ဇွဲဝင်းမြင့်

ဝီကီပီးဒီးယား မှ

ဇွဲဝင်းမြင့်
ကာကွယ်ရေးဦးစီးချုပ်(ရေ)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူဗိုလ်ချုပ်ကြီး မိုးအောင်
စစ်ဦးစီးအရာရှိချုပ်(ရေ)
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁ – ၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူဗိုလ်ချုပ်ကြီး မိုးအောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၈
မိခင်ကျောင်းစစ်တက္ကသိုလ်
ဆုတံဆိပ်များဇေယျကျော်ထင်ဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ရေ)
ရာထူး ဗိုလ်ချုပ်ကြီး
တပ်ကက(ရေ)

ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် (၁၉၆၈ ဖွား) သည် လက်ရှိ တပ်မတော်(ရေ) ၏ ၁၆ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်သည်။[၁] ယင်းမတိုင်မီက သူသည် စစ်ဦးစီးအရာရှိချုပ်(ရေ)ဖြစ်ခဲ့သည်။

တပ်မတော်တာဝန်[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၀) ဆင်း ဖြစ်သည်။ပြန်တမ်းဝင်အမှတ် ရေ ၃၄၇၄ ဖြင့် တပ်မတော်(ရေ) တွင် စစ်မှုထမ်းသည်။ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၁၅ ခုနှစ်တွင် အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စု၊ရေယာဉ်စုမှူး တာဝန်၊ ၂၀၁၆ ခုနှစ်အရောက်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှူး[၂] ၊ယင်းနောက်တွင် ဗိုလ်မှူးချုပ်အဆင့်တိုးပြီး ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူး[၃] ၊ဒလတပ်နယ်မှူး စသည့်တာဝန်များထမ်းဆောင်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် ဗိုလ်ချုပ်ကြီး မိုးအောင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာစဉ် သူသည် စစ်ဦးစီးအရာရှိချုပ်(ရေ) တာဝန်အား လွှဲပြောင်းဆက်ခံရသည်။[၄] ယင်းနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက် တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် အရပ်ဘက် ဝန်ကြီးဌာန သို့ ကူးပြောင်းသွားသောအခါ သူသည် ၁၆ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့သည်။[၅]

ထင်ရှားဖြစ်ရပ်များ[ပြင်ဆင်ရန်]

သူသည် ၂၀၁၅ ခုနှစ် က နေရပ်ပြန်ရန်ခက်ခဲနေသည့် မလေးရှားနိုင်ငံရောက်မြန်မာလုပ်သား ၁၀၂ ဦးအား စစ်ရေယာဉ် မဟာသီဟသူရ ဖြင့် ခေါ်ဆောင်လာရာတွင် ဦးဆောင်ခဲ့သည်။[၆] ထို့အပြင် ၂၀၂၀ပြည့်နှစ်က ပြုလုပ်သော တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) အား တာဝန်ရေတပ်မမှူး အဖြစ် တာဝန်ယူသည်။[၇]

ချီးမြှင့်ခံရသည့်ဘွဲ့[ပြင်ဆင်ရန်]

၎င်း သည် ၂၀၂၂ ခုနှစ် တွင် တပ်မတော်ဆိုင်ရာဆုတံဆိပ်ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အပ်နှင်းခံရသည်။ [၈]

ကိုးကား[ပြင်ဆင်ရန်]

  1. တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၃)၊ တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၇)နှင့် တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲကျင်းပMOI Myanmar (၂၅ ဇန်နဝါရီ ၂၀၂၄)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံ ဆွေးနွေးပွဲနှင့် သဘောတူ လက်မှတ်ရေးထိုးဆင်ဟွာသတင်း (၁၉ မေ ၂၀၁၆)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ဒလမြို့နယ်၌ သောက်သုံးရေရှားပါးသော ဒေသခံပြည်သူများအား သောက်သုံးရေဂါလန်ပေါင်း(၂၂၀ဝဝ) ဖြန့်ဝေလှူဒါန်းMyanmar Digital News (၆ မေ ၂၀၂၀)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. The best guarantee for perpetuation of the sovereignty of the State is possessing the dynamic and capable defence force, says Senior GeneralGlobal New Light Of Myanmar (25 Dec 2021)။ 5 May 2024 တွင် ပြန်စစ်ပြီး။
  5. ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. မြန်မာ့တပ်မတော်(ရေ)စစ်ရေယာဉ် မဟာသီဟသူရ မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများ ပြန်လည်ခေါ်ဆောင်ရောက်ရှိ၂၀၁၅ခုနှစ် မတ်လ ၃၀ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၇) (၃၀ မတ် ၂၀၁၉)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ်- မင်းရဲသိင်္ခသူပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) လေ့ကျင့်ဆောင်ရွက်CINCDS Myanmar (၁၅ အောက်တိုဘာ ၂၀၂၀)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၂)MOI Myanmar (၄ ဇန်နဝါရီ ၂၀၂၂)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။