စစ်တောင်းမြစ်
Wikipedia မှ
| စစ်တောင်းမြစ် | |
| အရှည် | ၂၆၁မိုင် (၄၂၀ကီလိုမီတာ) |
| ဖြတ်သန်းရာဒေသ | ပဲခူးတိုင်း |
| မြစ်လက်တက်များ | .... |
| အဆုံးသတ်စီးဝင်ရာ | မုတ္တမကွေ့၊ကပ္ပလီပင်လယ်၊အိန္ဒိယသမုဒ္ဒယာ |
စစ်တောင်းမြစ်သည် ရှမ်းကုန်းမြင့်ဒေသ၏တောင်ဖက်စွန်းတွင် စတင်မြစ်ဖျားခံကာ ပဲခူးတိုင်းကို ဖြတ်သန်းစီးဆင်း၍ မုတ္တမကွေ့ထဲသို့ စီးဝင်သည်။ အရှည်အားဖြင့် ၂၆၁မိုင် (၄၂၀ကီလိုမီတာ) ရှိပြီး အနောက်ဖက် ပဲခူးရိုးမနှင့် အရှေ့ဖက် ရှမ်းရိုးမတို့ကြားရှိ မြေနှိမ့်လွင်ပြင်ဒေသတွင် စီးဆင်းသည်။ [၁]
ရေစီးသန်၍ နုန်းမြေပို့ချမှုနည်းပါးသောကြောင့် စစ်တောင်းမြစ်သည် စိုက်ပျိုးရေးကို ကောင်းစွာအထောက်အကူမပေးနိုင်ပေ။ သို့သော် ပဲခူးရိုးမမှ ထွက်ရှိသော သစ်လုံးများကို မျှောချတင်ပို့ရာတွင် အသုံးချကြသည်။
ဆက်သွယ်ရေး [ပြင်ဆင်ရန်]
သွားလာဆက်သွယ်ရေး လွယ်ကူစေရန် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တူးမြောင်းရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ဖက်ကရင်ပြည်နယ်၊ မွန်ပြည်နယ်များနှင့် ဆက်သွယ်သွားလာရေးအတွက် တည်ဆောက်ထားသည့် စစ်တောင်းတံတားလည်းရှိသည်။