ပိုက်ပိုက်အေး

ဝီကီပီးဒီးယား မှ
ပိုက်ပိုက်အေး
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ မေ ၂၀၂၀
ခန့်အပ်သူဦးဝင်းမြင့်
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးတင်အောင် (၂၀၁၆-၂၀၂၀)
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး
တာဝန်သက်တမ်း
၂၉ ဇန်နဝါရီ ၂၀၁၈ – ၁၇ မေ ၂၀၂၀
ခန့်အပ်သူဦးဝင်းမြင့်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၁
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ဒေါ်ပိုက်ပိုက်အေး(၁၉၆၁ ဖွား) သည် မြန်မာအမျိုးသမီး တရားသူကြီးတစ်ဦး ဖြစ်သည်။ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသည်။[၁]တရားလွှတ်တော်များထဲ ဒုတိယမြောက် အမျိုးသမီးတရားသူကြီးချုပ် အဖြစ် ခန့်အပ်ခံရသူလည်းဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

သူမသည် ရန်ကုန်တက္ကသိုလ် မှနေ၍ ဥပဒေပညာအထူးပြု LL.B ဘွဲ့ ကို ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၈၄ ခုနှစ်က စပြီး မြန်မာ့တရားစီရင်ရေးတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အဆင့်(၄) တရားရေးအရာရှိ အဖြစ် ဝန်ထမ်းဘ၀ စတင်ခဲ့ကာ တရားစီရင်ရေးမဏ္ဍိုင်အဆင့်အသီးသီးတွင် တရားသူကြီးအဖြစ် ၃၆ နှစ်ကြာ အမှုထမ်းခဲ့သည်။ [၂]

တရားလွှတ်တော်တရားသူကြီးတာဝန်[ပြင်ဆင်ရန်]

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သူမကို ၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီး အဖြစ် ခန့်အပ်သည်။[၃]၂၀၂၀ မေလ ၁၈ရက်တွင် ယင်းတရားလွှတ်တော်၏ တရားသူကြီးချုပ်တာဝန် ကို တိုးမြှင့်ခန့်အပ်ခဲ့သည်။[၄]

မိသားစုဘဝ[ပြင်ဆင်ရန်]

သူမသည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးMyanmar Digital News (၁၉ မေ ၂၀၂၀)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးတနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. တိုင်းအစိုးရ ဝန်ကြီးသစ် ၃ ဦးသမ္မတအတည်ပြုခန့်အပ်DVB (၃၀ ဇန်နဝါရီ ၂၀၁၈)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. တိုင်းဒေသဝန်ကြီးများနှင့် တရားလွှတ်တော် တရားသူကြီးခန့်အပ်ဆင်ဟွာသတင်း (၃၀ ဇန်နဝါရီ ၂၀၁၈)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။