အင်န်ဒီးစ် တောင်တန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အမြင့်မှ မြင်ရသော အင်န်ဒီးစ် တောင်တန်း၏ ပုံ

အန်းဒီးတောင်တန်း[ပြင်​ဆင်​ရန်​]

အင်န်ဒီးစ် တောင်တန်းသည် တောင်အမေရိက အနောက်ဖက် ကမ်းရိုးတန်းတလျှောက်တွင် ရှိသော တောင်တန်း ဖြစ်သည်။ အင်န်ဒီးစ် တောင်တန်းသည် အာဂျင်တီးနားနိုင်ငံ နှင့် ချီလီနိုင်ငံ တို့၏ တောင်ဖက်ပိုင်း မှစ၍ ကိုလမ်ဘီယာနိုင်ငံ မြောက်ပိုင်း အထိ တည်ရှိသည်။ အင်န်ဒီးစ်တောင်တန်းများသည် ကမ္ဘာပေါ်တွင် ပင်လယ်ရေမျက်နှာပြင် အထက်တွင် ရှိနေသော တောင်တန်းများတွင် အရှည်လျားဆုံး ဖြစ်ပြီး ဟိမဝန္တာ တောင်တန်း များပြီးလျှင် ဒုတိယမြောက် အမြင့်မားဆုံး ဖြစ်သည်။ အင်န်ဒီးစ် တောင်တန်း၏ နယ်မြေ အများစုကို ပီရူးနိုင်ငံ နှင့် ဘိုလီးဗီးယားနိုင်ငံ တို့တွင် အများဆုံး တွေ့ရသည်။ အင်န်ဒီးစ်တောင်တန်းသည် အာရှ ပြင်ပတွင် အမြင့်မားဆုံး တောင်တန်းဖြစ်သည်။ အာကွန်ကာဂွါ တောင်ထိပ် သည် အင်န်ဒီးစ် တောင်တန်းတွင် အမြင့်ဆုံး တောင်ထိပ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်မှ ၆၉၆၂ မီတာ (၂၂၈၄၁ ပေ) မြင့်သည်။ အီကွေဒေါ နိုင်ငံတွင် ရှိသော ချင်ဘိုရာဇို တောင်ထိပ်သည် ကမ္ဘာ၏ ဗဟိုချက်မှ အဝေးကွာဆုံး နေရာဖြစ်သည်။ ချင်ဘိုရာဇိုသည် အီကွေဒေါနိုင်ငံ ရှိ မီးငြိမ်းတောင် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က နောက်ဆုံး ပေါက်ကွဲခဲ့သည်ဟု ယူဆကြသည်။


တောင်အမေရိကတိုက်၏ အနောက် ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် မြောက်ဘက်ပနားမားကျွန်း ဆက်မှ တောင်ဘက်စွန်း ကိပ်ဟွန်းအငူအထိ မိုင်ပေါင်း ၄၅ဝဝ ခန့် သွယ်တန်းလျက်ရှိသော အန်းဒီးတောင်တန်းသည် ကမ္ဘာ ပေါ်တွင် အရှည်လျားဆုံးသော တောင်တန်းဖြစ်သည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ မြောက်ဘက်တံတိုင်းကြီးဖြစ်သော ဟိမဝန္တာမှ လွဲလျှင် ကမ္ဘာပေါ်၌ အမြင့်ဆုံးသော တောင်ထွတ်များပါဝင် သည့် တောင်တန်းကြီးလည်းဖြစ်သည်။ တောင်အမေရိကတိုက် ၏ ကျောရိုးကြီးသဖွယ် တည်ရှိသဖြင့် စပိန်လူမျိုးတို့က ထို တောင်တန်းကြီးကို ကော်ဒီလားရား (စပိန်ဘာသာဖြင့် ကျော ရိုး) ဟု ခေါ်ကြလေသည်။


ရေခဲဆောင်းထားသည့် မြင့်မားသော တောင်ထွတ်များ ရှိသည့်နည်းတူ မီးခိုးတဝေဝေနှင့် မီးရှင်တောင်များလည်း ၃ဝ ကျော်ခန့်ရှိသည်။ ထို့ကြောင့် ငလျင်မကြာခဏလှုပ်သဖြင့် ထိုတောင်တန်းဒေသရှိ မြို့ရွာပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရလေ သည်။


အန်းဒီးတောင်တန်းသည် တောင်အမေရိကတိုက်ကို ပစိဖိတ်အခြမ်းနှင့် အတ္တလန္တိတ်အခြမ်းဟူ၍ နှစ်ပိုင်း ခြားထား သည်။ ယင်းသည် ပစိဖိတ်ကမ်းရိုးတန်းနှင့် ယှဉ်ပြိုင်လျက် အပြတ်အတောက်မရှိ တဆက်တည်း သွယ်တန်းနေသည်ကား မဟုတ်ပေ။ ထိုတောင်တန်းတွင် တောင်စဉ်တောင်ရိုး အထပ် ထပ် ဖြစ်ပေါ်နေသည့် နေရာများလည်းရှိသည်။ ထို့ကြောင့် ထိုတောင်စဉ်တောင်ရိုးများအလိုက် အန်းဒီးတောင်တန်းကို သုံး ပိုင်းခွဲခြားနိုင်သည်။ ထိုသုံးပိုင်းခွဲခြားထားသည်မှာ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်း အန်းဒီးများဟူ၍ဖြစ်လေသည်။ တောင်ပိုင်း အန်းဒီးသည် တောင်အမေရိကတိုက်၏ တောင်ဘက်အစွန်းကိပ်ဟွန်းမှ အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်း အထိဖြစ်သည်။ ထိုအပိုင်းတွင် အန်းဒီးတောင်တန်းမကြီးနှင့် ယှဉ်ပြိုင်လျက် အရှေ့ဘက်တွင် တောင်တန်းငယ်တစ်ခု သွယ် တန်းလျက်ရှိသည်။ ထိုအပိုင်းရှိ တောင်စဉ်တောင်တန်းများ အနက် မီးသေတောင်တစ်ခုဖြစ်သော အားကွန်းဂွားတောင်ထွတ် သည် အမေရိကတိုက်ကြီးတစ်တိုက်လုံးတွင် အမြင့်ဆုံးတောင် ထွတ်ဖြစ်၍ ပင်လယ်ရေပြင်ထက် ပေပေါင်း ၂၃,ဝဝဝ မြင့်လေ သည်။ ယင်းသည် ချီလီနိုင်ငံ ဆန်တီယာဂိုမြို့မှ မိုင် ၅ဝ ခန့် ကွာဝေး၍၊ အာဂျင်တီးနားနိုင်ငံ၏ အနောက်ဘက်နယ်နိမိတ် အနီး၌ တည်ရှိလေသည်။ တောင်ပိုင်းအန်းဒီးသည် တောင် ဘက်၌နိမ့်၍ မြောက်ဘက်သို့ တဖြည်းဖြည်း မြင့်တက်သွား လေသည်။

တောင်ပိုင်းအန်းဒီးအနီးဆုံးမှ ကိုလုံးဗီးယားနိုင်ငံတောင် ပိုင်းအထိဖြစ်သော အစိတ်အပိုင်းကို အလယ်ပိုင်းအန်းဒီးဟု ခေါ်သည်။ အလယ်ပိုင်းအန်းဒီးသည် တောင်စဉ်တောင်ရိုး အထပ်ထပ်ပါရှိ၍ အကျယ်ပြန့်ဆုံးအပိုင်းဖြစ်သည်။ ထိုအပိုင်း တွင် အန်းဒီးတောင်ရိုးသည် နှစ်မြွာကွဲထွက်ကာ ထိုတောင်ရိုး နှစ်မြွာအတွင်း၌ မြင့်မားသော တောင်စွယ်တောင်ထွတ်များ၊ ကုန်းပြင်မြင့်များပါဝင်သည်။ ယင်းသည် အဖိုးတန်သတ္တုများ ဖြင့်ကြွယ်ဝသော အစိတ်အပိုင်းဖြစ်သည်။ ပီရူးနိုင်ငံနှင့် အက် ကွာဒေါနိုင်ငံများ၏ မြေဩဇာထက်သန်သော ပမ်းပတ်လွင်ပြင် ဒေသ၊ ဗိုလစ်ဗီးယားနိုင်ငံ၏ မြင့်မားသော ကုန်းပြင်မြင့်ဒေသ တို့သည် ထိုအပိုင်း၌ပင်ပါဝင်သည်။ မြောက်ဘက်သို့ အက်ကွာ ဒေါနိုင်ငံအတွင်း ရောက်သည့်အခါ အန်းဒီးတောင်တန်းနှစ်မြွာ သည် တောင်ရိုးတစ်ခုတည်းအဖြစ် ပြန်၍ပူးပေါင်းသွားသည်။ တောင်ရိုးနှစ်မြွာအတွင်းရှိ ကုန်းပြင်မြင့်သည်ပင် ပင်လယ်ရေပြင် ထက် ပေ ၁၂,ဝဝဝ ခန့်မြင့်သည်။ ထိုအပိုင်း တွင် အန်းဒီးတောင်ရိုးသည် နှစ်မြွာကွဲထွက်ကာ ထိုတောင်ရိုး နှစ်မြွာအတွင်း၌ မြင့်မားသော တောင်စွယ်တောင်ထွတ်များ၊ ကုန်းပြင်မြင့်များပါဝင်သည်။ ယင်းသည် အဖိုးတန်သတ္တုများ ဖြင့်ကြွယ်ဝသော အစိတ်အပိုင်းဖြစ်သည်။ ပီရူးနိုင်ငံနှင့် အက် ကွာဒေါနိုင်ငံများ၏ မြေဩဇာထက်သန်သော ပမ်းပတ်လွင်ပြင် ဒေသ၊ ဗိုလစ်ဗီးယားနိုင်ငံ၏ မြင့်မားသော ကုန်းပြင်မြင့်ဒေသ တို့သည် ထိုအပိုင်း၌ပင်ပါဝင်သည်။ မြောက်ဘက်သို့ အက်ကွာ ဒေါနိုင်ငံအတွင်း ရောက်သည့်အခါ အန်းဒီးတောင်တန်းနှစ်မြွာ သည် တောင်ရိုးတစ်ခုတည်းအဖြစ် ပြန်၍ပူးပေါင်းသွားသည်။ တောင်ရိုးနှစ်မြွာအတွင်းရှိ ကုန်းပြင်မြင့်သည်ပင် ပင်လယ်ရေပြင် ထက် ပေ ၁၂,ဝဝဝ ခန့်မြင့်သည်။ ထိုအပိုင်းတွင် အမြင့်ဆုံး တောင်ထွတ်မှာ ဆိုရားတား သို့မဟုတ် အီယမ်းပူး (ပေ၂၁,၂၇၆)၊ အီယီမားနီ(ပေ ၂၁,၁၈၄)၊ ဆာဟားမား (ပေ ၂၁,၃၉ဝ) စသည် တို့ဖြစ်ကြသည်။ ထိုအပိုင်းတွင် မီးတောင် များ ပေါများလေသည်။

Cono de Arita, Salta. (Argentina).jpg

မြောက်ပိုင်းအန်းဒီးမှ တောင်စဉ်သုံးမြွာ ခွဲ၍ထွက်ပြန် သည်။ အနောက်ဘက်တောင်စဉ်သည် ပနားမားကျွန်းဆက်အထိ ရောက်သည်။ အလယ်တောင်စဉ်သည် အနောက်ဘက်တောင်စဉ် နှင့် မြစ်ဝှမ်းတစ်ခုသာခြားသည်။ အရှေ့ဘက်တောင်စဉ်ကမူ ဗင်နီဇွဲလားနိုင်ငံထဲသို့ရောက်သည်။ မြောက်ပိုင်းအန်းဒီး၏ တောင်ရိုးသည် အလယ်ပိုင်းနှင့်တောင်ပိုင်း အန်းဒီးတောင်ရိုးများ ကဲ့သို့ မမြင့်မားလှချေ။ ထိုအပိုင်းတွင် အမြင့်ဆုံးတောင်ထွတ် သည် ဆန်တာမာတာ (ပေ ၁၉,ဝဝဝ) ဖြစ်၍ ပေ ၁၅,ဝဝဝ ကျော်သော တောင်ထွတ်များစွာလည်း ရှိလေသည်။ အန်းဒီးတောင်တန်းသည် မြင့်မားသော တောင်စဉ် တောင်ထွတ် များဖြစ်သဖြင့် ရေခဲဖုံးလွှမ်းလျက်ရှိသော တောင်ထွတ်များမှ ရေခဲမြစ်များသည် ပစိဖိတ်ကမ်းရိုးတန်းအရောက် စီးဆင်းကြ သည်။ ထိုရေခဲမြစ်များ စီးဆင်းသော ကမ်းရိုးတန်းတစ်လျှောက် သည် ရေခဲတိုက်စားမှုကြောင့် အကွေ့အကောက်များစွာရှိသည်။ ကျောက်ဆောင်နှင့် ကျွန်းစုကလေးများလည်း ထိုကမ်းရိုးတန်း တွင် ပေါများသည်။ တောင်အမေရိကတိုက်၏ အဓိကမြစ်ကြီး ဖြစ်သော အမ္မဇုန်မြစ်သည် အန်းဒီးတောင်တန်း၏ အရှေ့ဘက် တောင်စောင်း၌ မြစ်ဖျားခံသည်။ ထို့ပြင် အခြားမြစ်ကြီးနှစ်သွယ်ဖြစ်သော ပါရာနားနှင့် အောရင်နိုးကိုး တို့၏ မြစ်လက်တက်များသည်လည်း အန်း ဒီး၌ပင် မြစ်ဖျားခံ ကြလေသည်။


သဘာဝ၏ထူးခြားချက်တစ်ရပ်ကို ဗိုလစ်ဗီးယားနိုင်ငံနှင့် အာဂျင်တီးနားမြောက်ပိုင်းအတွင်း ကျရောက်သော အလယ် ပိုင်းအန်းဒီး၏ တောင်စဉ်တောင်ရိုးနှစ်မြွာအတွင်းရှိ ဒေသတွင် တွေ့ရသည်။ ထိုဒေသတွင် ကုန်းပြင်မြင့်ကြီးမှ စီးဆင်းလာသော ရေတို့သည် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့လည်းကောင်း၊ အတ္တ လန္တိတ်သမုဒ္ဒရာအတွင်းသို့လည်းကောင်း မစီးဆင်းကြဘဲ တီတီ ကာ ရေအိုင်ကြီးထဲသို့ စီးဝင်စုပေါင်းပြီးမှ တစ်ဖန် ပိုးပိုရေအိုင် အတွင်းသို့ စီးဝင်ပြန်သည်။ သို့သော် ထိုရေအိုင်၏ မျက်နှာ ပြင်သည် ယင်း၏ ထွက်ပေါက်ထက် နိမ့်သဖြင့် ထိုရေအိုင် အတွင်း စီးဝင်သောရေတို့သည် ပြင်ပသို့ပြန်၍ စီးမထွက်နိုင်ကြ ချေ။ ထိုအိုင်ရှိရေသည် အငွေ့ပျံခြင်းဖြင့်သာ ခန်းခြောက်ရ၍ တစ်ခါတစ်ရံ ရေလျှံလျှင်လည်း အနီးရှိ စိမ့်မြေပေါ်သို့ လွှမ်းမိုး သွားလေသည်။


အန်းဒီးတောင်တန်းသည် တောင်အမေရိကတိုက်၏ ရာသီဥတုကို စိုးမိုးချယ်လှယ်နိုင်သော ရာသီဥတု အဆီးအတား ကြီးတစ်ခုဖြစ်ပေသည်။ ထိုတိုက်၏ မြောက်ပိုင်းသုံးပုံနှစ်ပုံသည် အပူပိုင်းဇုံ၌တည်ရှိ၍ အရှေ့မြောက်နှင့် အရှေ့တောင်ကုန်သည် လေကို ရရှိသောဒေသဖြစ်သည်။ ထိုလေတို့သည် ပင်လယ်ရေ ပြင်ကို ဖြတ်သန်းလာကြသဖြင့် အန်းဒီးတောင်တန်း၏ အရှေ့ ဘက်တွင် မိုးသည်းထန်စွာရွာသွန်းသည်။ သို့သော် တောင်တန်း ၏ အနောက်ဘက်ရှိ ကျဉ်းမြောင်းသော ပစိဖိတ်ကမ်းရိုးတန်း တစ်လျှောက်သည် တောင်တန်း၏ မိုးကျော်ဒေသအတွင်း ကျ ရောက်နေသဖြင့် မိုးခေါင်းပါးကာ သဲကန္တာရများဖြစ်ပေါ်ရသည်။ ထို့ကြောင့် ထိုဒေသတွင် အာတားကားမား သဲကန္တာရကိုတွေ့ရ သည်။ တောင်အမေရိကတိုက်၏ သုံးပုံတစ်ပုံဖြစ်သော တောင် ပိုင်းဒေသသည် အနောက်မြောက် ဆန့်ကျင်ကုန်သည်လေတိုက် ခတ်ရာဒေသ ဖြစ်သည့်ပြင် လေပြင်းမုန်တိုင်းများကျရောက် တတ်သော ဟည်းလေးဆယ်ဒေသလည်းဖြစ်သည်။ ထိုဒေသတွင် မူ အန်းဒီးတောင်၏ အနောက်ဘက်ပိုင်း ပစိဖိတ်ကမ်းခြေဖက်၌ မိုးသည်းထန်ပြီးလျှင် တောင်တန်းကာဆီးနေသဖြင့် အရှေ့ဘက် အတ္တလန္တိတ်ကမ်းရိုးတစ်လျှောက်သည် မိုးကျော်ဒေသဖြစ်နေပြန် သည်။ ထို့ကြောင့် ထိုဒေသတွင် မိုးခေါင်းပါးသဖြင့် သမပိုင်း သဲကန္တာရဖြစ်သော ပက်တာဂိုးနီးယား သဲကန္တာရကို တွေ့ကြရ လေသည်။ အီကွေတာ၏ မြောက်ဘက်ကျရောက်သည့်အပိုင်း၌မူ အန်းဒီးတောင်တန်းသည် ရာသီဥတုရေးရာ၌ အတားအဆီးမပြု နိုင်တော့ချေ။ ကယ်ရစ်ဗျန်းပင်လယ်ကို ဖြတ်လာသော အရှေ့ မြောက်ကုန်သည်လေသည် တောင်အမေရိကတိုက်၏ မြောက် ပိုင်းကို အရှေ့ကမ်းရိုးတန်းမှသည် အနောက်ကမ်းရိုးတန်းတိုင် အောင် ချဉ်းနင်းဝင်ရောက်တိုက်ခတ်နိုင်လေသည်။ ဒဒအန်းဒီးဒဒ ဟူသောအမည်သည် ပီရူးဘာသာစကားဖြင့် ကြေးနီကို ခေါ်ဝေါ်သော ဒဒအန်းတီးဒဒ ဆိုသည့် ဝေါဟာရမှ ဆင်းသက်လာသည်ဟုဆိုကြသည်။ ကြေးနီသည် အန်းဒီးတောင် တန်းမှ အမြောက်အများထွက်သည်။ ကြေးနီအပြင် ရွှေ၊ ငွေ သံဖြူ၊ ခဲ၊ သံ၊ ပလက်တီနမ်နှင့် ပြဒါး စသောအဖိုးတန် သတ္တုများလည်းထွက်သည်။ ထိုမှတစ်ပါး သားမွေးရရှိသော တိရစ္ဆာန်မျိုးတို့နှင့် အဖိုးတန်အပင်ကြီးငယ် တို့ကိုလည်း အန်းဒီးတောင်တန်းတွင် အမြောက်အများတွေ့ရလေသည်။ အန်းဒီးတောင်တန်းသည် မြင့်မား၍မတ်စောက်သဖြင့် ဖြတ်ကျော်ရန် ခဲယဉ်းလှသည်။ တောင်ကြားလမ်းများသည် ကျဉ်းမြောင်းမတ်စောက်သည့်အပြင် တောင်ခါးပန်းများကို ကွေ့ ဝိုက်တက်ရသော လမ်းမျိုးဖြစ်သည်။ အန်းဒီးတောင်ကြားလမ်း များအနက် အကျော်ကြားဆုံးသည် ချီလီနိုင်ငံနှင့် အာဂျင်တီး နားနိုင်ငံကို ဆက်သွယ်ထားသော တောင်ကြားလမ်းဖြစ်၍ အူး စပါယားတားဟုခေါ်သည်။ ထိုတောင်ကြားလမ်းတွင် ချီလီနှင့် အာဂျင်တီးနား နှစ်နိုင်ငံနယ်ခြားသတ်မှတ်ရေး ပြဿနာ ပြီး မြောက်အောင်မြင်သည့် အထိမ်းအမှတ်အဖြစ်ဖြင့် စိုက်ထူထား သော ခရစ်တော်ရုပ်လုံးပါရှိသည့် အထိမ်းအမှတ်ကျောက်တိုင်ရှိ ၍ ငြိမ်းချမ်းရေး သရုပ်ပြကျောက်တိုင်ဖြစ်သည်။ တောင်ကြားလမ်းများသည်သာ မြင့်မားသည်မဟုတ်၊ တောင်စောင်းပေါ်တွင်တည်ထားသော မြို့များသည်လည်း ကမ္ဘာ ပေါ်တွင် အမြင့်ဆုံးအပိုင်း၌ရှိသော မြို့များဖြစ်ကြသည်။ ဘော် တွင်းမြို့တစ်မြို့ဖြစ်သော ဆဲရိုးသေပါးစကိုးသည် ပင်လယ်ရေ ပြင်မှ အမြင့်ပေ ၁၄ဝဝဝ ကျော်၌တည်ရှိသောမြို့ ဖြစ်လေ သည်။


အန်းဒီးတောင်ပေါ်ဒေသနှင့် တောင်အောက်ကို ဆက် သွယ်နိုင်ရန် လမ်းပန်းဖောက်လုပ်ရေးသည် အင်ဂျင်နီယာများ အဖို့ စွမ်းလွန်းတမံ ကြံစည်ကြိုးပမ်း ဆောက်လုပ်ခဲ့ရသော လုပ်ရပ်များ ဖြစ်ခဲ့သည်။ မြောက်အမေရိကတိုက်မှ ရော့ကီး တောင်တန်းထက်ပင် ခက်ခဲသေးသည်။ အလွန်ခက်ခက်ခဲခဲ ဆောင်ရွက်ရသော်လည်း အင်ဂျင်နီယာများသည် အန်းဒီး၏ သဘာဝအတားအဆီးများကို အနိုင်မခံ အရှုံးမပေးဘဲ မဖြစ်မနေ ကျော်လွန်နိုင်အောင် ကြိုးပမ်းခဲ့ကြသဖြင့် မီးရထားလမ်းလေးခု ကို ဖောက်လုပ်နိုင်ခဲ့ရာ ပီရူးနှင့် ဗိုလစ်ဗီးယားနိုင်ငံများရှိ ကုန်း ပြင်မြင့်များမှ အဖိုးတန်သတ္တုများကို ထုတ်လုပ်နိုင်ခဲ့သည်။ မီးရထားလမ်းလေးခုအနက် အာရိုယာမီးရထားလမ်းသည် ကမ္ဘာ ပေါ်တွင် အမြင့်ဆုံးဖြစ်ပြီးလျှင် ပင်လယ်ရေပြင်ထက် ပေပေါင်း ၁၅၈၆၅ မြင့်လေသည်။


အန်းဒီးတောင်တန်းမှ ပီရူးနိုင်ငံအရှေ့ပိုင်း မြေနိမ့်ဒေသသို့ ပေါက်ရောက်သော မော်တော်ကားလမ်းမကြီး လေးခုရှိ၍ အန်းဒီးတောင်ပေါ်ဒေသများစွာသို့ ယခုအခါ မော်တော်ကားများ လမ်းပေါက်လျက်ရှိသည်။ ထို့အပြင် ပီရူးနိုင်ငံ၌ အန်းဒီးကုန်း ပြင်မြင့်နှင့် မြေပြန့်ဒေသသို့ လေကြောင်းအဆက်အသွယ်များ လည်းရှိလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)