ဆေးကျော်ကြီး

ဝီကီပီးဒီးယား မှ

အလွန်အေး၍ မြင့်မားသော တောင်ပေါ် အရပ် ဒေသ၌သာ ပေါက်ရောက်သည်။ ပြင်ဦးလွင်နှင့် အနီးတစ်ဝိုက် ဒေသများတွင် တွေ့ရှိရသည်။ သဘာဝ အလျောက် ပေါက်ရောက်၏။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

အပင်[ပြင်ဆင်ရန်]

မြေ၌ ကပ်ပေါက်သည့် မိုးသက်ပင်ငယ်မျိုးဖြစ်သည်။

အရွက်[ပြင်ဆင်ရန်]

အရွက်များ ရွက်ထိပ်ဝိုင်း သို့မဟုတ် အနည်းငယ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်ညှာရှည်သည်။ ရွက်နား ခွေးသွားစိပ်ယောင်ယောင် ရှိ၍ လှိုင်းတွန့် အနည်းငယ်ရှိသည်။ အရွက်ရိုးတံ အရွက်ရင်းကို ချိုး၍ ဆွဲကြည့်သော် ကြက်ပေါင်းစေးကဲ့သို့ လည်းကောင်း ၊ ချည်မျှင်ကလေးများ ကဲ့သို့ လည်းကောင်း သေးငယ်၍ ဖြူသော အမျှင် ကလေးများ ဖြစ်ပေါ် လာသည်။

အပွင့်[ပြင်ဆင်ရန်]

ပွင့်ညှာတံ လုံးပြီး အုန်းလက်တံ ခန့် ရှိသည်။ အလျား ၇-၈ လက်မထိ ရှည်သည်။ ပွင့်ညှာတံ ၏ ၃ ပုံ ၂ ပုံ ခန့် ထိ သေးငယ်သော အပွင့်များ စီတန်း လျက် ပွင့်သည်။ ပွင့်တံကိုင်း ၄-၇ ထိ ထွက်၏။

အသီး[ပြင်ဆင်ရန်]

အစေ့များ အလွန်သေးငယ် ပြီး ချွဲကပ်စေးထန်၏။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ[ပြင်ဆင်ရန်]

  • အရွက်၊
  • ပဉ္စငါးပါး ၊
  • အမြစ်။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ[ပြင်ဆင်ရန်]

အလွန်အေး၍ မြင့်မား သော တောင်ပေါ် အရပ် ဒေသ၌သာ ပေါက်ရောက်သည်။ ပြင်ဦးလွင် နှင့် အနီး တစ်ဝိုက် ဒေသများတွင် တွေ့ရှိရသည်။ သဘာ၀ အလျောက် ပေါက်ရောက်၏ ။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

မြန်မာ ဆေးကျမ်းများ အလိုအရ အရွက်သည် အေး၏ ၊ ဆီးရွှင်စေ၏ ၊ အပင်သည် အဆစ်အဆက် ရောင်ရမ်း ကိုက်ခဲခြင်း ၊ ဝမ်းတွင်း၌ ရစ်ခြင်း ၊ နာကျင်ကိုက်ခဲခြင်း တို့ကို ပျောက်ရန် အတွင်းဆေး ၊ အပြင်ဆေး အဖြစ် သုံးနိုင်သည်။ အားတိုးဆေး အဖြစ်လည်း များစွာ အသုံးပြုရ၏။

အသုံးပြုပုံ[ပြင်ဆင်ရန်]

အရွက်[ပြင်ဆင်ရန်]

  1. ပျား ၊ ပဆုပ် ပနီ ၊နဂျီ စသည့် အဆိပ်ရှိ သည့် သတ္တဝါ များ တုပ်ခြင်း ကိုက်ခြင်း နှင့် အခြား အဆိပ်သင့်သော ရောဂါ များ အတွက် အရွက် အစိမ်းကို ညက်ညက် ကြိတ်၍ ကိုက်သော ဒဏ်ရာ များ ၌ လိမ်းပေးခြင်း ၊ အုံကပ်ပေးခြင်းဖြင့် အဆိပ်များ မြန်စွာ ပြေပျောက်၏ ။ အနာများမှ လည်းကောင်း ၊ ထိခိုက်ရှနာ သော ဒဏ်ရာများ မှလည်းကောင်း ၊ သွေးစိမ်းများ ယိုသောအခါ ၌ အထက်ပါ အတိုင်း ပြုလုပ်ပေး ခြင်းဖြင့် သွေးယိုစီးခြင်း ကို ရပ်တန့်စေ၏။
  2. အရွက်ပြုတ်၍ ဖန်ရည်ဆေးပေးပါက အနာများ ပြည်ပုပ် သွေးပုပ် စင်ကြယ်၍ အသားနု တက်လွယ်စေ၏။
  3. ခံတွင်း၌ ပူလောင်ပေါက်ကွဲ ခြင်း၊ အပူဖုအပူ အိတ် များ ပေါက်ခြင်း ၊ လျှာကွဲလျှာနာ ဖြစ်ခြင်း ၊ သွားကိုက်သွားနာ ၊ သွားဖုံးရောင်ခြင်း၊ သွားရင်းမှ ပြည်သွေးများ ယိုစီးခြင်း ၊ ရေစီး ကမ်းပြိုဖြစ်ခြင်းများ အတွက် အရွက်ပြုတ်ရည် ကို ခပ်နွေးနွေး ငုံပေးသော် ပျောက်၏။
  4. အရွက်ကြိတ်ညှစ်ရည်ကို နားတွင်းသို့ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မျှ ခပ်ပေးသော် နားကိုက်နားပြည် ယို ရောဂါ ပျောက်၏။
  5. ၎င်း ကြိတ်ညှစ်ရည်ကို ရက်ရှည်စွဲ သောက်သော် ငှက်ဖျား ရောဂါ အမြစ်ပြတ်၏။
  6. အရွက်ကို ကျက်ကျက် ပြုတ်၍ တစ်နေ့ ၂ ကြိမ် မျှ ၎င်း ပြုတ်ရည် အခိုး အငွေ့ မှိုင်းခံ ခြင်း ဖြင့် မိန်းမများ မီးယပ်ဖြူ ဆင်းခြင်း ၊ ကျားမ မရွေး ညောင်းကျခြင်း ၊ လိပ်ခေါင်း ရောဂါ ဖြစ်ခြင်းနှင့် ဖောရောင်ခြင်း ပျောက်၏။
  7. အရွက် ကို မီးကင်၍ တစ်နေ့ ၂ ကြိမ်မျှ ကပ်ပေးသော် စူးနေသော ဆူးများ အလိုအလျောက် ကျွတ်ထွက် ၏ ။ မကျက်နိုင်သော အနာ များလည်း အမြန်ကျက်၍ ပျောက်လွယ်၏။
  8. အရွက်ပြုတ်ရည် ကို သကြားသင့်ရုံ ထည့်သောက်ပါက ဆီးပူခြင်း၊ နီခြင်း ၊ ဆီးနည်းခြင်း ၊ မိတ်ထွက်ခြင်း ၊ အနာမီး အနာလျှံ အနာစက် များ ပေါက်ခြင်းနှင့် ဝမ်းတွင်း၌ အပူအားကြီး ခြင်းများ ပျောက်၏။

ပဉ္စငါးပါး[ပြင်ဆင်ရန်]

  1. ပဉ္စငါးပါးကို ရေနှင့် ကျို၍ မှန်မှန် သောက်သော် ဆီးချို ရောဂါ ပျောက်၏။
  2. အဆုတ်ရောဂါ အတွက် ပဉ္စငါးပါး ကြိတ်ညှစ် ရည်ကို နံနက် မှန်မှန် သောက်သော် ပျောက်၏။

အမြစ်[ပြင်ဆင်ရန်]

နာတာရှည် အဖျား ၊ ရက်ခြား ဖျား ရောဂါများအတွက် အရွက် နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်၏။ [၂]

ကိုးကား[ပြင်ဆင်ရန်]