ဆင်ပေါက် ကောက်လှိုင်းခိုး

ဝီကီပီးဒီးယား မှ

ဆင်ပေါက် ကောက်လှိုင်းခိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

အားကြီးသော ဆင်ပေါက် စင်စစ်ဖြစ်ပါလျက် အလွယ်တကူ ရသော ကောက်လှိုင်းကို မဖွယ်မရာ ခိုးယူစားသကဲ့သို့ မိမိအဆင့်နှင့် မလျှော်ညီ၊ အောက်ကျသောအမှုကို မဖွယ်မရာ ပြုသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဆင်ပေါက်ကောက်လှိုင်း၊ ခိုးသောနှိုင်းသို့၊ ရိုင်းစိုင်းရှက်ဖွယ်၊ မတင့်တယ်ခဲ့၊" [၈၅၆] ဘူပေါင်း * ၃၅
  • "ဆင်ပြောင်ကြီးသား၊ ညောင်ညွန့်စားလျက်၊ လျှာပါးမြိန်နိုး၊ ကောက်လှိုင်းခိုးသို့၊" [၉၀၀] ငရဲ * ၇၄

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၉။