ဆင်ကန်းတောတိုး
ဆင်ကန်းတောတိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်[ပြင်ဆင်ရန်]
ဆင်ကန်းသည် လမ်းမှန်းမသိ၊ တောချုံမှန်းမသိ ဇွတ်တိုး၍ သွားသကဲ့သို့ ဉာဏ်အမြော်အမြင် နည်းပါးသူသည် အမှန်အမှားကို မသိ၊ မိမိ ထင်ရာမြင်ရာ ဇွတ်ပြောဆိုပြုမူသည်။ [၁]
မူလရင်းမြစ်[ပြင်ဆင်ရန်]
- "ကျစ်လျစ်မရှိ၊ အငြိငြိတည့်၊ ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့၊" [၈၈၅] ကိုး * ၂၆။
- "ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော မိုက်ရူးရဲနှင့်..." [၁၃၁၄] ကိုယ်ကျင့်။ ၁၀၆။