ငှက်မင်းသား
| ငှက်မင်းသား | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001))[၁] |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Pericrocotus flammeus'' | ||||||||||||||
ငှက်မင်းသား၊ ငှက်မင်းသမီး အရှေ့တိုင်းနိုင်ငံများတွင် ငှက်မင်းသား၊ ငှက်မင်းသမီးဟူ သော ငှက်မျိုးများကို တွေ့ရသည်။ ထိုငှက်တို့ကို တစ်မျိုးနှင့် တစ်မျိုး ခွဲခြားမှတ်သားရန် ခဲယဉ်း၏။ ငှက်မင်းသား၏ ပါဏဗေဒအမည်မှာ 'ပီရီကရိုကိုတပ် လမ်မီယပ် အီလီဂန်' ဖြစ်သည်။ ထိုငှက်၌ လှပတင့်တယ်သော အမွှေးအတောင်များ ရှိသည်။ တစ်ကိုယ်လုံးတွင် အနီရောင် သို့မဟုတ် အဝါရောင် ပေါ်လွင်လျက်ရှိသည်။ ကိုယ်အရွယ် ၉ လက်မခန့်ရှိသည်။ ထိုငှက်မျိုးသည် မြေပေါ်သို့ ဆင်းခဲ၍ သစ်ပင်ထိပ်များတွင် သာ ကျက်စားလေ့ရှိသည်။ အအုပ်အသင်းနှင့် အစာရှာဖွေ လေ့ ရှိသည်။ ခေါင်းဆောင်ငှက်တစ်ကောင်၏ နောက်သို့ စုပြုံကာလိုက်၍ သစ်ရွက်ကြားတွင် ပိုးမွှားများကို ရှာဖွေစားတတ်သည်။
ချိုအေးသာယာစွာလည်း မြည်ကြွေးတတ်သည်။ အသိုက်ကို သစ်ကိုင်းပေါ်တွင် သစ်ကိုင်းနှင့် ရွေးမရအောင် ပြုလုပ်ထား တတ်သည်။ တစ်မြုံလျှင် ၂ ဥ သို့မဟုတ် ၃ ဥရှိသည်။ ဥမှာ ရှည်မျောမျောဖြစ်၍ အစိမ်းနုရောင်ပေါ်တွင် အညိုအစက် အပြောက်များ ရှိသည်။ မြန်မာနိုင်ငံတွင် ပေ ၆၅ဝဝ အမြင့်အထိ နေကြ၍ အချို့ နေရာတွင် ရာသီအလိုက် ပြောင်းရွှေ့နေတတ်ကြသည်။[၂]
-
Male at Jayanti in Buxa Tiger Reserve in Jalpaiguri district of West Bengal, India.
-
Female at Jayanti in Buxa Tiger Reserve in Jalpaiguri district of West Bengal, India.
-
Female at Jayanti in Buxa Tiger Reserve in Jalpaiguri district of West Bengal, India.
-
Male at Jayanti in Buxa Tiger Reserve in Jalpaiguri district of West Bengal, India.
-
Female at Jayanti in Buxa Tiger Reserve in Jalpaiguri district of West Bengal, India.
ကိုးကား [ပြင်ဆင်ရန်]
- ↑ Template:IUCN2006 Database entry includes justification for why this species is of least concern
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)