ဓနသဟာယ အားကစားပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဓနသဟာယ အားကစားပွဲ
Commonwealth Games Federation Logo.svg.png
၂၀၀၁ ခုနှစ်မှ စတင် အသုံးပြုသည့် အမှတ်တံဆိပ်

ဆောင်ပုဒ် HUMANITY – EQUALITY – DESTINY
ဌာနချုပ် London, United Kingdom
ဓနသဟာယ အတွင်းရေးမှူးချုပ် Hon. Michael Fennell OJ, CD
ဝက်ဘ်ဆိုက် ဓနသဟာယ အားကစား အဖွဲ့ချုပ်

ဓနသဟာယ အားကစားပွဲသည် ဓနသဟာယ အဖွဲ့ဝင်နိုင်ငံများမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံတကား အားကစားပွဲ တစ်ရပ်ဖြစ်သည်။ အိုလံပစ် အားကစားပွဲတွင် ယှဉ်ပြိုင်သည့် အားကစားများအပြင် ဓနသဟာယ နိုင်ငံများတွင် အဓိက ကစားလေ့ရှိသည့် ၇ ယောက်ပါ ရဂ်ဘီ၊ မျက်ခင်း ဘိုးလင်း၊ နက်ဘော စသည့် အားကစား အမျိုးအစားများ ပါဝင်သည်။

၂၀၁၀ ခုနှစ်အထိ ယင်းအားကစားပွဲကို နိုင်ငံပေါင်း ၇ နိုင်ငံမှ မြို့ပေါင်း ၁၈ မြို့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။ ၂၀၁၀ ခုနှစ် ၁၉ ကြိမ်မြောက်ပွဲတော်ကို အောက်တိုဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပခဲ့သည်။ ပွဲတော် ကျင်းပမည့်မြို့ကို ယင်းအားကစားပွဲအား ကြီးကြပ်သည့် ဓနသဟာယ အားကစား အဖွဲ့ချုပ်မှ ရွေးချယ်သည်။

ယင်းအားကစားပွဲကို ၁၉၃၀ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာ အားကစားပွဲ အမည်ဖြင့် ကနေဒါနိုင်ငံ ဟမ်မီတန်မြို့တွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာနှင့် ဓနသဟာယ အားကစားပွဲဟု လည်းကောင်း၊ ၁၉၇၀ ခုနှစ်တွင် ဗြိတိသျှ ဓနသဟာယ အားကစားပွဲဟု လည်းကောင်း အမည်ပြောင်းလဲခဲ့ပြီး လက်ရှိ အမည်ကိုမူ ၁၉၇၈ ခုနှစ်မှ စတင် အသုံးပြုခဲ့သည်။

လက်ရှိတွင် ဓနသဟာယ အဖွဲ့ဝင် ၅၄ နိုင်ငံမှ အသင်းပေါင်း ၇၁ သင်း ပါဝင်ယှဉ်ပြိုင်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]