ငွေတစ်ပဲနှင့် ငါးကြင်းခေါင်း ကိုင်

ဝီကီပီးဒီးယား မှ

ငွေတစ်ပဲနှင့် ငါးကြင်းခေါင်း ကိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငွေတစ်ပဲလောက် ရှိကာမျှနှင့် တန်ဖိုးကြီးသော ငါးကြင်းခေါင်းကို ဝယ်ရန် ကြံသူကဲ့သို့ မဖြစ်စလောက် အခြေအနေနှင့် အကြီးအကျယ်ကိုမှ မှန်းသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ငွေ လေးရွေးနဲ့ ငါးကြင်းခေါင်း ကိုင်ဆိုသလို သည်မြို့သူ အဖူးအနုကလေးနဲ့ မင်းလို အရူးတောသားနဲ့တော့ ..." [၁၂၇၉] သူရိယ၊ ၁၊ ၇။ ၃၁။
  • "ကိုယ်စွမ်းကိုယ်စမရှိသူ ငွေတစ်ပဲနှင့် ငါးကြင်းခေါင်း ကိုင်လို၍ကား မဖြစ်နိုင်ပေ။ ငါးကြင်းခေါင်းတန်ဖိုးနှင့် ညီမျှသော ငွေကို ရှာဖွေရမည်သာ ဖြစ်ပေသည်။" [၁၃၃၆] ဘဝတိုက်ပွဲ။ ၆၅။

ဆိုလိုရင်းတူညီသောအခြားစကားပုံ[ပြင်ဆင်ရန်]

  • ငွေတစ်ပဲနှင့် ပုလဲကုံးကိုဆိုင် ဟူ၍လည်း အသုံးရှိသည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. ၅၇။