ဖာရာ ဖော့ဆက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
(Fara Fawcett) ၁၉၄၇-၂ဝဝ၉
ဖာရာဖော့ဆက်
မွေးသက္ကရာဇ် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ ့
ကွယ်လွန် ၂ဝဝ၉-ခုနှစ်၊ ဇွန်လ၊ (၂၅)ရက်
ငယ်အမည် Farrah Fawcett-Majors
မိဘအမည်
မွေးရာဇာတိ အမေရိကန်နိုင်ငံ၊ တက္ကဆက် ပြည်နယ်
နို်င်ငံ အမေရိကန် အမေရိကန်
အလုပ်အကိုင် ရုပ်ရှင် သရုပ်ဆောင်
ထင်ရှားကျော်ကြားမှု ကမ္ဘာကျော် မင်းသမီး
ကိုးကွယ်သည့်ဘာသာ
ကွန်ယက်

ဖာရာဖော့ဆက် (Fara Fawcett) ကို ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ ့တွင် တက္ကဆက် ပြည်နယ်၌ မွေးဖွားခဲ့သည်။ ဆက်ဆီ (Sexy)ဖြစ်သည့် ဝတ်စားဆင်ယဉ်မှု နှင့် အပြေအဆိုအနေအထိုင် တို ့ကို လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) ကတည်းက ကမ္ဘာသို့မိတ်ဆက်ပေးခဲ့သည့် ချာလိစ် အိန်ဂျယ် ရုပ်သံဇာတ်လမ်းတွဲမှ သရုပ်ဆောင် မင်းသမီးတစ်ဦး ဖြစ်သည်။

၁၉၇၆ ခုနှစ်မှ ၁၉၈၀ ခုနှစ် ထိပြသခဲ့သည့် ချာလိစ် အိန်ဂျယ်ရုပ်သံ ဇာတ်လမ်းတွဲများတွင် အလွတ်စုံထောက် နှင့် ပြိုင်ကားမောင်းသူ ဂျေးမွန် ရိုးအဖြစ် သရုပ်ဆောင်ခဲ့သည်။ထိုရုပ်သံဇာတ် လမ်းတွင်သူမ၏ သရုပ်ဆောင် မှု အတွက် ရွှေကမ္ဘာလုံးဆု ရရှိခဲ့သည်။

ပလေးဘွိုင်းမဂ္ဂ ဇင်းအတွက် သူမ၏ ပကတိ အလှပုံကို ၁၉၉၅ နှင့် ၁၉၉၇ တွင် ရိုက်ကူးပေးခဲ့သည်။၁၉၇၃ ခုနှစ် တွင် The Six Million Dollar Man ဇာတ်လမ်းတွဲ တွင် သူ နှင့် အတူ သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင် လီမေဂျာ နှင့် လက်ထပ်ခဲ့သည်။သရုပ်ဆောင် ရိုင်ယန် အိုနီး နှင့် ၁၉၈၂ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ တွဲခဲ့ပြီး နောက် ၂၀၀၁ ခုနှစ် မှ ယခုကွယ်လွန် ခိိျန် အထိတွဲခဲ့သည်။

ရိုင်ယန် အိုနီးက ဖော့ဆက်ကို လက်ထပ်ခွင့် တောင်းဆိုထားရာ သဘောတူထားသောလည်း လက်ထပ် ခြင်းမပြုရသေးသည် ပင်ကွယ်လွန် ခဲ့သည်။ ဖာရာဖော့ဆက် မှာ စအို ကင်ဆာ ရောဂါကို လွန်ခဲ့သည့် သုံးနှစ် ကတည်းက ခံစားနေရပြီး ယခု ထိုရောဂါ ဖြစ်ပင်ကွယ်လွန် ခဲ့သည်။

မြန်မာ နိုင်ငံတွင် Combat , S.W.A.T, Little House စသည့် အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ များပြသစဉ် အချိန်က ချာလိအိန်ဂျယ် ဇာတ်ကားမှာ အပတ်စဉ် ကြာသပတေး နေ ့တိုင်းပြသရာမှာဖာရာဖော့ဆက်မှာ မြန်မာ ပရိသတ် တို ့၏ အသည်းကျော်ဖြစ်လာခဲ့သည်။


၁၉၆၉ ခုနှစ်တွင် Love is funny thing ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဖာရာဖော့ဆက်သည် ၂ဝဝ၉-ခုနှစ်၊ ဇွန်လ၊ (၂၅)ရက်နေ့ အသက် ၆၂ နှစ် အရွယ်တွင် ဆန်တာ မော်နီကာ ဆေးရုံကြီး၌ ကင်ဆာရောဂါတစ်မျိုးဖြင့် ကွယ်လွန် သွားခဲ့သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Farrah_Fawcett