ဆန်ရင်း နာနာဖွပ်

ဝီကီပီးဒီးယား မှ

ဆန်ရင်း နာနာဖွပ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဆန်ကွဲ ဆန်နုပ် ဖြစ်သွားသော ဆန်သည် ဖွပ်စရာမလို၊ ဆန်ရင်းကိုသာလျှင် ဖြူသည်ထက်ဖြူအောင် နာနာဖွပ်ရသကဲ့သို့ ဆုံးမစရာရှိလျှင် ရင်းနှီးပြီး ကောင်းဖို့အလားအလာရှိသူကို ဖိ၍ဆုံးမသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဆန်ရင်း နာနာဖွပ်ဟူသကဲ့သို့ ကိုယ့်တပည့်ဖြစ်ဖူးသော မောင်သက်တင် နှလုံးလှဖို့ရာ် ဆုံးမစာပုဒ် လျင်ခုပ်တောက်တပို စပ်ဆိုတော်မူသည်မှာလည်း..." [၁၂၈၇] တိုးတက်ရေး၊ ၂၁။ ၅။
  • "ဆန်ရင်းကို နာနာဖွပ်ရတယ်ဆိုတဲ့ စကားလို ကျွန်တော်တို့ထဲက ဖောက်ပြန်လာရင်တော့ သူများတကာတွေထက် ပိုပြီး ရက်ရက်စက်စက် ဆုံးမရလိမ့်မယ်။" [၁၃၁၅] ပြည်သား၊ ၃၊ ၉၅။ ၃။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၇။