ဒေးဗစ် လွိုက်ဂျော့ချ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို လွိုက်ဂျော့၊ ဒေးဗစ် နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
ဒေးဗစ်လွိုက်ဂျော့

ဒေးဗစ်လွိုက်ဂျော့ချ် (၁၈၆၃-၁၉၄၅ )[ပြင်​ဆင်​ရန်​]

ပထမ ကမ္ဘာစစ်ကာလအတွင်းတွင် ဗြိတိသျှ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ကာ စစ်အောင်နိုင်ရေးနှင့် ငြိမ်ချမ်းရေးအတွက် ဦးဆောင်ပေးနိုင်ခဲ့သူ ဒေးဗစ်လွိုက်ဂျော့ချ်အား ၁၈၆၃ခုနှစ်၊ ဇန်နဝါရီလ၊ ၁၇ ရက်နေ့က မန်ချက်စတာမြို့တွင် ဖွားမြင်သည်။ အသက် ၁၈လသားအရွယ်တွင်ပင် ဖခင်ဖြစ်သူ မူလတန်းကျောင်းအုပ်ဆရာ ကွယ်လွန်သဖြင့် မိခင်ဖြစ်သူက ၄င်း၏အစ်ကို၊ ဒေးဗစ်၏ ဘကြီးရှိရာ ဝေလပြည်နယ်၊ ကာယာနာဖွန်ရှိုင်းယားစီရင်စုရှိ အယ်လ်လန်နီစတမ်းဒ်ဝီကျေးရွာသို့ ပြောင်းရွှေ့ခဲ့သည်။

ထူးချွန်သူ ဒေးဗစ်သည် ၁၈၈၄ခုနှစ်တွင် ဥပဒေစာမေးပွဲ အောင်မြင်ကာ ရှေ့နေဖြစ်လာသည်။ ၁၈၈၈တွင် မာဂရက်အိုဝင်နှင့် လက်ထပ်သည်။ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီးနောက် ၁၈၉၀ခုနှစ်တွင် ပါလီမန်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည်။ ထိုအချိန်မှစကာ အဆိုပါမဲဆန္ဒနယ်တွင် ၅၅နှစ်တိုင် တဆက်တည်း ရွေးကောက်ခြင်းခံသည်။ ၁၉၀၆ခုနှစ်တွင် ဗြိတိန်နိုင်ငံ ကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ဥက္ကဌ၊ ၁၉၀၈ခုနှစ် ဘဏ္ဍာရေးဝန်ကြီး စသည်ဖြင့် ရာထူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ထိုအချိန်များအတွင်းက သူ၏ ပြည်သူ့ဘဏ္ဍာရေခေျွတာရေး အစီအစဉ်ကြောင့် ထင်ရှားခဲ့သည်။ ၁၉၁၅ခုနှစ် ညွှန့်ပေါင်းအစိုးရတွင် အရေးပါသည့် စစ်လက်နက်ပစ္စည်းဝန်ကြီး အဖြစ်တာဝန်ယူခဲ့ပြီးနောက် တစ်နှစ်အကြာ ၁၉၁၆ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် တင်မြောက်ခြင်းခံရသည်။

ထိုအချိန်မှစကာ ဗြိတိန်နိုင်ငံအား ပထမကမ္ဘာစစ်အတွင်း အောင်နိုင်ရန် ဦးဆောင်ခဲ့ပြီး စစ်အပြီးတွင်လည်း ဗာဆိုင်းစာချုပ်ကို ဦးဆောင်ချုပ်ဆိုခဲ့ပြန်သည်။ ၁၉၄၅ခုနှစ်၊ မတ်လ၊ ၂၆ရက်နေ့က အယ်လ်လန်နီစတမ်းဒ်ဝီကျေးရွာရှိ တိုင်းမ်နယူးဝစ်ဒ် (ခေါ်) အမျိုးသားစာရေးဆရာများ စာပေရေးသားမှုဆိုင်ရာ အတတ်သင်ဌာန တွင်ကွယ်လွန်လေသည်။ မကွယ်လွန်မီ ၂ လအလိုတွင် သူရဲကောင်းဘွဲ့ ချီးမြှင့်ခြင်းခံရသည်။

ရေးသားခဲ့သော စာအုပ်များ[ပြင်​ဆင်​ရန်​]

  • ပထမကမ္ဘာစစ်အတွင်း ကိုယ်တွေ့မှတ်တမ်း(War Memoirs)
  • ငြိမ်းချမ်းရေးစာချုပ်များက ဖော်ပြခဲ့သော အမှန်တရား(The Trhth about the Peace Treaties)