နှင်းဦး (ကာတွန်း)

ဝီကီပီးဒီးယား မှ

မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဦးနှင်းဦးကို (၁၉၂၂)ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်တွင် မွေးဖွားခဲ့သည်။ အဖ မစ္စတာဂျေအမ်လီယာ (ခ) ဦးတင်မောင်၊ အမိ ဒေါ်မမလေးတို့၏ သားဖြစ်သည်။ တောင်ငူဇာတိ ဖြစ်သည်။ (၁၉၄၅)ခုနှစ်တွင် စာပေများ စတင်ရေးသားခဲ့သည်။ (၁၉၆၄)ခုနှစ်၊ မန္တလေးဗဟိုစည်သတင်းစာတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ရင်း ကာတွန်းများစတင်ရေးဆွဲသည်။ (၁၉၆၉)ခုနှစ်မှ (၁၉၇၈)ခုနှစ်အထိ မန္တလေး၊ ဟံသာဝတီသတင်းစာတွင် ကာတွန်း အမြောက်အမြား ရေးဆွဲခဲ့သည်။ လုံးချင်းဝတ္တု(၅)အုပ်ခန့် ထုတ်ဝေခဲ့သည်။ (၁၉၈၁)ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်တွင် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကာတွန်းဝင်းအောင် စီစဉ်သည့် မြန်မာကာတွန်းပေါင်းချုပ်