ရီးယဲလ် မဒရစ်
Wikipedia မှ
![]() |
||||
| အသင်းအမည် | Real Madrid Club de Fútbol | |||
|---|---|---|---|---|
| အခြားအမည် | Los Blancos (The Whites) Los Merengues (The Merengues) |
|||
| တည်ထောင်နှစ် | March 6, 1902 as Madrid Football Club |
|||
| အိမ်ကွင်း | Estadio Santiago Bernabéu, Madrid (Capacity: 80,354) |
|||
| ပိုင်ရှင် | Alfredo Di Stéfano | |||
| ဥက္ကဋ္ဌ | Florentino Pérez | |||
| မန်နေဂျာ | ဂျို့စ်မော်ရင်ဟို | |||
| ကစားသည့်လိဂ် | လာ လီဂါ | |||
| 2009–10 | La Liga, 2nd | |||
| ဝက်ဘ်ဆိုဒ် | Club home page | |||
|
||||
ရီးယဲလ် မဒရစ် (မဒရစ် တော်ဝင် ဘောလုံးကလပ်) သည် စပိန်နိုင်ငံ မဒရစ်မြို့တွင် အခြေစိုက်သည့် ကြေးစားဘောလုံး ကလပ်အသင်း တစ်သင်းဖြစ်သည်။ စပိန်တွင် အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ဖီဖာဘောလုံး အဖွဲ့ချုပ်က ၂၀ ရာစုနှစ်၏ အအောင်မြင်ဆုံး ကလပ်အဖြစ် မဲပေးထားသည်။ ရီးယဲလ်သည် လာ လီဂါ၌ ချန်ပီယံဆု ၃၂ ကြိမ်၊ UEFA ချန်ပီယံလိဂ်တွင် ၉ ကြိမ်၊ UEFA ဖလားတွင် ၂ ကြိမ်၊ UEFA စူပါဖလားတွင် ၁ ကြိမ် အသီးသီး ရရှိခဲ့ဖူးသည့် အသင်းလည်း ဖြစ်သည်။ ကလပ်အမည်တွင် ပါဝင်သည့် ‘ရီးယဲလ်’ ဟူသော စပိန်ဝေါဟာရ၏ အဓိပ္ပာယ်မှာ ‘တော်ဝင်’ ဖြစ်ပြီး ၁၉၂၀ ခုနှစ်တွင် စပိန်ဘုရင် အာလ်ဖွန်ဆို ၁၃ က ရီးယဲလ် အမည်နှင့် အသင်းတံဆိပ်ပါ သရဖူကို အပ်နှင်းပေးခဲ့သည်။
