စိုင်ကော်လို့ ချုံပေါ်ရောက်

ဝီကီပီးဒီးယား မှ

စိုင်ကော်လို့ ချုံပေါ်ရောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

စိုင်သတ္တဝါ၏ ပင့်ကော်ဝှေ့ခတ်ခြင်းခံရသော်လည်း အန္တရာယ်မဖြစ်ရုံမျှမက ဘေးလွတ်ရာ ချုံပေါ်သို့ပင် ရောက်သွားသူကဲ့သို့ ပျက်စီးကြောင်းနှင့် ကြုံရသော်လည်း နိမ့်ပါးခြင်းမရှိရုံမျှမက ပို၍ပင် အခြေအနေ ကောင်းမွန်သွားသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "စိုင်ကော်လို့ ချုံပေါ်ရောက်သလို ယခုအခါ အခြေအနေနှင့်စာလျှင် မြေကြီးနှင့် ကောင်းကင်ပမာ ကွာချင်တိုင်းကွာလျက်..." [၁၂၉၅] ဒဂုန်၊ ၁၊ ၅၀။ ၈၄။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၂။