ချန်ပီယံလိဂ် ဖလားသုံးခုကို တစ်နှစ်တည်းတွင် ဆွတ်ခူးနိုင်ခဲ့သည်။ ထိုနှစ်တစ်နှစ်တည်းမှာပင် တစ်နှစ်အတွင်း ဖလား ခြောက်ခု ကစားပြီး ခြောက်ခုစလုံး ရရှိသည့် အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ အခြား ဖလား ၃ ခုမှာ စပိန် စူပါဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား နှင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့ဖြစ်သည်။ ဘာစီလိုနာသည် ၂၀၁၀-၁၁ခုနှစ် ၎င်းတို့၏ ၄ခုမြောက် ချန်ပီယံလိဂ်ဖလားအား ရယူခဲ့သည်။ ဗိုလ်စွဲခဲ့ရာတွင် ဆီမီးဖိုင်နယ်၌ စပိန်ပြိုင်ဘက် ရီးရဲလ် မက်ဒရစ်ကို နှစ်ကြော့ပေါင်း ရလဒ် ၃-၁ ဖြင့် အနိုင်ယူသို့ ဖိုင်နယ်သို့တက်ခဲ့ပြီး ဗိုလ်လုပွဲတွင် အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်းအား မက်ဆီ၊ ဒေးဗစ်ဗီလာ၊ ဇာဗီတို့၏ သွင်းဂိုးများဖြင့် ၃-၁ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ Information. FC Barcelona. Retrieved on 27 November 2010။
