| နွယ်သာကီပင် |
 |
| သိပ္ပံနည်းကျမျိုးခွဲခြင်း |
|
|
| ဒွိနာမ |
| ''Nerium oleander'' |
[ပြင်ဆင်ရန်] Roses of Sharon, Oleander (နွယ်သာကီ)
- Botany Term : Nerium indicum Mill
- Species/Family : Apocynaceae
ပုံသဏ္ဌာန် : အပင် အမြဲ စိမ်းလန်း ပြီး သန်မာ သော အပင်ငယ် မျိုးဖြစ် သည်။ ပေ ၂၀ ထိ မြင့် တက်နိုင် သည်။ အကိုင်း များ တောင့်တင်း ပြီး အပေါ်သို့ ထောင်မတ် နေသည်။ အရွက် ၃ ရွက် ပတ်လည် ထွက်သည်။ လှံစွပ် ပုံ ရှိ၏။ အရင်း အဖျား နှစ်ဖက် ချွန်သည်။ ရွက်ပြား ထူ၍ ကျဉ်းပြီး သားရေ ကဲ့သို့ ပြောင်ချော နေသည်။ ရွက်လယ်ကြော အလွန်မာ သည်။ ရွက်ညှာ တိုသည်။ အပွင့် အပွင့် ကြီး၍ ခေါင်းလောင်း ပုံ ရှိသည်။ အဖြူရောင် သို့မဟုတ် ပန်းရောင် ကြက်သွေးရောင် ရှိသည်။ ချိုသော အနံ့ရှိ၍ အပွင့်များ အကိုင်းဖျား ၌ အဆုပ် လိုက် ပွင့်သည်။ တန်ခူးလ မှ နယုန်လ အတွင်း ပွင့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အမြစ် နှင့် အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက်၏။ အပူပိုင်း၊ အပူ သမပိုင်း ရာသီ ဥတု နှစ်မျိုးလုံး ၌ ဖြစ်ထွန်းသည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက် သော်လည်း အလှ ပင် အဖြစ် စိုက်ပျိုး ကြသည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များ အလို အရ အမြစ် သည် ခါးသော သတ္တိ ရှိ၏။ အားကို ဖြစ်စေ သည်။ ကာမကို အားပေး၏။ အလွန် အဆိပ် များသော ကြောင့် မြွေဆိပ် နှင့် အခြား ပြင်းသော အဆိပ်များ ကို နိုင်၏။ နူနာ၊ ပွေးနာ နှင့် နာကျင် ကိုက်ခဲ ခြင်းတို့ ကို ပျောက်ကင်း စေနိုင်သည်။ အသုံးပြုပုံ- (သောက်ဆေး အဖြစ် လုံး၀ မသုံး ရပေ။ ပြင်ပ လိမ်းဆေး အဖြစ်သာ သုံးနိုင်၏။ အဆိပ်ပင် ဖြစ်သည်။) အမြစ် ၁။အမြစ်မှုန့် ကို ရေနှင့် ဖျော်၍ လိမ်းပါက ကင်ဆာနာ၊ ပြည်တည် အနာများ နှင့် နူနာ ရောဂါ များ ပျောက်ကင်း ၏။ ၂။ဖျားသော သူကို နားတွင် လိမ်းပေးပါက အဖျား ပျောက်ကင်း၏။ ၃။အဆိပ် ကို ပြယ်စေ သဖြင့် ကင်းကိုက်၊ မြွေကိုက် သော နေရာ များတွင် အမှုန့် ပြု လိမ်းပေး ပါက ပျောက်ကင်း၏။ ၄။အမြစ်မှုန့် ဖြင့် ခေါင်းကို ပွတ်ပေး ပါက ခေါင်းကိုက် ရောဂါ ပျောက်၏။ ၅။အမြစ်ခေါက် မှုန့်ကို ပွေးနာနှင့် အခြား အရေပြား ပေါ်ဖြစ်သော ယားနာများ တွင် အသုံးပြု နိုင်သည်။ အရွက် ၁။အရွက် ကို အမှုန့်ပြု၍ ယားနာ၊ ပွေးနာ များတွင် လည်းကောင်း၊ ပြုတ်ရည် ကို အရောင် ကျ စေရန် လည်းကောင်း လိမ်းပေးလျှင် ပျောက်ကင်း၏။ ၂။အရွက် ကို အရည်ညှစ် ၍ မြွေကိုက်ရာ တွင် အနည်းငယ် လိမ်းပေး ပါက မြွေဆိပ် ပျောက်ကင်း ၏။ အခြား အဆိပ် ပြင်းသော အကောင်များ ကိုက်ရာတွင် လည်း အသုံးပြု နိုင်၏။ [၁]
-
Nerium oleander(அறளி), Found in Tamil nadu, Chennai.
-
Nerium oleander bud (அறளி மொட்டு), Found in Tamil nadu, Chennai.
-
Nerium oleander(அறளி), Found in Tamil nadu, Chennai.
-
Nerium oleander(அறளி), Found in Tamil nadu, Chennai.
- ↑ http://arogyamonline.com/commodity/materials/?raw=133