တောလုံငှက်
| တောလုံငှက် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001)) |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Otus scops'' | ||||||||||||||
ဇီဝဗေဒအလိုအရ တောလုံငှက်သည် ‘စတြစ်ဂျီဖောမီး’မျိုးစဉ် တွင်၎င်း၊ ‘စတြစ်ဂျီဒီး’မျိုးရင်းတွင်၎င်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် ကြက်ဝက်ခြောက်ကောင် အမည်ဖြင့် လူသိများ သည်။ အလျား ၈ လက်မခန့်ရှိ၍ နားရွက်မွှေးများပါရှိသည်။ တောလုံငှက်၏ အရောင်မှာ မွဲပြာရင့်ရောင် သို့မဟုတ် နီညို ရောင်ဖြစ်သည်။ တောတွင်း၌ ကျက်စားသော ငှက်မျိုးဖြစ် သည်။
မှောင်စပျိုးသည့်အခါ တောလုံငှက်သည် ကြက်ဝက်ခြောက် ကောင်ဟု ထပ်တစ်လဲလဲ အချိန်ကြာမြင့်စွာ အော်သည်ဟုဆို သည်။ ထိုအသံကို တောင်ခြေရင်းရှိ ကျွန်းတောအတွင်း၌ တစ် နှစ်ပတ်လုံးကြားရတတ်သည်။ သို့သော် မိုးရာသီနှင့် ဆောင်း ရာသီ၌ အသံစဉ်အတိုင်း အပြည့်အစုံ မအော်ချေ။ နွေရာသီ၌မူ တောလုံငှက်၏အော်သံကို ကြက်ဝက်ခြောက်ကောင်ဟု အပြည့် အစုံ အဆက်မပြတ်ကြားရသည့်ပြင် နေ့အခါ၌ပင် တစ်ခါတစ်ရံ ကြားရသေး၏။
တောလုံငှက်သည် ကျွန်းတောများ၌သာ ကျက်စားလေ့ရှိ သည်။ ထူထပ်စွာပေါက်သော အရွက်တို့၏အကြား၌ နေ့အခါ တွင် ပုန်းလျှိုးအိပ်နေတတ်သဖြင့် တွေ့ရခဲသည်။ ညအခါ၌သာ ထွက်လာတတ်သည်။ ယင်း၏အစာမှာ ပိုးဖလံ၊ ချေးထိုးပိုး၊ တိရစ္ဆာန်ငယ်များနှင့် ငှက်ငယ်များဖြစ်သည်။ ဖေဖော်ဝါရီလမှ ဧပြီလအထိ တောလုံငှက်များ သားပေါက်ကြသည်။ မေလနှင့် ဇွန်လတွင် ဒုတိယအကြိမ် သားပေါက်ပြန်သည်။ ဥများကို သစ်ခေါင်းထဲ၌ ဥအုလေ့ရှိသည်။ တစ်မြုံလျှင် ၃ ဥမှ ၄ ဥထိ ရှိတတ်သည်။ ဥသည် ခပ်လုံးလုံးဖြစ်၍ ဥခွံမှာ နူးညံ့ချောမွတ် သည်။
တောလုံငှက်ကို အရှေ့နိုင်ငံများတွင် အနှံ့အပြားတွေ့ရသည်။ အနောက်ဘက် ဟိမဝန္တာတောင်အထိ ယင်းကို တွေ့နိုင်သည်။ မြန်မာနိုင်ငံရှိ သစ်တောများတွင် အမြဲတွေ့ရသော ငှက်မျိုးဖြစ် သည်။ ပေ ၆၀၀၀ အမြင့်ထိ နေနိုင်သည်။ [၁]
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)