ဆလမန္ဒာကောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အကွက်များပါသော ဆလမန္ဒာ။

ဆလမန္ဒာကောင်[ပြင်​ဆင်​ရန်​]

ဆလမန္ဒာကောင်သည် ပုံသဏ္ဌာန်အားဖြင့် အိမ်မြှောင်နှင့် တူသည်။ ခြေလေးချောင်းရှိ၍ အမြီးရှည်သည်။ ဖားရေပုတ်သင်တို့နှင့် အမျိုးနီးစပ်၏။ ရေကိုနှစ်သက်သော သတ္တဝါမျိုး ဖြစ်သည်။ များသောအားဖြင့် အရွယ်ငယ်၏။ သို့ရာတွင် ဂျပန်နိုင်ငံ၌ ၅ ပေ ရှည်သော ဆလမန္ဒာကောင်မျိုး ရှိသည်။ ဆလမန္ဒာကောင်သည် ကြောက်တတ်၏။ ဖြည်းညှင်းစွာ ကိုင်တွယ်လျှင် ဘာမျှပြန်၍ မလုပ်တတ်ပေ။ သို့သော် ကြမ်း ကြမ်းတမ်းတမ်း ကိုင်တွယ်လျှင် အရေခွံမှ အဆိပ်ပါသည့် အဖြူရည်ကို ပက်ထုတ်တတ် သည်။ ဆလမန္ဒာအမသည် အိုင်ထဲ၊ စမ်းထဲသို့ ဥများကို အုချသည်။ ရက်သတ္တစ်ပတ် ၂ ပတ်မှ ၄ ပတ်အတွင် ဥများမှ အကောင်ကလေးများ ပေါက် လာကြသည်။ ဆလမန္ဒာကောင်ကလေးသည် ပါးဟက်ဖြင့် အသက်ရှူသည်။ ခြေလေးချောင်းရှိ၏။ သို့သော် ငယ်ရွယ်စဉ် ရေထဲ၌ပင် ငါးကဲ့သို့နေသည်။ ကြီးပြင်းလာသောအခါမှ ကုန်း ပေါ်၌နေသည်။ အကွက်အပြောက်များရှိသော ဆလမန္ဒာကောင်မျိုးကို ဥရောပတိုက်၊ အမေရိကတိုက်၊ အာရှမိုင်းနား နယ်တို့တွင် တွေ့ရသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)