တာဒါရှီ ရာနိုက်အိ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တာဒါရှီ ရာနိုက်အိ
တာဒါရှီ ရာနိုက်အိ
မွေး​သက္ကရာဇ် ၇၊၂၊၁၉၄၉

တာဒါရှီ ရာနိုက်အိ ကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ရ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သူသည် Uniqlo လက်အောက်ခံဖြစ်သော Fast Retailing ၏ တည်ထောင်သူ ဥက္ကဖြစ်သည်။ သူ့ကို အစဉ်အလာအရ ဂျပန်နိုင်ငံ၏ အချမ်းသာဆုံးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ကြပြီး ၂၀၀၉ ခုနှစ်တွင် Forbes သတ်မှတ်ချက်များအရ ကမ္ဘာ့အချမ်းသာဆုံး အမှတ် ၇၆ အဖြစ်သတ်မှတ်ထားသောကြောင့် ပျမ်းမျှငွေကြေးပမာဏ ၆.၀ ဘီလျံဒေါ်လာဖြင့် ဂျပန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်။

အတ္ထုပ္ပတ္တိ[ပြင်​ဆင်​ရန်​]

Yanai သည် Ube အထက်တန်းကျောင်းနှင့် ထို့နောက် Waseda တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် စီးပွားရေးနှင့်နိုင်ငံရေး ဝိဇ္ဖာဘွဲ့ကိုရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဟီရိုရှီးမား၌ ပထမဆုံးသော Uniqlo စတိုးကိုဖွင့်လှစ်ခဲ့သည်။

၂၀၀၉ ခုနှစ် အေပရယ်လထုတ် Monocle မဂ္ဂဇင်းတွင် သူက “ကျွန်တော့်ကို ကြည့်ရတာ အောင်မြင်နေတယ်လို့ ထင်ရပေမယ့် ကျွန်တော်လည်း အများကြီး ရှုံးနိမ့်ခဲ့ရဖူးပါတယ်၊ လူတွေက အရှုံးကို သိပ်ပြီး ခံစားနေတတ်ကြတယ်၊ အကောင်းမြင်စိတ်လေးထားပြီး နောက်တစ်ခါဆိုရင် အောင်မြင်မှုရမှာပါလို့ ယုံကြည်ထားရမှာပေါ့”ဟု ပြောကြားခဲ့သည်။