ပဇီကြီးရွာ၊ ကန့်ဘလူမြို့နယ်

ဝီကီပီးဒီးယား မှ
ပဇီကြီး
ရွာ
ပဇီကြီးရွာ
ပဇီကြီး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပဇီကြီး
ပဇီကြီး
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 23°00′17″N 95°55′14″E / 23.0048599243164°N 95.9206085205078°E / 23.0048599243164; 95.9206085205078ကိုဩဒိနိတ်: 23°00′17″N 95°55′14″E / 23.0048599243164°N 95.9206085205078°E / 23.0048599243164; 95.9206085205078
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ကန့်ဘလူခရိုင်
မြို့နယ်ကန့်ဘလူမြို့နယ်
ကျေးရွာအုပ်စုပဇီကြီး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပဇီကြီးရွာ (အင်္ဂလိပ်: Pazigyi)သည် စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင်ကန့်ဘလူမြို့နယ်ပဇီကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၀၆၉ ဖြစ်သည်။ [၁]

၂၀၂၃ ဖြစ်ရပ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပဇီကြီး အစုအပြုံလိုက် သတ်ဖြတ်ခံရမှု

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ပဇီကြီးကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲပြုလုပ်နေစဉ်[၂] စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ဧပြီလ ၁၃ ရက်နေ့ ၂၀၂၃ အထိ အတည်ပြုချက်အရ အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၂၅ ဦး၊ ကလေးသူငယ် ၃၈ ဦး၊ စုစုပေါင်း ၁၇၄ ဦး သေဆုံးခဲ့သည်။[၃]

ကန့်ဘလူနယ် ပဇီကြီးကျေးရွာအား စစ်ကောင်စီမှ လေကြောင်းမှတိုက်ခိုက်၍ သေဆုံးသူများတွင်ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)တာဝန်ယူထားသူ ၁၈ ဦးသာပါဝင်ပြီး ကျန် ၁၅၀ ဦးမှာပြည်သူများသာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧပြီ ၁၆ ၂၀၂၃ တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထုတ်ပြန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]