ပစ်ပယ်ထားခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အိမ်ယာမဲ့များကို ရံဖန်ရံခါလူ့အဖွဲ့အစည်း၏ ပင်မရေစီးကြောင်းမှ ပစ်ပယ်ထားခြင်းခံရသူများအဖြစ် ရှုမြင်ကြသည်။


လူမှုဗေဒတွင် ပစ်ပယ်ထားခြင်းသည် အပယ်ခံဖြစ်လာစေသည့် သို့မဟုတ် အပယ်ခံဖြစ်စေသည့် လူမှုဖြစ်စဉ် (အောက်ခြေလူနေမှုအဆင့်အတန်းသို့မဟုတ် လူမှုအဆင့် ရပ်တည်ချက်၏ ပြင်ပသို့မဟုတ် ဘေးအစွန်း ဆုံးသို့ အဆင့်နိမ့်ကျစေရန် သို့မဟုတ် ကန့်သတ်ထားရှိရန်) ၊ “ပစ်ပယ်ခံ နိမ့်ကျသောလူတန်းစား” ၊ “အပယ်ခံစာပေ” နှင့် အခြားသောအရာများသည် ဥပမာများဖြစ်သည်။ ၄င်း၏အစွန်းအရောက်ဆုံးပုံစံတွင်၊ ပစ်ပယ်ထားခြင်းသည် လူအုပ်စုကို လုံးဝသုတ်သင်ရှင်းလင်းခြင်းဖြစ်စေနိုင်သည်။[clarification needed] (မူလာလီ(Mullaly) – ၂၀ဝ၇ ). ပစ်ပယ်ထားခြင်းခံရသည်ဆိုသည်ကိုက ကျန်လူ့အ အသိုက်အဝန်း နှင့် ခွဲခြားထားခံရခြင်းဖြစ်သည်ဟု ရည်ညွှန်းထား၍၊ လူ့အ အသိုက်အဝန်း ၏ ဗဟိုတွင် မနေရပဲ၊ ဘေးအစွန်းဆုံးနှင့် အနားသတ်နေရာများ၌သာ အတင်းအကျပ်နေရာယူစေသည်။ ပစ်ပယ်ခံထားရသော လူအများသည် လူ့အ အသိုက်အဝန်း ၏ တစ်စိတ်တဒေသအဖြစ် ထည့်သွင်းစဉ်းစားခြင်း မခံရပါ။ (အာကို ကိုလေး (Arko Koley)၂၀၁၀ )

ပစ်ပယ်ထားခြင်းပုံစံအမျိုးမျိုးများ[ပြင်​ဆင်​ရန်​]

လူ့အသိုက်အဝန်းတွင် ရုပ်ဝတ္ထုပစ္စည်းများ (အစားအစာနှင့် နေစရာကဲ့သို့သော) အရာများသည် မည်မျှထိ အောင် ဆိုးရွားစွာ မမျှမတရောက်ရှိနေသည်ကို ကြည့်အသည့်အခါတွင်၊ ရုပ်ဝတ္ထုပစ္စည်းချို့တဲ့ခြင်းသည် ပစ်ပယ်ထားခံရ ခြင်း၏ ဖြစ်ရိုးဖြစ်စဉ်ရလာဒ်တစ်ခုဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းချို့တဲ့ခြင်းနှင့်အတူ၊ ပစ်ပယ်ခံထားရသူများသည် ဝန်ဆောင်မှုများ ၊ အစီအစဉ်များနှင့် မူဝါဒရေးရာများတွင် လစ်လျူရှုခြင်းခံ ရသည်။ (ယန်း (Young) -၂၀ဝဝ) ဆင်းရဲမွဲတေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုထိခိုက်ပျက်စီးခြင်းနှင့် ၄င်းတို့၏ အကျိုးဆက်အဖြစ် ရောဂါဘယများ ရရှိ လာခြင်းများသည် ရံဖန်ရံခါ လူ၏အသက် ၊ ကျန်းမာရေးနှင့်စိတ်ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေသောရလဒ်အဖြစ် အကျိုးဆက်များ ဖြစ်ပေါ်စေသည်။

လိင်တူခြင်းဆက်ဆံသူ အမျိုးသားများတွင် လိင်ကွဲဆက်ဆံသည့် အသိုင်းအဝိုင်းနှင့် လိင်တူ ဆက်ဆံသည့် အသိုင်းအဝိုင်းနှစ်ခုစလုံးတို့၏ ပစ်ပယ်ထားခံရခြင်းတို့ကြောင့် ဖြစ်ပေါ်သော စိတ်ပိုင်းဆိုင်ရာ ခံစားမှု ထိခိုက်ပျက်စီးစေသည့် ရလဒ်များတွင် ရောဂါနောက်လိုက်ခြင်း (အိတ်ချ်အိုင်ဗွီရရှိအောင် တမင်သက်သက်ဆောင် ရွက်မှုများ) ၊ ကိုယ့်ကို ကိုယ်သတ်သေခြင်းနှင့် မူးယစ်ဆေးစွဲခြင်းတို့ ပါဝင်သည်။ ပစ်ပယ်ထားခြင်းကို အဆင့်သုံးဆင့်အတွင်းတွင် နားလည်သိရှိနိုင်သည်။ ၄င်းတို့မှာ တစ်ဦးချင်း၊ လူအစုအဖွဲ့ နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွဲ့စည်းပုံ/ မူဝါဒများတို့ဖြစ်သည်။ ဥပမာများကို ၎င်း သီးသန့်အဆင့် သုံးဆင့်အတွင်းတွင် ထည့်သွင်းဖော်ပြထားသော်လည်း တစ်ဦးတစ်ယောက်သည် ပစ်ပယ်ထားခြင်း၏ သဘောဝအလျောက် တစ်ခုနှင့်တစ်ခုရောယှက်နေခြင်းနှင့် တစ်ခုပေါ်တစ်ခုထပ်နေခြင်းများကို တွေ့မြင်သိရှိလာသည်။

တစ်ဦးချင်းအဆင့်[ပြင်​ဆင်​ရန်​]

Riischildren.jpg

တစ်ဦးချင်း အဆင့်တွင်ရှိသော ပစ်ပယ်ထားခြင်း၏ရလဒ်များသည် တစ်ဦးချင်းစီ၏ လူ့အဖွဲ့အစည်းတွင် အဓိပ္ပါယ်ရှိရှိ ပါဝင်ဆောင်ရွက်နိုင်မှုကို ထည့်မတွက်ပဲ ချန်လှပ်ထားမှုပင်ဖြစ်သည်။ တစ်ဦးချင်းအဆင့် ပစ်ပယ်ထားခံရမှု၏ ဥပမာသည် ၁၉၀ဝ ခုနှစ် သက်သာချောင်ချိရေး ပြန်လည်ပြင်ဆင်မှုမတိုင်မှီ ယခင်ရှိနှင့်ပြီးသော သက်သာချောင်ချိရေးစံနစ်တွင် မိခင်တစ်ဦးတည်းဦးဆောင်သည့် အိမ်ထောင်စုမှ မိခင်များကို ထည့်မတွက်ပဲ ချန်လှပ်ထားသည့်ပုံစံမျိုး ဖြစ်သည်။သက်သာချောင်ချိရေးစနစ်သည် ကမ္ဘာလုံး ဆိုင်ရာ လုပ်သား၏ သဘောထားအမြင်အပေါ် အခြေခံထားပြီး၊ သက်သာချောင်ချိရေးတွင် ပါဝင်ခံစားခွင့်သည် တစ်စုံတစ်ဦး၏ လူ့အအသိုက်အဝန်းအတွက် အလုပ်လုပ်ခြင်း လုပ်အားထည့်ဝင်ပေးမှုအပေါ်တွင် အခြေခံထား သည်။

မိခင်တစ်ဦးတည်းဦးဆောင်သည့် အိမ်ထောင်စုမှ မိခင်များ၏ လူ့အအသိုက်အဝန်းသို့ထည့်ဝင်မှုသည်အလုပ်လုပ်ခြင်းအပေါ် အခြေခံထားခြင်းမဟုတ်သဖြင့် လူမှုဖူလုံရေးအထောက်အပံ့အကူညီများ တရားဝင် ရပိုင်ခွင့်မရှိခဲ့သည်မှာ နှစ်ပေါင်းဆယ်စုနှစ်များစွာကြာမြင့် ခဲ့ပြီဖြစ်သည်။ ခေတ်သစ်လူမှုအဖွဲ့အစည်းတွင် အိမ်ထောင်ထိန်းသိမ်းခြင်းသည် တန်ဘိုးလျော့နဲသွားပြီး၊ မိခင်ဘဝကို အလုပ်လုပ်ခြင်း၏ အတားအဆီးအဖြစ် ရှုမြင်ကြသည်။ (လီဆာ(Lessa) –၂၀ဝ၆)မိခင်တစ်ဦးတည်းဦးဆောင်သည့်အိမ်ထောင်စုမှမိခင်များသည်ကလေးများ၏ကိစ္စရပ်များတွင်အထင်ကရအခန်းကဏ္ဍမှ ပါဝင်နေသော်လည်းတစ်ဦးချင်းသည်လုပ်အားဖြင့်လူ့အသိုက်အဝန်းကိုအကျိုးရှိရှိထည့်ဝင်ရမည်ဆိုသည့်အမြင်များကြောင့်ပစ်ပယ်ခံထားရသည်။ရလဒ်အဖြစ်မိခင်တစ်ဦးတည်းဦးဆောင် သည့် အိမ်ထောင်စုမှ မိခင်များသာမက ၎င်းုိ့၏သားသမီးများသည်လည်း ရုပ်ဝတ္ထုပစ္စည်းများ ချို ့တဲ့ခြင်းကို ဆက်လက်ခံစားနေရဦးမည် ဖြစ်သည်။ (လီဆာ(Lessa) – ၂၀ဝ၆)

တစ်ဦးချင်းပစ်ပယ်ခံရခြင်း၏ နောက်ထပ်ဥပမာတစ်ခုမှာ ကိုယ်လက်အင်္ဂါမသန်စွမ်း၍ လုပ်သားအင်အားစုမှ ဖယ်ကျဉ်ထားခြင်းဖြစ်သည်။ ဂရန့်(Grandz) (လက်ဆလီ (Leslie)-၂၀ဝ၆ မှ ကိုးကားချက်အရ)မှ အလုပ်ရှင်တစ်ဦး၏ မသန်မစွမ်းဖြစ်နေသူတစ်စုံတစ်ဦးကို ငှားရမ်းခန့်ထားခြင်းအပေါ် ထားရှိသည့်အမြင်ကို ဆွေးနွေးတင်ပြထား သည်မှာ ကုန်ထုတ်လုပ်မှုတွင် ထိခိုက်ခြင်း၊ အလုပ်ပျက်ကွက်မှုနှုန်းတိုးလာခြင်းနှင့် လုပ်ငန်းခွင် မတော် တဆထိခိုက်မှုများကို ပိုမိုဖြစ်ပေါ်စေနိုင်ခြင်းတို့ဖြစ်သည်။ ကင်တာ (Cantor) (လက်ဆလီ -၂၀ဝ၃ တွင် ကိုးကားထားချက်အရ) တင်ပြဆွေးနွေးထားသည်မှာ အလုပ်ရှင်သည် မသန်မစွမ်းလုပ်သားများအတွက် ကုန်ကျနိုင်သညနေထိုင်စားသောက် စရိတ်ကြီးမြင့်မှုကို စိုးရိမ်ပူပန်ခြင်းဖြစ်သည်။ အနောက်နိုင်ငံအများစုတွင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဥပဒေများ ပြဋ္ဌာန်းခြင်းနှင့် မသန်စွမ်းသူများ၏ ပညာရည်မြင့်မားလာမှု ၊ ကျွမ်းကျင်မှု၊ လေ့ကျင့်ထားမှုတို့ မည်သို့ပင်ရှိစေကာမူ မသနစွမ်းသူဖြစ်နေသူ တစ်ဦးချင်းတို့အား ပစ်ပယ်ခံရခြင်းမှာ ယနေ့တိုင်ပျံ့နှံ့နေဆဲဖြစ်သည်။ (လက်ဆလီ(Leslie)-၂၀ဝ၃)

လူအစုအဖွဲ့[ပြင်​ဆင်​ရန်​]

လူအစုအဖွဲ့အများစုသည် ပစ်ပယ်ခြင်းခံရမှုနှင့်ပတ်သက်၍ အတွေ့အကြုံများရှိကြပြီး၊ ဤအခန်းတွင် အဘောရီးဂျင်း မျိုးနွယ်စုများနှင့် အမျိုးသမီးများအပေါ် အထူးသဖြင့် အာရုံစိုက်ထားသည်ကို တွေ့မြင်ရမည်။ အဘောရီ ဂျင်းမျိုးနွယ်စုများ ပစ်ပယ်ခြင်းခံရမှုသည် ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်အုပ်ချုပ်ခံရခြင်းမှ ထွက်ပေါ်လာသည့် ကိစ္စတစ်ရပ်ဖြစ်သည်။ ကိုလိုနီစနစ်၏ အကျိုးရလဒ်အဖြစ်၊ အဘောရီဂျင်းမျိုးနွယ်စုသည် မြေယာများဆုံးရှုံးခြင်း ၊ စားစရာနေရစရာမရှိ သောဒေသများသို့ အတင်း အကြပ်မောင်းထုတ်ခံရခြင်း ၊ ဝင်ငွေရရှိမှုအရင်းအမြစ်များ ဆုံးရှုံးရခြင်းနှင့် လုပ်သားအင်အားဈေးကွက်မှ ဖယ်ထုတ်ခံရခြင်းတို့ဖြစ်သည်။

ထပ်မံဖြည့်စွက်ရလျှင်၊ အဘောရီးဂျင်းမျိုးနွယ်စုများသည် အတင်းအကျပ်ထုတ်နှုတ်ခံရခြင်းအားဖြင့်၎င်းတို့၏ ယဉ်ကျေးမှုနှင့်တန်ဖိုးများ ပျောက်ကွယ်ခဲ့ရပြီး၊ လူ့အဖွဲ့အစည်းတွင် ၎င်းို့၏ ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရသည်။ (ဘာစကင် (Baskin) ၂၀ဝ၃ ) “လူဖြူများ၏ လိုအပ်ချက်များ ရရှိစေပြီး၊ ပစ်ပယ်ခံ အုပ်စုများ၏ လိုအပ်ချက်များမဟုတ်သည့်”လုပ်ဆောင်မှုများ ၊ မူဝါဒများနှင့် အစီအစဉ်များ တိုးတက်ဖြစ်ထွန်းလာ သည့်အတွက်ကြောင့်၊ ယနေ့အမျိုးမျိုးသော လူအစုအဖွဲများသည် လူ့အအသိုက်အဝန်းမှ ဆက်လက်၍ ပစ်ပယ်ထားခြင်း ခံနေရဦးမည်ဖြစ်သည်။ (ရီး Yee - ၂၀ဝ၅ စာမျက်နှာ၉၃)မျက်နှာဖြူများ၏သဘောထားခံယူချက်ကိုဖော်ပြသည့် အခါတွင်လွှမ်းမိုးလိုသောစံနှုန်းများနှင့် ပြောဆိုချက်များကိုတွန်းအားပေးထားခြင်းနှင့် ဆက်လက်ထိန်းသိမ်းထားခြင်းများအဖြစ် လူနည်းစုဖြစ်သော လူအစုအဖွဲ့များ ပစ်ပယ်ခြင်းခံရမှုနှင့် ရီး (Yee)- ၂၀၀၅ မှ ဆက်စပ်ပေးခဲ့သည်။

လူအစုအဖွဲ့အဆင့်တွင် ပစ်ပယ်ခံရခြင်း၏ ဒုတိယမြောက်နမူနာမှာ အမျိုးသမီးများ ပစ်ပယ်ခံရခြင်း ဖြစ် သည်။ မူးဆာမစ်သာ (Moosa-Mitha) (ဘရောင်းနှင့်စတရက်ဂါ (Brown & Strega) - ၂၀ဝ၅ တွင် ကိုးကားထား ချက်) ဆွေးနွေးတင်ပြထားသည်မှာ အမျိုးသမီး လှုပ်ရှားမှုသည် လူ့အအသိုက်အဝန်းတွင် လူဖြူအမျိုးသမီးများ ပစ်ပယ်ခြင်းခံရမှုကို တိုက်ရိုက်တုံ့ပြန်ခြင်းအဖြစ် တင်ပြထားသည်။ အမျိုးသမီးများသည် လုပ်သားအင်အားစု အတွင်းမှ ဖယ်ထုတ်ထားခြင်းခံရပြီး၊ ၎င်းို့၏အိမ်တွင်းအလုပ်သည်လည်း တန်ဖိုးထားခြင်းမခံရပါ။ အမျိုးသမီး လှုပ်ရှားမှု ထောက်ခံအားပေးသူများ ထောက်ပြတိုက်တွန်းထားသည်မှာ အမျိုးသားများနှင့် အမျိုးသမီးများသည် အများပိုင်နှင့် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍများရှိ လုပ်သားအင်အားစုများနှင့် အိမ်မှုကိစ္စတို့တွင် ညီမျှစွာ ပူးပေါင်းပါဝင်သင့်ကြောင်း ဖြစ်သည်။

အလုပ်သမားဥပဒေများအပေါ်တွင်လည်း ၎င်း တို့ဦးတည်ပြောဆိုသည်မှာ အလုပ်အကိုင် အခွင့်အလမ်းတိုးမြှင့်ရရှိရေး နှင့် ထိုနည်းတူစွာ ကလေးပြုစုထိန်းကျောင်းခြင်းကိုလည်း တန်ဖိုးရှိသည့်လုပ်အားတစ်ခုအဖြစ်အသိအမှတ်ပြုရေးတို့ ဖြစ်သည်။ ယနေ့ထက်တိုင် အမျိုးသမီးများသည် အမှုဆောင်အရာရှိရာထူးများမှ ပစ်ပယ်ထားခံနေရခြင်းနှင့် ရာထူးမြင့်သော အုပ်ချုပ်မှုရာထူးများတွင် အမျိုးသားများထက် လုပ်ခလစာလျော့နည်း နေဆဲဖြစ်ခြင်းတို့ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာနှင့် ဖွဲ့စည်းတည်ဆောက်မှု ဆိုင်ရာ[ပြင်​ဆင်​ရန်​]

ကမ္ဘာမှုပြုခြင်း (ကမ္ဘာလုံးဆိုင်ရာ အရင်းရှင်ဝါဒ)၊ လူဝင်မှုကြီးကြပ်ရေး၊ လူမှုသက်သာချောင်ချိရေးနှင့် မူဝါဒတို့သည် ကျယ်ပြန့်သော လူမှုဖွဲ့စည်းတည်ဆောက်ပုံများဖြစ်ပြီး၊၎င်းတို့တွင် တစ်စုံတစ်ဦး၏ အရင်းအမြစ်များ နှင့် ဝန်ဆောင်မှုများ ပိုင်ဆိုင်နိုင်မှုကို ပျက်ပြားစေနိုင်သည် အစွမ်းရှိခြင်းဖြင့်၊ တစ်ဦးတစ်ယောက်ချင်းစီနှင့် အုပ်စုအဖွဲ့များကို ပစ်ပယ်ခံရခြင်းအဖြစ်သို့ ရလဒ်ရရှိစေနိုင်သည်။ ကမ္ဘာမှုပြုခြင်းသည် များစွာသော စွမ်းဆောင်နိုင်မှုများတွင် စီးဆင်းဝင်ရောက်လာသော အရင်းရှင်ဝါဒ၊ သတင်းအချက်အလက်နည်းပညာ၊ ကုမ္ပဏီပြင်ပငှားရမ်းလုပ်ငန်းအပ်နှံခြင်း၊ အလုပ် အကိုင် မသေချာခြင်းနှင့် ဆင်းရဲချမ်းသာအကြား ကွာဟမှု ကျယ်ပြန့်လာခြင်းတို့ကြောင့် တစ်ဦးတစ်ယောက်ချင်း များနှင့် အုပ်စုများတို့၏ဘဝများကို သက်ရောက်မှုရှိသည်။ အယ်ဖုန်း (Alphonse) ၊ ဂျော့ (George) နှင့် မော့ဖတ် (Moffat) (၂၀၀၇) တို့ ဆွေးနွေးတင်ပြထားသည်မှာ ကမ္ဘာမှုပြုခြင်းု စတင်ခဲ့သနည်းဆိုရသော်၊ နိုင်ငံအစိုးရ၏ အခန်းကဏ္ဍတွင်လျော့နည်းစေပြီး၊“စုပေါင်းလုပ်ဆောင်သော လုပ်ငန်းစုကြီးများမှ ကူညီပံ့ပိုး မှုတွင် တိုးတက်လာစေခြင်းဖြင့်၊ မညီမျှမှုများကြီးထွားလာခြင်း၊ မတရားမှုများနှင့် မျိုးစုံသော ထိခိုက်လွယ်သည့် အုပ်စုများ ပစ်ပယ်ခံရခြင်းများဖြစ်သည့် ရလာဒ်” အဖြစ် အမျိုးမျိုးသော ပံ့ပိုးမှုများကို တိုးမြှင့်လာစေသည်။

ကုမ္ပဏီများ ပြင်ပသို့ ငှားရမ်းလုပ်ငန်းအပ်နှံခြင်း၊ အလုပ်ပြုတ်ခြင်း၊ နေထိုင်စားသောက်မှုစရိတ်များ ဆက်လက်တိုးတက် နေခြင်းနှင့် မြေယာများကို ကြီးမားသော ကုမ္ပဏီများက သိမ်းယူသွားခြင်းတို့ဖြစ်သည်။ ပစ္စည်းများကို အလျှံအပယ် ထုတ်လုပ်ပြီး၊ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေချိန်တွင်၊ အိန္ဒိယကို နမူနာအဖြစ်ကြည့်ပါ၊ ကမ္ဘာမှုပြုခြင်း၏ ရလဒ်ဖြစ်သော အမှန်တကယ်ဆင်းရဲမွဲတေစွာ နေထိုင်ရသူများ၏ အရေအတွက်ကို ဖုံးကွယ်ရန်အတွက် ဆင်းရဲမွဲတေမှုမျဉ်းကို နှိမ့်ထားခဲ့သည်။ ကမ္ဘာမှုပြုခြင်းနှင့် ဖွဲ့စည်းတည်ဆောက်မှုသည် ဆင်းရဲမွဲတေမှုကို ပိုမို ဆိုးဝါးလာစေရန် တွန်းအားပေးနေပြီး၊ တစ်ဦးတစ် ယောက်ချင်းစီကို လူ့အဖွဲ့အစည်း၏ အနားသတ်နေရာသို့ ဆက်လက်တွန်းပို့နေချိန်တွင် အစိုးရများနှင့် ကော်ပိုရေးရှင်းကြီးများတို့သည် ရေငုံနှုတ်ပိတ်နေကြသည်။ (ဂျော့ပီ ၊ အက်စကေ ၈၁၀၁၀ (George, P, SK8101, lecture) သင်ခန်းစာ အောက်တိုဘာ ၉ ၂၀ဝ၇ )။

တိကျသေချာသည့် ဘာသာစကားနှင့် ဘာသာစကားသို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တို့သည် အားလုံးနှင့် သက်ဆိုင် သော ပို့ချချက်များဖြစ်စေနိုင်ပြီး၊ ၄င်းတို့ကို အနောက်ကမ္ဘာမှ လွှမ်းမိုးထားသည်။ ဤအကြောင်းအရာများကို ဆူးပေါ (Sewpaul - ၂၀ဝ၆) ဖော်ပြထားပုံမှာ “အားပျော့စေနိုင်သည့် အစွမ်းသို့မဟုတ် ထို့ထက်ပို၍ ဒေသ ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးတမ်းများကို လုံးဝချေမှုန်းပစ်နိုင်ခြင်းနှင့် တိကျသောအမှန်တရားများ၏နောက်ကြောင်း များကို ငြင်းဆန်ခြင်းတို့ဖြစ်သည်” (စာမျက်နှာ - ၄၂၁ )။ ဆူးပေါ (Sewpaul – ၂၀ဝ၆) မှ မည်သို့သောအဓိပ္ပါယ် သက်ရောက်မှုပေးသည်ကို ပြဆိုထားသည်မှာ လွှမ်းမိုးသည့် ကမ္ဘာလုံးဆိုင်ရာ ပို့ချချက်များ၏ အကျိုးသက်ရောက်မှု သည် တစ်ဦးချင်းနှင့် ယဉ်ကျေးမှုပြောင်းရွေ့ရခြင်းကိုဖြစ်ပေါ်စေနိုင်ပြီး၊ ထိုနည်းတူစွာ နေရာဒေသအစုအဝေးကို လျော့နည်းစေမှုအတွေ့အကြုံဖြစ်သည့် တစ်ဦးတစ်ယောက်ချင်းစီ၏ လုံခြုံရေးနှင့် အန္တရာယ် ကင်းရှင်းရေးခံယူချက် များကို စိုးရိမ်ဖွယ်ရာအခြေအနေများ ဖြစ်ပေါ်စေသည် (စာမျက်နှာ -၄၂၂)။ လုံခြုံမှုမရှိခြင်း၊ ့ မသိနိုင်သောအနာဂတ်အတွက် စိုးရွံ့နေရခြင်းနှင့် တည်ငြိမ်မှု မရှိခြင်းတို့သည် နေရာရွေ့ပြောင်းရခြင်း၊ ချန်လှပ်ထားခြင်းနှင့် အင်အားကြီးသောအုပ်စုအတွင်းသို့ အတင်းအကြပ် သွတ်သွင်းခံရခြင်းများဖြစ်သည့် ရလဒ်များကို ရရှိလာနိုင်သည်။

အများစုအတွက်ကမ္ဘာလုံးဆိုင်ရာ အရင်းရှင်ဝါဒ နှင့် ဩဇာကြီးသော ပို့ချချက်များကြောင့်၊ လူ့ဘောင်၏ အစွန်းဆုံးသို့ ဆက်လက်တွန်းပို့နေသည် သို့မဟုတ် မြို့ဆင်ခြေဖုံးများတွင် အသစ်ရောက်ရှိနေသူများအဖြစ် စာရင်းသွင်းခြင်းခံရမည်။ (ဆူးပေါ( Sewpaul) ၂၀၀၆ )။ကမ္ဘာမှုပြုခြင်း၏ ခေတ်ထလာသည့်မှတ်သားချက်နှင့်အတူ၊ ရွှေ့ပြောင်းအခြေချနေထိုင်မှုများ မြင့်တက်လာ ခြင်းကို နှစ်စဉ်ကမ္ဘာကြီးတွင် လူသန်းပေါင်းများစွာသော အုပ်စု အငယ်လေးများအား ပြန်လည်နေရာချထား ခြင်းဖြင့် ကျွနု်ပ်တို့ တွေ့မြင်နေရသည်။ ဤကိစ္စရပ်သည် အသစ်ပြောင်းရွှေ့လာသူများ၏ တွေးထင်ထားခဲ့သည့် ဘဝအသစ်နှင့် အခွင့်အလမ်းအသစ်များအပေါ် ခက်ခဲပင်ပန်း၊ ကြိုးစားရုန်းကန်ရခြင်းများ အလျင်းမရှိပဲ ဖြစ်မလာ နိုင်ပါ။ ဖါဂူဆန် (Ferguson) ၊ လာဗာလက်တဲ (Lavalette) နှင့် ဝှိုက်မိုး (Whitmore)(၂၀ဝ၅)တို့ ဆွေးနွေးတင်ပြ ထားသည်မှာ လူဝင်မှုကြီးကြပ်ရေးသည် လူမှုရေးရာ ဘဝလုံခြုံရေး အထောက်အပံ့အစီအစဉ်အခွင့်အလမ်းများကို မည်သည့် အတိုင်းအတာအထိခိုင်မြဲအောင် ချိတ်ဆက်ပေးထားသနည်း ဆိုသည့်အချက်ဖြစ်သည်။

လူမှု ဘဝလုံခြုံသည့်နိုင်ငံများနှင့် လူမှုဆိုင်ရာမူဝါဒများ[ပြင်​ဆင်​ရန်​]

အသစ်ပြောင်း ရွှေ့လာသူများ သည်၄င်းတို့အား “မထိုက်တန်သည့်နိုင်ငံခြားသားများ” အဖြစ် ရှုမြင်ခြင်းခံထားရသည့်အတွက်ကြောင့်၊ နိုင်ငံ၏အရင်းအမြစ် များကိုပိုင်ဆိုင်နိုင်ရန် စွမ်းဆောင်နိုင်သည့်အခွင့်အလမ်းမရှိပ စဉ်အမြဲထိုးနှက်ခြင်းခံနေရသည် (စာမျက်နှာ-–၁၃၂ )။ဤကိစ္စရပ်နှင့်ကပ်ပါလာသည့်ငြင်းပယ်ခံရမှုများမှာအများပိုင်အိမ်ယာအဆောက်အအုံပိုင်ဆိုင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်များ၊ အလုပ် အကိုင် ထောက်ပံ့ရေးဝန်ဆောင်မှုများနှင့် လူမှုရေးလုံခြုံစိတ်ချရရေး အကျိုးခံစားခွင့်များဖြစ်သည် (ဖါဂူဆန် နှင့်အများ(Ferguson et al)–၂၀ဝ၅)။ အသစ်ပြောင်းရွေ့လာသူများကို မထိုက်တန်သူများအဖြစ်ရှုမြင်ခြင်းခံထားရသည် သို့မဟုတ်အခြေခံအထောက်အပံ့လိုအပ်ချက်များကို ရယူပိုင်ခွင့်ရရှိရန်အကျုံးဝင်ထိုက်တန်ကြောင်း သက်သေအထောက်အထား ပြသနိုင်ရမည်။ ဤသို့ဖြင့် တစ်ဦးတစ်ယောက်ချင်းစီသည် ၎င်းတို့ပြောင်းရွေ့အခြေချနေထိုင်ရန်လာသည့် နိုင်ငံအတွင်းတွင် ခေါင်းပုံဖြတ်ခံနေရပြီး၊ ပစ်ပယ်ခြင်းခံနေရကြောင်းသေချာစွာ အထင်အရှားပြသလျက်ရှိသည်။ (ဖါဂူဆန် နှင့် အများ (Ferguson et al) - ၂၀ဝ၅)။

လူမှု ဘဝလုံခြုံသည့်နိုင်ငံများနှင့် လူမှုဆိုင်ရာမူဝါဒများသည်လည်း တစ်ဦးတစ်ယောက်ချင်းစီကို အခြေခံ လိုအပ်ချက်များနှင့် အထောက်အပံ့စီအစဉ်များမှ ချန်လှပ်ထားသည်။ သက်သာချောင်ချိရေးပေးငွေများသည် ပစ္စည်းဥစ္စာတန်ဖိုး အနည်းငယ်ကိုသာ ပိုင်ဆိုင်နိုင်သည့် တစ်ဦးတစ်ယောက်ချင်းစီကို အကူအညီပေးနိုင်ရန် အဆိုပြုချက်များဖြစ်သည်။ (ယန်း(Young) -၂၀ဝဝ) ယန်းဆက်ပြီး ဆွေးနွေးတင်ပြထားသည့် “လူမှု ဘဝလုံခြုံရေးအတွက်ပေးကမ်းမှု ကိုကပင် အခြားသောသူ များလည်း ရရှိထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအပေါ် မှီခိုအားထားနေရသည့်သူများအား မပေးဘဲ ထားခြင်းဖြင့် မတရားမှုအသစ်ကို ထုတ်ပေးလိုက်သည်-----လူမှုရေးအရ အဓိပ္ပါယ်ဖွင့်ဆိုထားပြီး၊ အသိအမှတ် ပြုထားသောလမ်းကြောင်းတွင် စွမ်းဆောင်နိုင်မှုများကို အသုံးချရန် အခွင့်အလမ်းပိတ်ဆို့ထားသောကြောင့် ပစ်ပယ် ခံရခြင်းသည် မတရားပါ” ဆိုသည်မှာ မည်သည့်အတိုင်းအတာအထိ ရှိသနည်းဖြစ်သည် (စာမျက်နှာ - ၄၁ )။

မှတ်ချက်တစ်ခု ပြောဆိုနေကြသည်မှာ အနိမ့်ဆုံး လူမှု ဘဝလုံခြုံရေးအထောက်အပံ့ကို ပေးရုံမျှဖြင့်၊ လူတစ်ဦးတစ် ယောက်သည် ပစ်ပယ်ခံထားရမှုမှ လွတ်မြောက်နိုင်သည်။ ဖြစ်ရပ်အမှန်တွင် လူမှု ဘဝလုံခြုံရေးအထာက်အပံ့ အစီအစဉ်များသည် တစ်စုံတစ်ခုသော အကျင့်စရိုက်ကို ချုပ်ချယ်ကန့်သတ်ခြင်းအားဖြင့်၊ တစ်စုံတစ်ဦးသည် သ၏လုပ်ပိုင်ခွင့်ကို အခြားသောအဖွဲ့အစည်းများသို့ ပေးအပ်သလို၊ မတရားမှုများသို့ ရှေ့ဆက်ဦးတည်နေသည်။ တစ်စုံတစ်ဦးသည် လူမှုရေး အမည်းစက်နှင့် သမားရိုးကျပုံစံ တို့နှင့် ကြုံတွေ့နေရချိန်တွင် စနစ်အသစ်တစ်ခုနှင့် စည်းမျဉ်းများကို လူ့အဖွဲ့အစည်းတွင် အင်အားကြီးသည့် အုပ်စုမှ အမျိုးမျိုးသော ပုံစံဖြင့်အတင်းအကြပ်ရိုက် သွင်းနေခြင်းများကြောင့်၊ ပို၍ပစ်ပယ်ခံရခြင်းနှင့် ချန်လှပ်ထားခံရသော တစ်စုံ တစ်ယောက်ဖြစ်လာသည်။(ယန်း(Young)-၂၀ဝဝ) ဤနည်းအားဖြင့် လူမှုရေးဆိုင်ရာမူဝါဒနှင့် လူမှု ဘဝလုံခြုံရေး ပေးကမ်းမှုများသည် လူသားများနှင့် ၎င်းတို့၏လိုအပ် ချက်များ အမျိုးအစားကိုလိုက်၍ တည်ဆောက်ခြင်း၊ အားဖြည့်ပေးခြင်းတို့ဖြင့် လူ့အဖွဲ့အစည်းတွင်ရှိသော ဩဇာကြီးသော အယူအဆများအပေါ် ထင်ဟပ်စေသည်။ ဤဖြစ်ရပ်သည် လူသားအနှစ်သာရကို မျက်ကွယ်ပြု၊ မသိကျိုးကျွံလုပ်ထားပြီး ဩဇာလွှမ်းမိုးမှုသံသရာကို ပိုမိုဆက်လက်ဖြစ်ပွားစေသည်။ (ဝီဆန်နှင့် ဘာရက်စ်ဖို့ (Wilson & Beresford ) -၂၀ဝဝ )။

လူမှုရေးအလုပ်အလေ့အကျင့်အတွက် သွယ်ဝိုက်ဖော်ပြခြင်းများ[ပြင်​ဆင်​ရန်​]

ပစ်ပယ်ထားခြင်း ှုနှင့် ထိုနည်းတူစွာ ပုံစံမျိုးစုံဖြင့် အဆင့်ဆင့်ရှိနေသည့်အထဲတွင် တစ်စုံတစ်ဦးသည် လူမှုရေးအလုပ် အလေ့အကျင့် အတွက် သွယ်ဝိုက်ဖော်ပြချက်များကို ယခုပင်လေ့လာစူးစမ်းရှာဖွေနေရမည်။ မူလာလီ (Mullaly - ၂၀ဝ၇) ဖော်ပြထားသည်မှာ အဘယ်မျှလောကအထိ “ပုဂ္ဂိုလ်ရေးသည် နိုင်ငံရေးဖြစ်နေသနည်း” နှင့် ထိုလူမှုရေးပြဿနာများကို အသိအမှတ်ပြုရေးအတွက် လိုအပ်နေမှုသည် လူ့အဖွဲ့အစည်းအတွင်းရှိ ကြီးမားသော လူမှုအဆောက်အဦးများနှင့် အမှန်တစ်ကယ်ဆက်စပ်နေပြီး၊ တစ်ဦးတစ်ယောက်ချင်းစီတွင် ဖိနှိပ်ခံရမှု ပုံစံအမျိုးမျိုးကိုဖြစ်ပေါ်စေ၍၊ နောက်ဆုံးတွင် ပစ်ပယ်ခံရခြင်း ရလဒ်ဖြင့် အဆုံးသတ်သည် (စာမျက်နှာ - ၂၆၂)။ လူမှုရေးလုပ်သားအတွက် ဖိနှိပ်ခြင်း၏ ရှုပ်ထွေးသော သဘာဝကို သိရှိထားရန်လည်း အရေးကြီးသည်။ ဆုံးဖြတ်ချက်မပေးသော၊ ဘက်လိုက်မှု မရှိသော စိတ်နေသဘောထားသည် လူမှုရေးလုပ်သားအတွက် ိုအပ် သော အချက်တစ်ခုဖြစ်သည်။

လူမှုရေးလုပ်သားသည် ဖိနှိပ်မှုနှင့် ပစ်ပယ် ထားခြင်းကို စနစ်တကျရှိသည့် ပြဿနာဖြစ်ပြီး တစ်စုံတစ်ဦး၏ အမှားမဟုတ်ကြောင်း ကြိုတင် သိရှိ နားလည်ထားရမည်ဖြစ်သည်။ (မူလာလီ(Mullaly)-၂၀ဝ၇ )။ ဖိနှိပ်မှုဆန့်ကျင်ရေး အမြင်အောက်တွင် အလုပ်လုပ်ခြင်းသည် လူမှုရေးလုပ်သားကို တစ်ဦးတစ်ယောက်၏ နေထိုင်ခဲ့ရပုံနှင့် ပုဂ္ဂိုလ်ရေး အတွေ့အကြုံနှင့်အတူ ၄င်းတို့၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့်လူမှုရေး နောက်ခံများကို သိရှိနားလည်လာစေရန် ခွင့်ပြုလမ်းဖွင့် ပေးထား သည်။ လူမှုရေးလုပ်သားသည် တစ်စုံတစ်ဦးကို လူ့အဖွဲ့အစည်း၏ တန်ဖိုးရှိသော အဖွဲ့ဝင်ဖြစ်လာစေရေး နိုင်ငံရေးလုပ်ငန်းစဉ်နှင့် ဖိနှိပ်မှု ခံရခြင်းနှင့် ပစ်ပယ်ထားခံရခြင်းကို ဖြစ်ပေါ်စေသော တည်ဆောက်မှုအချက်အလက်များအဖြစ် အသိအမှတ်ပြုသင့်သည်။ (မူလာလီ(Mullaly ) - ၂၀ဝ၇)။ လူမှုရေးလုပ်သားများသည် ကမ္ဘာနှင့်အဝန်းအင်အားကြီးမားသည့်အဖွဲ့များ အမှတ်ထင်ထင်ပြုလုပ်ခဲ့သည့် တစ်ဦးတစ်ယောက်ချင်းများနှင့် လူအစုအဖွဲ့များအား ထောက်ပံ့ကူညီမှုမဲ့စေခြင်း၊ အပစ်ပယ်ခံဘဝသို့ ရောက်ရှိစေခဲ့ရခြင်း သို့မဟုတ်တစ်ချိန်က သူတို့ သိကျွမ်းခဲ့သည့် လူ့အသိုက်အဝန်းမှ ပိုမို၍ ပစ်ပယ်ခံထားရခြင်းတို့အတွက် ထိုအင်အားကြီးမားသည့် အဖွဲ့ များကို နာမည်တပ်ရာတွင်လည်းကောင်း၊ အမှတ်တံဆိပ်တပ်ရာတွင်လည်းကောင်း၊ ခိုင်မြဲမှန်ကန်သည့်အနေအထားရှိရမည်။ (ဂျော့၊ ပီ၊ အက်စကော ၈၁၀၁ သင်ခန်းစာ (George, P, SK8101, lecture ) ၊ အောက်တိုဘာ ၉ ရက် ၂၀ဝ၇)။

လူမှုရေးလုပ်သားသည် အစဉ်အမြဲတုံ့ပြန်နိုင်သည့်အနေအထား၊ မြှင့်တင်ထားသည့် အလုပ်အတွက် အသိတရား ၊ ခွန်အား နှင့် အမြန်ပြေးလွှားနေသည့်ကမ္ဘာထဲတွင် နေထိုင်ရှင်သန်လျက်ရှိသော တစ်ဦးတစ်ယောက်ချင်းစီတို့၏ ပုဂ္ဂိုလ်ရေး ဘဝအမှန်များကို သိရှိနားလည်ထားခြင်းတို့ ရှိနေရမည်။ ထိုသို့ မြန်နေသည့်ကမ္ဘာကြီးတွင် ကြောက်ရွံ့ခြင်းနှင့် မလုံခြုံခြင်းတို့သည် တစ်စုံတစ်ဦးကို စုပေါင်းတည်ရှိနေသည့် လောကကြီးတစ်ခုလုံးမှ အမြဲတမ်း ပျောက် ကွယ်သွားစေနိုင်ပြီး၊ ဖိနှိပ်မှုကို ငြိမ်ခံနေကြလျှင် လွှမ်းမိုးဝါးမြိုသွားမည့် အင်အားကြီးများ အဓွန့်ရှည် တည်တံ့ သွားပေလိမ့်မည်။ (စကာမိုတို (Sakamoto) နှင့် ပစ်တနာ (Pitner) - ၂၀ဝ၅ )။

အချို့သော တစ်ဦးတစ်ယောက်ချင်းစီနှင့် အုပ်စုအဖွဲ့တို့သည် ကျွမ်းကျင် လူမှုရေးလုပ်သားများ မဟုတ်ကြ သော်လည်း၊ ပတ်သက်ဆက်နွယ်မှုအရ ပြုစုစောင့်ရှောက်ခြင်းနှင့် အထောက်အကူပေးခြင်းတို့ကို ထောက်ပံ့ပေးကမ်း ခြင်းအားဖြင့်၊ ဥပမာ- အိမ်ယာမဲ့ ဝန်ကြီးဌာနမှ တစ်ဆင့်၊ ပစ်ပယ်ခံထားရသူများနှင့် ဆက်ဆံရေးကောင်းများကို တည်ဆောက်ထားကြသည်။ ဤသို့သော ဆက်ဆံရေးများသည် ပစ်ပယ်ခံထားရသူတစ်ဦးတစ်ယောက်ချင်းစီတို့ကို ခိုင်မာလာစေပြီး၊ ၄င်းတို့ကို ပင်မလူ့အဖွဲ့အစည်းနှင့် အဓိပ္ပါယ်ရှိသော ဆက်သွယ်ထိတွေ့မှုကို ထောက်ကူပေးရာ ရောက်သည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Marginalization

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]