ဈေးဖိုးတစ်ရာ၊ ဝမ်းစာအစိတ်

ဝီကီပီးဒီးယား မှ

ဈေးဖိုးတစ်ရာ၊ ဝမ်းစာအစိတ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

တစ်နေ့စာ စားရန် ဈေးဖိုးငွေတစ်ရာ သုံး၍ တာရှည် စားသုံးရန် ဝမ်းစာအတွက်မူ ငွေအစိတ်ဖိုးမျှသာ သိုမှီးထားသည် ဆိုသကဲ့သို့ အရေးမပါသည်ကို များများ၊ အရေးပါသည်ကို နည်းနည်းပြုလုပ်သည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ညည်းတို့ သုံးစွဲပုံဟာ ဈေးဖိုးတစ်ရာ၊ ဝမ်းစာအစိတ် ဆိုသလို ဖြစ်တယ်။" [၁၃၀၈] ဒီးဒုတ်၊ ၂၀၊ ၅။ ၂၃။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၂။