ဇူးကော့ဂျီ၊ ကေ

ဝီကီပီးဒီးယား မှ
ဂျော်ဂျီ ဇူးကော့

ဇူးကော့ဂျီ၊ ကေ(ခရစ် ၁၈၉၅ ဖွား)[ပြင်ဆင်ရန်]

ဂျော်ဂျီကန်စတန်တျီနပ်ဗျစ် ဇူးကော့သည် ဒုတိယကမ္ဘာစစ် အတွင်းက နာမည်ကျော်ခဲ့သော ဆိုဗီယက်စစ်သူကြီးတစ်ဦးဖြစ် သည်။ ရုရှနိုင်ငံအလယ်ပိုင်း စထရယ်ကိုဗါး အမည်ရှိသော ရွာ ကလေးတွင် ၁၈၉၅ ခုနှစ်က ဖွားမြင်၍၊ မိဖများမှာ တောင်သူ လယ်သမားမျိုးရိုးဖြစ်၏။ ငယ်စဉ်ကကျောင်းတွင် အခြေခံပညာ ရပ်များကို သင်ကြားခဲ့ပြီးနောက်၊ ၁၉၁၅ ခုနှစ်တွင် ဇာဘုရင်၏ စစ်တပ်ထဲသို့ သာမန်စစ်သားတစ်ဦးအဖြစ်ဖြင့် ဝင်ရောက်အမှု ထမ်းခဲ့လေသည်။

၁၉၁၇ ခုနှစ်၌ တော်လှန်ရေးကြီး ဖြစ်ပွားသောအခါ ဇူးကော့သည် တပ်နီတော်တွင် ဗိုလ်အဆင့်အတန်း ကိုရရှိခဲ့ပြီး လျှင် ပိုလန်ကိုတိုက်ခိုက်ခဲ့ရလေသည်။ ၁၉၂၂ ခုနှစ်တွင် ဖရွန်း ဇေးစစ်သက္ကသိုလ်သို့ ဝင်ရောက်၍ စစ်ပညာကိုဆည်းပူးလေ့လာ ခဲ့ရာတွင် ယန္တရားတပ်များအား ပြန်လည်ခုခံတိုက်ခိုက်နည်း၌ အထူးကျွမ်းကျင်စွာ တတ်မြောက်ခဲ့သူဟု ဆိုလေသည်။ ၁၉၃၉ ခုနှစ်၌ မွန်ဂိုလီးယားပြည်ထဲတွင် ဂျပန်တပ်မတော်အမှတ် ၆ ကို တိုက်ခိုက်ချေမှုန်းခဲ့သည်။ ၁၉၄၁ ခုနှစ်ဖေဖော်ဝါရီလထဲတွင် ဇူးကော့သည် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရ၍၊ စစ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ ကာကွယ်ရေးဌာန လက်ထောက်ဝန်ကြီး အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရသည်။ ထိုနှစ် အောက်တိုဘာလတွင် ဇူးကော့မှာ မော်စကိုမြို့တော်ကာကွယ်ရေးအတွက် လုံးဝတာဝန် ယူကာ ဆောင်ရွက်ခဲ့ရသည်။ ထိုနှစ် ဒီဇင်ဘာလတွင် ဇူးကော့ ကွပ်ကဲအုပ်ချုပ်သော ဆိုဗီယက်တပ်များသည် ဂျာမန်တပ်များကို တိုက်ခိုက်တွန်းလှန်နိုင်ခဲ့လေသည်။ စတာ လင်ဂရက်မြို့ စတာလင်ဂကက်တိုက်ပွဲတွင် ဇူးကော့၏ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် အောင်ပွဲရလိုက်ပြီးလျှင် သူ၏ စွမ်းရည်သတ္တိကြောင့်ပင် ၁၉၄၃ ခုနှစ် ဇန္နဝါရီလထဲတွင် လင်နင်ဂရက်မြို့ကို ဝန်းရံထားသော ဂျာမန်တပ်များကို တိုက်ခိုက် မောင်းထုတ်နိုင်ခဲ့လေသည်။

ထိုအတွင်း ဇူးကော့မှာ မာရှယ်ခေါ် စစ်သူကြီးအဆင့်အတန်းသို့ တိုးမြှင့်ခန့်အပ်ခြင်းခံရလေသည်။ မာရှယ်ဇူးကော့ ကွပ်ကဲအုပ်ချုပ်သော ဆိုဗီယက်တပ်များသည် ပိုလန်နိုင်ငံနှင့် ဂျာမန်နိုင်ငံအရှေ့ပိုင်းကို ဖြတ် သန်းချီတက်တိုက်ခိုက်ခဲ့ပြီးလျှင်၊ ၁၉၄၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ဗါလင်မြို့တော်ကို တိုက်ခိုက် သိမ်းပိုက်လိုက်ကြလေသည်။ မေလ ၈ ရက်နေ့တွင် ဂျာမန် တို့လက်နက်ချရသည်။ မာရှယ်ဇူးကော့သည် မဟာမိတ်အုပ် ထိန်းရေး ကော်မစ်ရှင်အဖွဲ့တွင် ဆိုဗီယက်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ရ၍၊ ၁၉၄၆ ခုနှစ် ဖေဖွာရီလအထိ ဂျာမနီတွင်ရှိခဲ့ သည်။ ဧပြီလတွင် မာရှယ်ဇူးကော့အား မော်စကိုမြို့တော်သို့ ပြန်လည်ခေါ်ယူ၍၊ ဆိုဗီယက်ကြည်းတပ်အားလုံး၏ သေနာပတိ ချုပ်အဖြစ်လည်းကောင်း၊ ကာကွယ်ရေးဌာန လက်ထောက်ဝန်ကြီးအဖြစ် လည်းကောင်း ခန့်ထားခြင်း ခံရလေသည်။ သို့သော် ထိုနှစ် နွေရာသီ တွင် အိုဒက်ဆာရှိ တပ်များကိုကွပ်ကဲရန် စေလွှတ်ခြင်းခံရပြန် လေရာ၊ အချို့က ရာထူးလျှောသွားခြင်းဖြစ်သည်ဟု ယူဆကြ သည်။ အချို့ကမူ ပင်လယ် နက်တစ်ဝိုက်နှင့် ဗော်လကန်ရှိ ဆိုဗီယက်တပ်များကို အင်အားဖြည့်တင်းရေးအတွက် သွား ရောက်ခြင်းဖြစ်၍ ရာထူးလျှောသည်ဟုမဆိုသာဟု ပြောဆိုကြ လေသည်။

၁၉၅၃ ခုနှစ် မတ်လတွင် မာရှယ်စတာလင်သေဆုံးသော အခါ၊ ဝန်ကြီးချုပ်သစ် မာလျင်ကော့ အစိုးရအဖွဲ့သစ်တွင် ဒုတိ ယကာကွယ်ရေးဝန်ကြီးဖြစ်လာသည်။ ၁၉၅၅ ခုနှစ် ဖေဖဝါရီ လအတွင်း ဆိုဗီယက်အစိုးရအဖွဲ့ အပြောင်းအလဲတွင် ဝန်ကြီး ချုပ်ဖြစ်သွားသော မာရှယ်ဗူလဂါနင်၏ နေရာတွင် ကာကွယ် ရေးဝန်ကြီးအဖြစ် ဖေဖဝါရီလ ၉ ရက်နေ့မှစ၍ ခန့်အပ်ခြင်း ခံရလေသည်။

၁၉၅၇ ခုနှစ် ဖေဖဝါရီလ ၁ဝ ရက်နေ့တွင် မာရှယ်ဇူး ကော့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ ဖိတ်ကြား ချက်အရ၊ မြန်မာနိုင်ငံတွင် ၅ ရက်မျှ ချစ်ကြည်ရေးမိတ်ဆက် အဖြစ်လည်ပတ်မိတ်ဆက်ရန် ရန်ကုန်မြို့သို့ဆိုက်ရောက်ခဲ့သည်။ ၁၉၅၇ ခုနှစ် အောက်တိုဘာလအတွင်း၊ မာရှယ်ဇူးကော့သည် ယူဂိုဆလား ဗီးယားနှင့် ဗူလဂေးရီးယားနိုင်ငံများသို့ ၁၈ ရက်ကြာ ချစ်ကြည်ရေးမိတ်ဆက်သွားရောက်လည်ပတ်ခဲ့ရာမှ၊ အောက်တိုဘာလ ၂၆ ရက်နေ့၌ မော်စကိုမြို့တော်သို့ ပြန်အရောက်တွင်၊ ယင်းအား ဆိုဗီယက်ပါလီမန် သဘာပတိအဖွဲ့က ကာကွယ်ရေးဝန်ကြီးရာထူးမှ ထုတ်ပယ်လိုက်ပြီးလျှင်၊ မာရှယ်မာလင်နော့စကီးအား ယင်း၏ နေရာတွင် ခန့်ထားလိုက်လေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)