ဆိပ်ဖူးရွာ၊ နောင်ချိုမြို့နယ်

ဝီကီပီးဒီးယား မှ
ဆိပ်ဖူး
ရွာ
ဆိပ်ဖူးရွာ
ဆိပ်ဖူး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆိပ်ဖူး
ဆိပ်ဖူး
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°28′28″N 96°41′37″E / 22.4745101928711°N 96.6936569213867°E / 22.4745101928711; 96.6936569213867ကိုဩဒိနိတ်: 22°28′28″N 96°41′37″E / 22.4745101928711°N 96.6936569213867°E / 22.4745101928711; 96.6936569213867
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကျောက်မဲခရိုင်
မြို့နယ်နောင်ချိုမြို့နယ်
ကျေးရွာအုပ်စုဆိပ်ဖူး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဆိပ်ဖူးရွာ (အင်္ဂလိပ်: Seikhpu)သည် ရှမ်းပြည်နယ် (မြောက်)ကျောက်မဲခရိုင်နောင်ချိုမြို့နယ်ဆိပ်ဖူးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၇၄၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆိပ်ဖူးကျေးရွာအုပ်စုတွင် ကျား ၅၈၅ ဦး၊ မ ၅၈၀ ဦး၊ လူဦးရေ စုစုပေါင်း ၁၁၆၅ ဦးနေထိုင်သည်။ ရှမ်းလူမျိုးများ နေထိုင်သောရွာ ဖြစ်သည်။ [၁]

သမိုင်း[ပြင်ဆင်ရန်]

နယ်မြေမငြိမ်းချမ်းစဉ်က ဆိပ်ဖူးရွာကို ရွာလုံးကျွတ် ဓားပြတိုက်သည့်ရွာဟု စွတ်စွဲခံရသည်များ ရှိခဲ့ဖူးပါသည်။ အဆိုပါအချိန်များက ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း အုမ္မခါးသစ်တော အတွင်း လမ်းဖြတ်သန်းသည့် နေရာများတွင် ဖြစ်ပွားခဲ့သော လက်သည် မပေါ်သည့် ဓားပြမှု များအတွက် အစွတ်စွဲခံခဲ့ရခြင်းဖြစ်ပါသည်။ ယခုအခါတွင် ထိုဖြစ်ရပ်များ မကြားရတော့ပါ။

ထင်ရှားသောနေရာ[ပြင်ဆင်ရန်]

ဆိပ်ဖူးရေပူစမ်း[ပြင်ဆင်ရန်]

ဆိပ်ဖူးရွာအနီးရှိ ဆိပ်ဖူးရေပူစမ်း သည် နောင်ချိုမြို့နယ်တွင် လူသိများ ထင်ရှားသည့် အပန်းဖြေနေရာ တခုဖြစ်သည်။ အထူးသဖြင့် ဆောင်းရာသီတွင် လာရောက် ရေပူစိမ် အပန်းဖြေကြသည်။ လာရောက်သူများတွင် နောင်ချိုမြို့နယ်အတွင်းမှသာ မက ရှမ်းပြည်နယ် အခြားနေရာများကိုလည်း တွေ့ရသည်။ နယ်မြေ အေးချမ်းလာပါက ခရီးသွားလုပ်ငန်း အတွက် အလွန် အလားအလာကောင်းသော ရွာဖြစ်ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။