တောင်ဇလပ်
| တောင်ဇလပ် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| Rhododendron arboreum | ||||||||||||||
တောင်ဇလပ် တောင်စလပ်ပင်ကို လက်ထုတ်သိမ်ဟုလည်းခေါ်သည်။ ရုက္ခ ဗေဒအလိုအားဖြင့် ‘ရိုက်ရှား တိုမင်တို စား’ဟုခေါ်၍၊ ‘အဲပေါ့ ဆီနေဆီအီး’မျိုးရင်းတွင်ပါဝင်သည်။ တောင်စလပ်ပင်သည် အမြင့်ပေ ၄၀ ထိ ကြီးထွားနိုင်၍ လုံးပတ် ၃-၄ ပေ ရှိနိုင် သည်။ အထက်နှင့် အောက်မြန်မာနိုင်ငံရှိ လယ်ကွင်းများ၊ တောင်နိမ့် သစ်တောများတွင် ပေါက်ရောက်ကြသည်။ အသား မှာဖြူ၍ အတော်အတန် မာကျောသည်။ အသားကုဗပေ တစ် ပေလျှင် အလေးချိန်ပေါင် ၄၀ မျှရှိ သည်။ ထိုအသားကို အိမ်ထောင်ပရိဘောဂပစ္စည်းများ၊ သေတ္တာနှင့် ဘီးများပြုလုပ် ရာတွင် အသုံးပြုကြသည်။
ပန်းပုနှင့် ပန်းပွတ်လုပ်ငန်းများ အတွက်သုံးရန်လည်း အကောင်းဆုံးဖြစ်သည်။ အရွက်များမှ မဲနည်ရောင် ဆိုးဆေးတစ်မျိုးထွက်၍ အစေ့များကို စားနိုင် သည်။ အခေါက်နှင့် အမြစ်များကို မြွေ၊ ကင်းမြီးကောက်ကဲ့ သို့သော အဆိပ်ရှိသတ္တဝါများကိုက်လျှင် အဆိပ်ဖြေဆေးအဖြစ် သုံးကြသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |