မာတိကာသို့ ခုန်သွားရန်

ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်

ဝီကီပီးဒီးယား မှ

ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။ (စဥ်ရာမဟုတ်ပါ။ စင်ရာဖြစ်ရပါမယ်။)

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မောင်း၌ တပ်ဆင်ထားသော ကျည်ပွေ့သည် ဆုံမှ စဉ်ထွက်သမျှ ဆန်စေ့များ၏နောက်သို့ လိုက်၍မထောင်းနိုင်သကဲ့သို့ ပင်မကိစ္စကို လွှတ်ပြီး နှီးနွယ်ရာ အသေးအမွှားကိစ္စများနောက်သို့ လိုက်၍ မလုပ်နိုင်ချေ။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သံကျောက်ကျည်ပွေ့ဆန်စဉ်ရာငါမရွေ့၊ကွေ့ကွေ့ကောက်ကောက်၊ မိုက်ဉာဏ်ပေါက်တိုင်း၊ ရောက်မိရောက်ရာ၊ နားကလောအောင် မပြောသာ။" [၁၁၈၁] ဒေဝ။ ၃၀-၃၁။
  • "ဆန်စဉ်ရာ ကျည်ပွေ့လိုက်ဆိုသလို ဟိုက ဆူရင် ဟိုလိုက်လုပ်၊ ဒီက ဆူရင် ဒီလိုက်လုပ် ဆိုသလို ဖြစ်နေတဲ့အပြင်..." [၁၃၀၉] ဗိုလ်ချုပ်မိန့်။ ၃၂၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၆။