ပလိပ်အင်း

ဝီကီပီးဒီးယား မှ

ပလိပ်အင်းသည် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်စဉ့်ကိုင်မြို့နယ်တွင် တည်ရှိသည်။ ဧရာဝတီမြစ်လက်တက်ဖြစ်သော မြစ်ငယ်မြစ်မှ အင်းအတွင်း ရေဝင်ရေထွက် ပြုလုပ်သည်။ ရေအရည်အသွေးမှာ PH 9.2 ဖြစ်သည်။ အင်းအတွင်းတွင် ကြာလင်ပန်းများ ပေါများစွာ ပေါက်ရောက်သည်။ အခြားအပင်များ အနေဖြင့် ရေမှော်၊ ကနဖော့၊ ဟင်းညံ၊ ရေကန်စွန်းတို့ ပေါက်သည်။ အင်းအတွင်း ရေငှက်မျိုးစိတ် ၃၇ မျိုး၊ အခြားငှက်မျိုးစိတ် ၇ မျိုး၊ ငါးမျိုးစိတ် ၈ မျိုး၊ ကျက်စားကြောင်း မှတ်တမ်းပြုထားသည်။ ၂၀၁၂-၂၀၁၃ ခုနှစ် ကွင်းဆင်းလေ့လာမှု မှတ်တမ်းအရ ရေငှက်မျိုးစိတ် ၃၀၊ ရာသီအလိုက် ပြောင်းရွေ့ကျက်စားသည့် ဆောင်းခိုငှက် ၁၁-မျိုးနှင့် ဒေသမျိုးရင်း ငှက်မျိုးစိတ် ၁၉-မျိုး ကျက်စားသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်၊ ၁၇-၉-၂၀၁၈၊ စာ-၁၇