ငှက်ကုလားအုတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ငှက်ကုလားအုတ်
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 LC.svg
Least Concern
(IUCN Red List Ver.3.1 (2001))
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Aves]]
မျိုးစဉ် [[Struthioniformes]]
မျိုးရင်း [[Struthionidae]]
မျိုးစု [[Struthio]]
မျိုးစိတ် '''''S. camelus'''''
ဒွိနာမ
''Struthio camelus''

ငှက်ကုလားအုတ် သည် အာဖရိက တွင်နေထိုင်သည့် ကြီးမားသည့် ငှက်ကြီးများ ဖြစ်သည်။ ငှက်ကုလားအုတ်တို့သည် အသက်ရှင်လျှက် ရှိနေသေးသော ငှက်တို့ထဲတွင် အကြီးဆုံး ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ငှက်များထဲတွင် အကြီးဆုံးဥ ရှိသည်။ ငှက်ကုလားအုတ်များသည် မပျံသန်းနိုင်ကြပေ။ သို့သော်လည်း လျှင်မြန်စွာ ပြေးနိုင်ကြသည်။ ငှက်ကုလားအုတ်တို့သည် Struthioniformes မျိုးစစ်တွင် ပါဝင်သည်။

ငှက်ကုလားအပ်ကို ပျံနည်းမေ့သောငှက်ဟု အမည်ပေးလျှင် မှားမည်မဟုတ်ချေ။ ငှက်ကုလားအုပ်တွင် ရှိသော တောင်ပံ တို့မှာ အလွန်သေးငယ်ကြသဖြင့် အခြားငှက်များကဲ့သို့ လေထဲ ၌ မပျံသန်းနိုင်ချေ။ သို့ရာတွင် သမိုင်းမတင်မီ ခေတ်အခါက ထိုငှက်မျိုးတွင် သန်စွမ်းသော တောင်ပံများရှိသဖြင့် လေထဲတွင် အခြားငှက်များနည်းတူ ပျံသန်းနေကြမည်ဟု တွေးတောရပေ သည်။ ငှက်ကုလားအုပ်သည် အကောင်ကြီး၍ အလွန်သန်မာ သဖြင့် နှောင့်ယှက်မည့်ရန်သူ နည်းပါးသောကြောင့်၎င်း၊ အစာ ရေစာကို ခရီးဝေးသို့ သွားရောက်မရှိမဖွေရဘဲ လွယ်လင့်တကူ နှင့် ရနိုင်သောကြောင့်၎င်း၊ အတောင်ပံများကို အသုံးနည်းလာ သည်။ သို့ဖြစ်၍ ယခုအခါ မပျံသန်းနိုင်တော့ဟု ယူဆရလေ သည်။ ငှက်ကုလားအုပ်သည် ပျံသန်းနည်းကို မေ့ပြီဟုဆိုရ မည်ဖြစ်သော်လည်း အလွန်သန်မာ တောင့်တင်းသော ခြေများ ရှိသဖြင့် အပြေးမြန်သော အာရပ်မြင်းကိုပင် ကြောအောင် ပြေးနိုင်လေသည်။

ကမ္ဘာပေါ်တွင် ယခုအခါ၌ တွေ့သော ငှက်တို့တွင် ငှက် ကုလားအုပ်သည် အကြီးဆုံးငှက်မျိုး ဖြစ်သည်။ အာဖရိက တိုက်နှင့် အာရေဗျနိုင်ငံတွင်ရှိသော သဲကန္တာရများသည် ငှက် ကုလားအုပ်တို့၏ မူလ ကျက်စားရာဒေသ ဖြစ်ပေသည်။ ထိုသဲကန္တာရများတွင် ငှက်ကုလားအုပ်များကို မြင်းကျားနှင့် အန္တိလုပ်ခေါ် တောဆိတ်အုပ်များထဲ၌ တစ်ခါတစ်ရံ ထူးဆန်းစွာ တွေ့ရတတ်သည်။ အများအားဖြင့် ငှက် ကုလားအုပ်များသည် အဖိုတစ်ကောင်နှင့် အမ ၅ ကောင်မှ ၆ ကောင်အထိ ပါဝင်သော အုပ်များဖွဲ့၍ နေလေ့ရှိကြသည်။ ငှက်ကုလားအုပ်တွင် တောင်ပံနှင့် အမြီးဟူ၍ မည်မည်ရရ မရှိချေ။ ကျောကုန်းကလည်း မို့မောက်နေသည့်အပြင် ရှည်လျား၍ ကောက်နေသော လည်တံသည်လည်း အထက်သို့ ထိုး ထွက်နေ၏။ ထို့အပြင် သန်မာသောခြေတံရှည်များကြီးများ ရှိသည်။ ထို့ကြောင့် ငှက်ကုလားအုပ်ကို တကိုယ်လုံးခြုံ၍ကြည့်လိုက်လျှင် ငှက်စင်စစ်ဖြစ်သည်ဟု မဆိုသာနိုင်အောင် အဆစ်အပိုင်းများ ပြေပြစ်ချောမောခြင်း မရှိချေ။ အရွယ်ရောက်သော ငှက်ကုလား အုပ်ဖို၏ အရပ်အမောင်းမှာ အရပ်ရှည်ရှည် လူတစ်ယောက် ထက်ပင် မြင့်မားသည်။ ငှက်ကုလားအုပ်သည် ခြေဖျားမှ ဦးစွန်းတိုင်အောင် ၇ ပေမှ ၈ ပေအထိ ရှိ၍ ကိုယ်အလေး ချိန်မှာ ပေါင် ၁၅ဝ မှ ပေါင် ၃ဝဝ အထိ ရှိသည်။ ငှက် အဖို၏ ကိုယ်မှာ မည်းနက်သော အမွှေးအတောင်တို့ ဖုံးအုပ်နေ သည်။ အလွန်သေးငယ်သော အတောင်ပံနှင့် အမြီးတို့မှာ ဆွတ် ဆွတ်ဖြူသည်။ တောင်ပံမွှေးနှင့်အမြီးတို့မှာ အလွန် လှပသဖြင့် လူတို့သည် ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲကြသည်။ ငှက်ကုလားအုပ်၏ ထူးခြားချက်တရပ်မှာ ခြေချောင်း ၂ ခု သာ ပါရှိခြင်း ဖြစ်သည်။ သို့ရာတွင် နေရင်းအရပ်ဖြစ်သော သဲကန္တာရပေါ်တွင် အလွန်မြန်စွာပြေးနိုင်သော ခြေဖဝါးများ ရှိသည်။ လမ်းလျှောက်နေသည့်အခါ ငှက်ကုလားအုပ်သည် လူများဟန်လုပ်၍ လှမ်းသကဲ့သို့ တစ်လှမ်းချင်း စိပ်စိပ်နှင့် မှန်မှန်လှမ်း၍ သွားတတ်သည်။ ပြေးရမည်ဆိုလျှင် တစ်နာရီ လျှင် မိုင် ၃ဝ ကျော်နှုန်းဖြင့် ပြေးနိုင်စွမ်းရှိသည်။ ငှက်ကုလား အုပ်မတို့တွင် ညို မှိုင်းမှိုင်း အမွှေးအတောင်ရှိ၍ အဖိုတို့လောက် အရပ်မမြင့်ချေ။ အဖိုတို့ထက် အမများသည် စိတ်ကောင်းပို၍ ရှိလေသည်။ အဖိုတို့သည် အမများ ကိုယ့်ဖက်ပါအောင် မြူ ရာမှအစ အချင်းချင်း သတ်ပုတ်တတ်ကြသည်။ အမများသည် သဲကို ယက်ကော်ထုတ်ထားသော အသိုက် ကျင်းတစ်ခုထဲ၌ ၅ ကောင်ဖြစ်စေ၊ ၆ ကောင်ဖြစ်စေ ဝိုင်း၍ အုချကြသည်။ တစ်ခါတစ်ရံ အမတစ်ကောင်က နေ့အခါ၌ ဥများပေါ်တွင် ဝပ်လေ့ရှိ၏။ သို့သော် အများအားဖြင့် အမတို့ သည် ဥများကို အုချပြီးနောက် အကောင်များ ပေါက်လာအောင် ဂရုတစိုက်နှင့် ဥများပေါ်တွင် ဝပ်နေလေ့ မရှိကြချေ။ သဲကန္တာရ တွင်း ဖြစ်သည့်အလျောက် နေပူရှိန်ပြင်းပြလွန်း၍သာ ဥများမှ အကောင်ငယ်များ ပေါက်လာကြလေသည်။ အမအများပိုင် ဥကျင်းတစ်ကျင်းထဲတွင် ဥပေါင်း ၂ဝ ကျော် ၃ဝ အထိ ရှိတတ်သော်လည်း ပေါက်ခါ စငှက်ကလေးတို့အား ဥများကိုခွဲ၍ ကျွေးမွေးလေ့ရှိသဖြင့် တမြုံတွင် အကောင်လေးပေါင်း ၂ဝ ထက်ပို၍ မရှိကြချေ။ ညတွင် အစာရှာထွက်လေ့ရှိသော ခွေးအ ကဲ့သို့ သားရဲတို့၏ ရန်ကို စိုးရိမ်ရသဖြင့် ငှက်ကုလားအုပ် အဖိုသည် ဥများပေါ်၌ တညလုံးဝပ်၍ စောင့်ရှောက်လေသည်။ ငှက်ကုလားအုပ်သည် ကြက်ဥထက် ၁၈ ဆခန့် အရွယ်ရှိ၍ ဥတစ်လုံးတစ်လုံးလျှင် ၃ ပေါင်ခန့် လေးသည်။ ဥများမှာ စား ကောင်းသောလည်း မိနစ် ၄ဝ မျှကြာအောင် ပြုတ်မှ ကျက် သည်။

ငှက်ကုလားအုပ်အဖိုသည် ငှက်မနှင့် ငှက်ကလေးတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သည်။ သူတို့အား နှောင့်ယှက်လျှင် အလွန်သန်မာသော ခြေတို့ဖြင့် ရှေ့သို့ဖြစ်စေ၊ ဘေးသို့ဖြစ်စေ ကန်ကျောက်တတ်သည်။ လူပင်ဖြစ်စေ၊ မြင်း ပင်ဖြစ်စေ ယင်းသို့ အကန်ခံရလျှင် သေတတ်သည်။ မိတ် လိုက်ချိန်၌ အဖိုသည် လည်တံကိုပွလာစေ၍ နှုတ်သီးကို ကျပ် တည်းစွာ ပိတ်လျက် နွားသိုးအော်သံကဲ့သို့ အော်တတ်သည်။ ငှက်ကုလားအုပ်များကို ခရစ် ၁၈၅ဝ ပြည့်နှစ်လောက်မှစ၍ လူတို့ မွေးမြူထားကြသည်။ ထိုစဉ်အခါက အာဖရိကတိုက် မြောက်ပိုင်းရှိ ပြင်သစ်ပိုင် အယ်လဂျီးယားနယ်နှင့် အအင်္ဂလိပ်ပိုင် တောင်ပိုင်းနယ်များတွင် ငှက်ကုလားအုပ်တို့ကို အမွှေးအတောင် များအတွက် မွေးမြူကြလေသည်။ ယခုအချိန်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဩစတြေလျတိုက်များ၌ ငှက်ကုလားအုပ် မွေးမြူသည့် လုပ်ငန်းထွန်းကားလျက်ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် ကာလီဖိုးနီးယား၊ အယ်ရီဇိုးနား၊ တက်ဆက် နှင့် ဖလောရီဒါပြည်များ၌ ထိုငှက်များကို မွေးမြူကြသည်။ ငှက်ကုလားအုပ်ကိုယ်မှ အကောင်းဆုံး၊အလှဆုံးအမွှေးအတောင် တို့ကို တစ်နှစ်လျှင် နှစ်ကြိမ်ကျ ညှပ်လေ့ရှိသည်။ ယင်းတို့ အမွှေးအတောင် တို့ကို ညှပ်ယူပြီးနောက် မကြာမီအတွင်း အမွှေး သစ်များ ထွက်လာပြန်သည်။ ဥမှ ပေါက်ခါစငှက်ကလေးမှာ ကြက်မတန်းကလေး အရွယ် ရှိ၍ ၆ လအတွင်း အရွယ်ရောက်သည့် ငှက်ကြီးနီးပါးအထိရှိလာ သည်။ ၆ လသားအရွယ် ငှက်များမှ အမွှေးအတောင်များ ညှပ်ယူ ရရှိနိုင်သော်လည်း ငှက်မတို့သည် အသက် ၄ နှစ်ခန့် ရှိမှ အရွယ်ရောက်ရှိလာသည်။ ငှက်ကုလားအုပ်အချို့သည် အနှစ် ၁ဝဝ အထိပင် အသက်ရှည်ကြသဖြင့် ငှက်ကုလားအုပ် သည် အလွန်သက်တမ်းရှည်သော ငှက်မျိုးဖြစ်သည်ဟု ဆိုရပေ မည်။ ငှက်ကုလားအုပ်ကဲ့သို့ မပျံတတ်သော အခြားငှက်မျိုး များမှာ တောင်အမေရိကတိုက်၌ တွေ့ရသော ရီးငှက်၊ အမေ ရိကန် ငှက်ကုလားအုပ်၊ ဩစတြေလျတိုက်၌ တွေ့ရသော အီးမျူးနှင့် ကက်ဆွေရီငှက်မျိုးတို့ ဖြစ်ကြသည်။ ငှက်ကုလား အုပ်၊ ရီးနှင့် အီးမျူးငှက်တို့မှာ လွင်ပြင်များတွင် ကျက်စား၍ ကက်ဆွေရီငှက်မှ သစ်တောများ၌ ကျက်စားလေသည်။ [၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)