ဂါထာပေး တေးဖြစ်

ဝီကီပီးဒီးယား မှ

ဂါထာပေး တေးဖြစ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဂါထာမန္တန်ကို တွေ့ရာလူအား ပေးမိရာ ရသူများက အလွယ်တကူရသောကြောင့် ပေါ့ပေါ့တန်တန် ရွတ်ဆိုသဖြင့် တေးအဖြစ် ရောက်ရသကဲ့သို့ တန်ဖိုးရှိသော အရာကို တွေ့ရာလူအား ပေးမိရာ အလွယ်တကူ ရခြင်းကြောင့် တန်ဖိုးမရှိ ဖြစ်သွားသည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ဂါထာ သူတကာပေး တေးဖြစ် ဟူ၍လည်း အသုံးရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "စိတ်လေးပြီး မယုံမကြည်မရှိနှင့်။ ဂါထာပေး တေးဖြစ် ဆိုတဲ့ စကားလို သူတစ်ပါးကိုလည်း နည်းမပြလေနှင့်။" [၁၂၇၈] တင်မြ၊ ဒု။ ၉၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၆