တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မဟာရံတံတိုင်း*
UNESCO ကမ္ဘာ့အမွေခံနေရာများ

မဟာရံတံတိုင်း
တည်ရှိသည့် နိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အလံတော် တရုတ်ပြည်
အမျိုးအစား ယဉ်ကျေးမှု ဆိုင်ရာ
ရွေးချယ်သည့်စံနှုန်း i, ii, iii, iv, vi
ကိုးကား 438
ဒေသ** အာရှပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၇  (၁၁ကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကို မှခွဲခြားသတ်မှတ်ထားသောဒေသ

တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး (simplified Chinese: 长城; traditional Chinese: 長城; pinyin: Chángchéng; literally "Long wall") or (simplified Chinese: 万里长城; traditional Chinese: 萬里長城; pinyin: Wànlǐ Chángchéng; အဓိပ္ပါယ်အားဖြင့် "၁၀၀၀၀ လီ (里 ၁ လီ = ၁/၃ မိုင်) ရှည်လျားသော တံတိုင်းကြီး") သည် တရုတ်နိုင်ငံမှ အတွဲလိုက် တည်ဆောက်ထားသော မြေကတုပ် နှင့် ကျောက်ကတုပ်များဖြစ်ပြီး ဘီစီ ၆ရာစု မှ အေဒီ ၁၆ရာစုအတွင်း တရုတ်မင်းဆက် အဆက်ဆက်တို့လက်ထက်တွင် တရုတ်အင်ပါယာ၏ မြောက်ဖက်နယ်စပ်ကို ရှုန်းနူ (匈奴 Xiong-nu) တို့၏တိုက်ခိုက်မှုမှ ကာကွယ်ရန် တည်ဆောက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပြုခဲ့ကြသည်။ မဟာရံတံတိုင်းဟု ရည်ညွှန်းသော အချို့တံတိုင်းများမှာ ဘီစီ ၅ရာစုကပင် စတင်တည်ဆောက်ခဲ့ကြသည်။ အထင်ရှားဆုံးတံတိုင်းမှာ တရုတ်၏ ပထမဆုံးအင်ပါယာ ချင်ရှိဟွမ် (秦始皇 Qin Shi Huang) ၏လက်ထက် ဘီစီ ၂၂၀- ၂၀၀ကြားတွင် တည်ဆောက်ခဲ့ပြီး ယခုအခါ အနည်းငယ်သာ ကြွင်းကျန်ရစ်တော့သည်။ ထိုတံတိုင်းမှာ ယခုလက်ရှိတည်ရှိနေသော မင်မင်းဆက် (明朝 Ming Dynasty) လက်ထက်တွင် တည်ဆောက်ခဲ့သော တံတိုင်း၏ မြောက်ဖက် အလွန်ဝေးလံသော နေရာတွင် တည်ရှိသည်။[၁]

မဟာရံတံတိုင်းကြီးသည် အရှေ့ဖက် ဆန်းဟိုင်ကွမ်း (山海關 Shan-hai-guan) မှ အနောက်ဖက် လော့ပ်နော်(羅布泊 Lop Nur) အထိ မိုင်ပေါင်း ၄၀၀၀ (ကီလိုမီတာ ၆၄၀၀) ခန့် ရှည်လျားသည်။[၂] မွန်ဂိုးလီးယားအတွင်းပိုင်း၏ တောက်ဖက်နယ်စပ်တလျှောက်ကို လခြမ်းပုံသဏ္ဌန်ရစ်ပတ်ထားပြီး စုစုပေါင်း မိုင်ပေါင်း ၄၁၆၀ (၆၇၀၀ကီလိုမီတာ) အထိရှည်လျားသည်။ အထွဋ်အထိပ်သို့ရောက်ရှိနေသော အချိန်ကာလအတွင်းတွင် မင်တံတိုင်းကို လူပေါင်း တစ်သန်းကျော်က စောင့်ကြပ်ခဲ့သည်။ [၃]တရုတ်လူမျိုးပေါင်း ၂သန်းမှ ၃သန်းအထိ ရာစုနှစ်နှင့်ချီသော တံတိုင်းတည်ဆောက်မှု ပရော့ဂျက်အတွင်း သေဆုံးခဲ့သည်ဟု ခန့်မှန်းရသည်။[၄]

[ပြင်​ဆင်​ရန်​] ဓာတ်ပုံများ

[ပြင်​ဆင်​ရန်​] ရည်ညွှန်းချက်များ

  1. Construction of the Great Wall
  2. Damian Zimmerman, ICE Case Studies: The Great Wall of China, December 1997
  3. The Great Wall Of China
  4. Damian Zimmerman, The Great Wall of China, ICE Case Studies, December, 1997
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်