ငုံးဆူ လူမသိ

ဝီကီပီးဒီးယား မှ

ငုံးဆူ လူမသိ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငုံးသည် ဆူဆူညံညံ အော်မြည်တတ်သော်လည်း အကောင်သေးငယ်သည့်အပြင် မမြင်သောအောင် ပုန်းအောင်းနေတတ်၍ ငုံးဆူသံကို လူတို့မသိသကဲ့သို့ မိမိရင်တွင်း၌ ပူပင်သောက ဆူဝေနေသော်လည်း ပိပိရိရိ နေခြင်းဖြင့် အများက မသိနိုင်ပေ။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ပြီးခဲ့သော ကိစ္စများကိုသာ အဖန်တလဲလဲ စားမြုံ့ပြန်ရင်း ငုံးဆူ လူမသိ အုံ့ပုန်းပူမိလျက်သာ အောင့်သက်သက် ဝေဒနာကြီးကို အစွမ်းကုန် ခံစားနေရပါတော့သည်။" [၁၃၁၀] ဂျာနယ်ကျော်၊ ၁၃၊ ၄။ ၉။
  • "စွဲလမ်းတဲ့စိတ်နဲ့ အတွင်းကျိတ် ပူရသူမှာတော့ ငေါင်းဆူ လူမသိဆိုတာလို ရွက်အုပ်သီး အပူမိနေတာများ နည်းနည်းမှ မရိပ်မိရော့လေသလား။" [၁၂၉၄] ဒဂုန်၊ ၁၄၂။ ၁၁၇။

ဆိုလိုရင်းတူညီသောအခြားစကားပုံ[ပြင်ဆင်ရန်]

  • ငေါင်းဆူ လူမသိ ဟူ၍လည်း အသုံးရှိသည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၆။