တစ်ထောင့်တစ်ညပုံပြင်
ပသီပုံပြင်များဟ ုအများသိရှိ ကြသည့် တစ်ထောင့်တစ်ညပုံပြင် များ (Thousand and One Night Tales) သည် ပါရှန်တို့၏ရှေးဟောင်း ပုံပြင်များဖြစ် ကြပြီး အာရပ်တို့က ပါရှန်တို့ထံမှ ဆက်ခံရယူခဲ့ကြသည် ဆို၏။ ယင်းပုံပြင်များကို အာရပ် ဘာသာဖြင့် 'Al Raud al atir wa nuzht al khatir' ဟု ခေါ်ဆိုကြ သည်။ ပါရှန်တို့သည် ပုံပြင်အချို့ကို အိန္ဒိယတို့ထံမှ ရရှိခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဘဂ္ဂဒက်နှင့် အီဂျစ်တို့ထံမှ ပုံပြင်အချို့ကိုလည်း မူလပုံပြင်တွင် ဖြည့်စွက်ခဲ့ကြသည်။ ပသီပုံ ပြင်များတွင် ဥရောပတိုက်၌ ရှားလမိန်းဘုရင် တန်ခိုးဩဇာ ကြီးထွားချိန်နှင့် အရှေ့ဖျားနိုင်ငံများတွင် အပြိုင် နန်းစံခဲ့ကြသည့် ဟာရွန်းအယ်ရာရှစ် ဘုရင်ကြီးစိုးချိန်က အဖြစ်အပျက် များစွာ ပါဝင်နေပါသည်။ ပုံပြင်ဟု ဆိုရသော်လည်း ပသီပုံပြင်များထဲတွင် အာရေဗျ ယဉ်ကျေးမှုများ ထင်ဟပ်နေ၏။
မာတိကာ |
[ပြင်ဆင်ရန်] တစ်ထောင့်တစ်ညဟူသည်
ပသီပုံပြင်များ၏ နိဒါန်းအစ ပျိုးပုံမှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ ရှေးအခါက ပါရှန်ဘုရင် ရှာလီယာမင်း (Shahryar) သည် နေ့စဉ်မိဖုရား တစ်ပါးတင်မြှောက်လေ့ရှိပြီး ယင်းမိဖုရားအား နောက်တစ်နေ့တွင် ကွပ်မျက်ပစ်တတ်သည် ဆို၏။ ယင်းဓလေ့ကို ဖျောက်ဖျက်ပစ်လိုသူ ရှီဟာ ရာဇတ် (Scheherazade) မင်းသမီးက မိဖုရားအဖြစ် ခံယူကာ မင်္ဂလာဦး ညတွင် ဘုရင်မင်းမြတ်အား ပုံပြင် တစ်ပုဒ်ပြောပြသည်။ ဘုရင်စိတ်ဝင်စားသည့် နေရာသို့ ရောက်သောအခါ မိဖုရားက ပုံပြင်ကိုရပ်ပစ်ကာ နောက် တစ်နေ့ညမှ ဆက်ပြောမည်ဟု ဆို၏။ ဤသို့ဖြင့် အာလာဒင်အကြောင်း၊ အလီဘာဘာနှင့် ခိုးသားလေးဆယ် အကြောင်း၊ သင်္ဘောသားဆင်းဗတ် အကြောင်းစသည်ဖြင့် ပုံပြင်များ ပြောပြသွားသည်မှာ တစ်ထောင့်တစ်ညပင် တိုင်ခဲ့သည်ဆိုပါသည်။
ဘုရင်မင်းမြတ်သည် ပုံပြင်ဒဏ္ဍာရီများကို များစွာသဘောကျ နှစ်ခြိုက်သည့်အလျောက် မိဖုရား ရှီဟာရာဇတ်အား များစွာချီးမွမ်းကာ အသက်ဘေးမှ ချမ်းသာပေးခဲ့သည်။
[ပြင်ဆင်ရန်] ကမ္ဘာတစ်ဝန်းပျံ့နှံ့စေသူ
တစ်ထောင့်တစ်ည ပသီပုံပြင်များကို ကမ္ဘာတစ်ဝန်း ပျံ့နှံ့စေခဲ့သူမှာ ပြင်သစ်တက္ကသိုလ်မှ အာရေဗျဘာ သာဆိုင်ရာ ပါမောက္ခ အန်တွမ်းဂလန်း ဖြစ်သည်။ သူသည် ပသီပုံပြင်များကို အာရေဗျဘာသာမှ ပြင်သစ်ဘ သာသို့ ပြန်ဆိုကာ ၁၇၀၄ ခုနှစ်တွင် အတွဲ ၁၂ တွဲ ခွဲ၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ ရှေးအခါက ဘဂ္ဂဒက်မြို့ ဈေးနှင့် ပွဲလမ်းသဘင်စသည့် လူ စည်ကားရာ နေရာများတွင် ပြောဆို လေ့ရှိကြသော ပုံပြင်များကို ဦးစွာ စုစည်းပေးခဲ့သူဖြစ်သည်။ ထိုစဉ်က ပသီပုံပြင်နှစ်ရာကျော်ကို စုစည်းနိုင် ခဲ့သည်ဆို၏။
[ပြင်ဆင်ရန်] မြန်မာစာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးခြင်း
ခရစ်နှစ် ၁၈၉၆ ခုနှစ်တွင် အလျားရှစ်လက်မခွဲ၊ အနံ ငါးလက်မ အရွယ်ရှိ စာမျက်နှာ ၆၆၁ မျက်နှာပါ 'ပသီပုံပြင် ဝတ္ထုကြီးပဌမတွဲ' အမည် ဖြင့် စာအုပ်ကြီး ပေါ်ထွက်လာပါ သည်။ ကတ်ထူ အဝတ်ဖုံး ရွှေစာလုံး ဖြင့်ခန့်ညားစွာ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တန်ဖိုးမှာ ငါးကျပ်ဖြစ်သည်။ ယင်း စာအုပ်ကို ရေးသားပြုစုခဲ့သူမှာ ဆရာဝန်ကြီး ဦးဖိုးသာဇံပင်ဖြစ်ပါ သည်။ ထိုစဉ်က ပထမဆုံးဘာသာ ပြန်စာအုပ်အဖြစ် ပေါ်ထွက် လာသော ပသီပုံပြင် ဝတ္ထုကြီးစာအုပ်ကို လူကြိုက်များခဲ့ကြသည်။ သို့သော် စာဖတ်ပရိသတ် အများစုမှာ ဝယ်ယူ ဖတ်ရှုနိုင်ကြခြင်း မရှိသဖြင့် ၁၈၉၉ ခုနှစ်တွင် ရန်ကုန်မြို့ ဗြိတိသျှဘားမား ပုံနှိပ်တိုက်က ပုံပြင် ရှစ်ပုဒ်ကိုရွေး ထုတ်ကာ တစ်ကျပ်တန် စာအုပ်အဖြစ် ရိုက်နှိပ်ပေးခဲ့သည်။
ယင်းစာအုပ်နှင့် ပတ်သက်၍ ဆရာကြီး သခင်ဘသောင်းက 'လွန်ခဲ့သော အနှစ် ၂ဝ ခန့် (၁၉၂၉ ခုနှစ်ဝန်းကျင်) က ပသီပုံပြင် စာအုပ်ကို ဘားနာဒ်ပိဋကတ်တိုက် တွင်တွေ့ဖူးရာ ထိုစာအုပ်မှာ ခပ်သိမ်း သောသတ္တဝါ၊ ခပ်သိမ်းသောအရာ တို့၏ နည်းတူမမြဲသော သဘောကို မလွန်ဆန်နိုင်သဖြင့် ရေးသူနှင့် ပုံနှိပ် သူ၏အမည်ကို ဆောင်သော အဖုံး လည်းမရှိ၊ အစအဆုံးဖတ်ရန် စာမျက်နှာလည်းမပြည့်စုံ၊ အကိုင်အတွယ်ရ ခက်လောက်အောင် စာရွက်တို့လည်း ရော်ဝါကြွပ်ကျိုးလျက် ရှိနေကြောင်း' ဆိုပါသည်။
[ပြင်ဆင်ရန်] ပြဋ္ဌာန်းစာအုပ်
တစ်ထောင့်တစ်ညပုံပြင် ရှစ်ပုဒ်အား ထုတ်နုတ်လျက် ပုံနှိပ်ထုတ်ဝေလိုက်သည့် စာအုပ်ကို ထိုခေတ်အခါက ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်း ခဲ့ပါသည်။ ယင်းစာအုပ်ပါ ပုံပြင် ရှစ် ပုဒ်မှာ အလီဘာဘာနှင့် ခိုးသား ၄၀အကြောင်း၊ ခရီးသည် သုံးယောက်တို့ အကြောင်း၊ ကမာရတ် ဇမန်မင်းသားနှင့် ပဒေါင်းရာ မင်းသမီး အကြောင်း၊ ဆင်းတဘက်နှင့် သူဆင်းရဲကူလီ၏ အကြောင်း၊ အာလာဒင်နှင့် ဣစ္ဆာသယမှန်အိမ် အကြောင်း၊ ကြေးဝါမြို့ကြီး၏ အကြောင်း၊ ညီမငယ်အား မနာလို ဝန်တိုခြင်းဖြစ်ကြသော ညီအစ်မတို့ အကြောင်း၊ မဟာမက်မင်းသမီးနှင့် ဘရီတနောင် နတ်သမီးတို့အကြောင်း တို့ဖြစ်ကြ၏။ ထူးခြားသည်မှာ ဦးဖိုးသာဇံ၏ ပသီပုံပြင်စာအုပ်ကို နမောတဿ ဘုရားရှိခိုးဖြင့် စတင် ထားခြင်းဖြစ်ပါသည်။
[ပြင်ဆင်ရန်] ကိုးကား
- Weekly Eleven Journal , Vol.4 , no.20 (၂၃ရက်နေ့ ၊ဖေဖော်ဝါရီလ ၊ ၂၀၀၉ ခု ထုတ်)