ဖော့ဂုဏ်

ဝီကီပီးဒီးယား မှ
ဖော့ဂုဏ် ရှိအားများ။ အရာဝတ္ထုသည် အရည်တွင်ပေါလောပေါ်နေသည်ဟု ယူဆပါ။ အဘယ့်ကြောင့်ဆိုသော် အထက်သို့ပင့်အားသည့် အောက်သို့အားနှင့် ညီမျှသည်။

ရူပဗေဒတွင် ဖော့ဂုဏ် (Buoyancy) (/ˈbɔɪənsi, ˈbjənsi/)[၁][၂] သို့မဟုတ် upthrust သည် အရည်၏ အထက်သို့ပင့်သည့်အားဖြစ်သည်။

ဝတ္ထုတစ်ခုသည် အရည်ထဲသို့ ဝတ္ထုတစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ နစ်မြုပ်သွားသောအခါ ယင်း ဝတ္ထုအား အထက်သို့ တွန်းသည့် အရည်ပင့်အားကို အရည်၏ ဖော့ဂုဏ်ဟု ခေါ်သည်။ ယင်း၏ ပမာဏမှာ နစ်မြုပ်လျက်ရှိ‌သော ဝတ္ထုက ဖယ်ထုတ်လိုက်‌သော အရည်၏ အလေးချိန်နှင့် တူညီသည်။

ဖော့ဂုဏ်သည် နစ်မြုပ်သည့် အရာဝတ္ထု၏အလေးချိန်နှင့် ဆန့်ကျင်သည်။ အရည်၏ အောက်ခြေရှိဖိအားသည် အထက်ရှိဖိအားထက် များသည်။ ထို့အတူပင် အရာဝတ္ထု၏ အောက်ခြေရှိ ဖိအားသည် အထက်ရှိ ဖိအားထက် ပိုများသည်။ ထို ဖိအားသည် အရာဝတ္ထုပေါ်သက်ရောက်သည့် အထက်သို့ပင့်အားရလဒ်ကို ခြားနားစေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Wells၊ John C. (2008)၊ Longman Pronunciation Dictionary (3rd ed.)၊ Longman၊ ISBN 9781405881180
  2. Roach၊ Peter (2011)၊ Cambridge English Pronouncing Dictionary (18th ed.)၊ Cambridge: Cambridge University Press၊ ISBN 9780521152532