မာတိကာသို့ ခုန်သွားရန်

ဆရာများ သားသေ

ဝီကီပီးဒီးယား မှ

ဆရာများ သားသေ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ မြန်မာစကားပုံ တစ်ခုလည်း ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

မလိုအပ်ဘဲ ဆေးဆရာအမျိုးမျိုး၏ ကုသမှုကို ခံယူမိသဖြင့် သားလူနာ သေဆုံးရသည်။[၁] အခြားဆိုလိုရင်းတစ်ခုမှာ ဆေးဆရာအမျိုးမျိုး၏ လက်တည့်စမ်း ကုသမှုကို ခံယူမိသဖြင့် သားလူနာ သေဆုံးရသကဲ့သို့ တစ်ယောက်တစ်ပေါက် ဩဇာပေးမှုများသောကြောင့် လုပ်ငန်းပျက်စီးဆုံးရှုံးရသည်။ [၂]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "လူနာတစ်ဦး၏ ရောဂါဝေဒနာကို လူပေါင်းများစွာတို့က ဝိုင်းဝန်း၍ စေတနာပိုကာ တရကြမ်း နှိမ်နင်းကြသည်နှင့် ဆရာများ သားသေရသည်သာ ဖြစ်၏။" [၁၃၁၉] စာဗိမာန်၊ ၆၊ ၆။ ၈၅။
  • "နေရာတကာ ဆရာသာလုပ်၍ တပည့်မခံလိုသူ များနေပါက ဆရာများ သားသေဆိုသကဲ့သို့ လမ်းမှန်မရောက်နိုင်။" [၁၃၀၉] လက်ရုံး။ ၉။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၅။